
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းတပ် – မတူပီ လမ်းမှာ မြေပြိုပျက်စီးခဲ့တဲ့ လမ်းပိုင်း တွေကို ပြုပြင်ပြီးစီးသွားပြီဖြစ်လို့ ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ကစလို့ ပြန်အသုံးပြုလို့ ရပြီလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မင်းတပ် – မတူပီ လမ်းမကြီးဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းတွေ မြေပြိုပျက်စီးခဲ့ပြီး ပျက်စီးခဲ့တဲ့ လမ်းတွေကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၈ ရက်နေ့ကစလို့ စက်ယန္တရားတွေနဲ့ ပြုပြင်ဆောင်ရွက်ခဲ့ပြီး လမ်းပြုပြင်ဆောင်ရွက်နိုင်ဖို့ကိုလည်း ဇွန်လ ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ဟာကို ပြန်ပယ်ဖျက်လိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။
ချင်းပြည်နယ်မှာ မိုးတွင်းကာလအတွင်း ကားလမ်းတွေမြေပြိုတာ လမ်းပျက်စီးတာတွေကြောင့် မကြာခဏ လမ်းတွေပိတ်ထားရလေ့ ရှိပါတယ်။