Headlines

ချို့ယွင်းမှုလေးတွေရှိတာကြောင့် ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ ထိုးစစ်ဆင်တာတွေ နားထားတယ်လို့ CNF ပြော

ဇွန်လ ၃ ရက်။

ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ ချို့ယွင်းမှုလေးတွေရှိတာကြောင့် လက်ရှိ ထိုးစစ်ဆင်တာတွေကို နားထားတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့တပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဆော်လမွန်က The Zotung Post မီဒီယာနဲ့မနေ့ဇွန်လ ၂ ရက်ကပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့တွေ နှစ်နဲ့ချီလောက်အောင် တိုက်ပွဲဖော်ဆောင်တဲ့ခါကြတော့ ကျနော်တို့နယ်မြေစိုးမိုးထား တာတွေလည်း သူတို့ပြန်ပြန်စိုးမိုးတဲ့ခါကြတော့ အထူးသဖြင့် ကျနော်တို့ CNA ကသိတဲ့အတိုင်း ဟိုးပလက်ဝမှာလည်းသွားရတယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ နောက် တွန်းဇံ နောက် ကလေးကဘော် နောက် မကွေး အဲဒီနေရာတွေထိဆိုတော့ ကျနော်တို့တွေလည်း အဲ့ထန်တလန်ကိုထိန်းနိုင်ဖို့က တာ်တော်ပြန်ပြီးချို့ယွင်းမှုလေးတွေရှိတဲ့အခါကြတော့ ထန်တလန်ကို အခုအခြေအနေမှာ နားထားတယ်လို့ဘဲဖြေပါရစေ” လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)က ဗိုလ်မှူးကြီးဆော်လမွန်က ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ထန်တလန်မှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့က မြို့ပေါ်ရှိ အရပ်သားပြည်သူနေအိမ် အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မြို့ခံအရပ်သားပြည်သူတွေလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့တခြားဘေးလွတ်ရာကိုစစ်ဘေးရှောင်ခဲ့ကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *