

ဇူလိုင်လ ၁၀ ရက်နေ့မှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress (NCC)) ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာများရဲ့ ဖော်ပြချက်များအရ သိရှိရပါတယ်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ကို မှတ်ပုံတင်ခွင့်ပြုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ကြေညာချက် အမှတ် (၂/၂၀၂၅) ဖြင့် ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုတယ်လို့ ဖော်ပြထားကာ NCC ပါတီ ရဲ့ ပါတီမှတ်ပုံတင် အမှတ်ဟာ(၅၇) ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။
မေလ ၂၆ နေ့မှာ ပါတီတည်ထောင်ခွင့် ရရှိခဲ့တဲ့ ချင်းပြည်သစ် ကွန်ဂရက်ပါတီ (NCC Party) ကို ဇွန်လ ၉ ရက်နေ့မှာ ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်ပြီး နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထား ခဲ့ကာ ၁ လ အကြာ ဇူလိုင် ၁၀ ရက်နေ့မှာ ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ မှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ပါတီစုံ အထွေထွ ေရွေးကောက်ပွဲကို ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီတို့က ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

