Headlines

မေလ အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ချင်းပြည်နယ်က အမျိုးသမီး ၁ ဦးအပါဝင် အမျိုးသမီး ၉၂ ဦးသေဆုံးခဲ့ရတယ်လို့ BWU ထုတ်ပြန်

ဇွန်လ ၆ ရက်။

စစ်ကောင်စီ လက်ချက်ကြောင့် ၂၀၂၅ ခုနှစ် မေလ ၁ လအတွင်း ချင်းပြည်နယ်က အမျိုးသမီး ၁ ဦးအပါအဝင် မြန်မာနိုင်ငံတ၀န်းက အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ဇွန်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မေလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၈၁ ယောက်အထိ သေဆုံးခဲ့ရပြီး ၇၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့်လည်း ၄ ဦးအထိ သေဆုံးခဲ့ကာ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်တာတွေက သတ်ဖြတ်ခံရတာ အကျဉ်းထောင်အတွင်း ဆေးဝါးကုသခံယူခွင့်မရလို့ သေဆုံးတာတွေအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး သတ်ဖြတ်ခံရတာတွေဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ သုတေသန ပြုလုပ်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ စုစုပေါင်း ၈၁ ဦးခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစလို့ ၄ နှစ်တာကာလအတွင်း စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်ခဲ့သလို မေလတွင်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ယခင်ကထက်ပိုမို အသုံးပြုခဲ့တာတွေကြောင့် အမျိုးသမီး ၉၂ ဦးအထိ သေဆုံးခဲ့ရတာလို့ BWU က ဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ ထုတ်ပြန်တဲ့ အချက်အလက်ဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာ အချက်အလက်တွေနဲ့ မြေပြင်ကရရှိတဲ့ အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ပြတာဖြစ်ပြီး လက်တွေ့မြေပြင်မှာ ယခုထက် ပိုများနိုင်တယ်လို့လည်း ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *