
အိိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့တဲ့ TPCE မူကြိုကျောင်းမှာဘဲ ဝှက်ထားတဲ့ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားတွေနဲ့ ငွေသားတချို့ ထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ Hualngoram Peoples Organizaion(HPO) / CDF – Hualngoram က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က TPCE Nursery School မှာ ကျောင်းအုပ် ဦးငွန်ဆွီးထန် နဲ့ ဇနီးဖြစ်သူ ဒေါ်တွန်ကိမ်သျှမ်း ထံကနေ ဘိန်းဖြူဆပ်ပြာဗူး (၄၂၇) ဗူးကို HPO က ဖမ်းဆီးရမိခဲ့ပြီး အဲဒီကျောင်းမှာ ကျောင်းအပ်နှံခဲ့တဲ့ ကျောင်းသားမိဘတစ်ချို့တောင်းဆိုချက်အရ အမှုတော်ဆောင်များ အသိသတ်သေများရှေ့မှောက် ကျောင်းအပ်နှံတဲ့ ငွေစာရင်းတွေရှာဖွေ ဆောင်ရွက်ရာတွင် နေအိမ်အတွင်းဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၆၀၀၀ ပြားနဲ့အတူ မူးယစ်ဆေးရောင်းချရာမှ အသုံးပြုတဲ့ ရူပီးငွေ – ၅၁၀၀၀ နှင့် ကျပ်ငွေ – ၂၆၇၄၀၀၀ တို့ကို ထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
TPCE Nursery School ကို ဟွာလ်းငိုရမ်းဒေသန္တရအစိုးရက ချိတ်ပိတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မူးယစ်ဆေးဝါးတရားခံ ကျောင်းအုပ် ဦးငွန်ဆွီးထန်ကို ဖမ်းဆီးရရှိရေးအတွက်လည်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ ၊ YMA အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း HPO က ဆိုပါတယ်။
HPO/CDF – Hualngoram အနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို တက်နိုင်တဲ့ဘက်က ကာကွယ်တိုက်ဖျက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမှာ ပါဝင်အားဖြည့်ကူညီကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။