Headlines

ချင်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်တွေကို ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေး အကြောင်း တရားဒေသနာဟောကြားပေးဖို့ CPRI က မေတ္တာရပ်ခံ

ဇူလိုင်လ ၁၂ ရက်။

ချင်းခရစ်ယာန်ဓမ္မအမှုတော်ဆောင် တွေအနေနဲ့ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေး အကြောင်း ဦးတည်တဲ့ တရားဒေသနာ ဟောပေးကြဖို့ကိုအမေရိကန်နိုင်ငံက Chin Peace and Reconciliation Initiatives ( CPRI ) အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။

လက်တလောမှာ ချင်းလူမျိုးနွယ်စုအချင်းချင်းကြား ပဋိပက္ခတွေကြီးထွားပြီး သွေးထွက်သံယို အခြေအနေမျိုးမှာ ရှိနေတာကြောင့် ချင်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စည်းလုံးမှု ဘက်ကို ဦးတည်တဲ့ တရားဒေသနာဟောကြားပေးဖို့ CPRI ကနေ တောင်းဆိုထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေကြား အငြင်းပွားဖွယ်ဖြစ်စေနိုင်တဲ့ အွန်လိုင်းပေါ် တင်တာတွေ လုပ်တဲ့သူတွေ အနေနဲ့လည်း မတင်ကြတော့ဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံပေးဖို့ကိုလည်း ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တွေဆီကို CPRI က အကူညီတောင်းခံထားပါတယ်။

Chin Peace and Reconciliation Initiatives(CPRI) အဖွဲ့ဟာ အမေရိကန်နိုင်ငံက ချင်းဘာသာရေးအဖွဲ့အစည်း ၉ ဖွဲ့မှ ချင်းလူမျိုးများကြား ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ စည်းလုံးညီညွှတ်ရေးကို ဦးထိပ်ထားကာ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဖလမ်းမြို့နယ်မှာ ဇူလိုင်လ ၂ ရက်နေ့ကစလို့ ချင်းညီနောင်အဖွဲ့ဝင် CNO / CNDF နဲ့ Chinland Council အဖွဲ့ဝင် HPO/ CDF – Hualngoram , CNF/CNA တို့အကြား နယ်မြေသိမ်းပိုက်မှု အပြန်အလှန်ရှိခဲ့ပြီးတဲ့နောက် စစ်ရေးတင်းမာနေကြတဲ့ အခြေအနေမှာ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *