Input your search keywords and press Enter.

အဓမ္မတွေကို တွန်းလှန်ခဲ့တဲ့ Civil Disobedience Movement သမိုင်းကြောင်း

အဓမ္မတွေကို တွန်းလှန်ခဲ့တဲ့ Civil Disobedience Movement သမိုင်းကြောင်း

Dr. Lian H. Sakhong
Chin World Media
February 12, 2021

(ဤဆောင်းပါးသည်- ဒေါက်တာဆလိုင်းလျန်မှူန်းဆာခေါင်းမှ ချင်းဘာသာဖြင့် ရေးသားထားမှုအား မြန်မာဘာသာသို့ ပြန်ကာ ဖော်ပြခြင်းဖြစ်သည်။ ဆလိုင်းလျန်မှူန်းသည် ချင်းကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ခဲ့ပြီး၊ ပြည်တွင်းနှင့် လွတ်မြောက်နယ်မြေများတွင် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တလျှောက်လုံးပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ လက်ရှိတွင် UPDJC ဟုခေါ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေမှု ပူးတွဲကော်မတီတွင် ဒုဥက္ကဌအဖြစ် ပါဝင်နေသူလည်း ဖြစ်သည်။ အယ်ဒီတာ)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ “Civil Disobedience Movement (CDM)” မှာ ပါဝင်လှုပ်ရှားနေသူအားလုံးကို လေးစားဂုဏ်ယူပါတယ်။

Henry David Thoreau (1817-1862) က CDM လှုပ်ရှားမှုကို ၁၈၄၉ မှာ အစပြုခဲ့ပါတယ်။ သူပြောခဲ့တာက “Disobedience of Unjust Law” (မတရား၊ မမှန်ကန်တဲ့ ဥပဒေဟူသမျှကို ဆန့်ကျင်ကြ) ဖြစ်ပါတယ်။ လူထုကို နှိပ်ကွပ်မှု၊ ကျွန်ပြုမှု၊ လူ့အခွင့်အရေးကို ဥပက္ခောပြုမှု၊ လွတ်လပ်မှုကို ဖျက်ဆီးစေတဲ့၊ ဥပဒေ၊ အမိန့်ဟူသမျှကို ဆန့်ကျင် ဖျက်ဆီးကြဖို့ကို ဆော်သြော်ခဲ့ပါတယ်။

မဟတ္တမဂန္ဒီ (1869-1948) က “Civil Disobedience” ကို “စက္ကရဂရာဟာ (Satyagraha) လို့ သုံးနှုံးပါတယ်။ သူက ဒီလှုပ်ရှားမှုကို အကြမ်းဖက်ပဲနဲ့ မပူးပေါင်း၊ မဆောင်ရွက်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ စက္ကရဂရာဟာဆိုတာက “စိတ်ဝိညာဉ်ရဲ့တွန်းအား” နဲ့ “မှန်ကန်ခြင်းတွန်းအား” ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့- စိတ်ဝိညာဉ်ရဲ့ ခွန်အားနဲ့ အမှတ်တရားဆီကို အရောက်သွားမယ့်လမ်းဖြစ်ပါတယ်။ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ “ဖြောင့်မတ်မှန်ကန်ခြင်းသည် သင့်အားလွတ်မြောက်စေလိမ့်မည်” ဆိုတာနဲ့ အတူတူဖြစ်ပါတယ်။ ဂန္ဒီကြီးပြောခဲ့တာက- မတရား၊ မဖြောင့်မတ်တဲ့ အုပ်ချုပ်သူတွေနဲ့ လွတ်အောင်နေပြီး၊ မပူးပေါင်းကြဖို့ဖြစ်ပါတယ်။ ဒါကြောင့် မတရားတဲ့ အုပ်ချုပ်သူတွေကို ဆန့်ကျင်ဖို့အတွက်- သူတို့ကို အခွန်မဆောင်ခြင်း၊ ရုံးမသွားခြင်း၊ ခိုင်းတာတွေမလုပ်ခြင်းစတာတွေ ဖြစ်ပါတယ်။ လူထုလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြစဉ်မှာ- ကျောင်းပညာသင်ကြားမှုကိုလည်း ခေတ္တဆိုင်းငံ့သင့်တယ်လို့ သူပြောပါတယ်။ ဒါကြောင့် ဂန္ဒီကြီးမှာခဲ့သလိုပဲ လက်ရှိမြန်မာနိုင်ငံက စစ်အာဏာရှင်အစိုးရကိုလည်း ရုံးမတက်ခြင်း၊ အခွန်မပေးခြင်းစတာတွေနဲ့ မပူးပေါင်း၊ မကူညီပဲ ဆန့်ကျင်ကြပါလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

Martin Luther King, Jr. (1929-1968) က CDM လှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့ပါသေးတယ်။ မာတင်လူသာကင်းတွန်းလှန်ခဲ့တာက အမေရိကန်ပြည်ထောင်စုမှာ လူဖြူ၊ လူမည်း ခွဲခြားမှုနဲ့ လူသားအချင်းချင်း သာတူညီမျှဆက်ဆံခံရရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ ဘုရားသခင်က လူသားအားလုံးကို သူ့သဏ္ဍာန်တော်နဲ့အညီ ညီတူညီမျှ ဖန်ဆင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ လူမည်းတွေဟာလည်း လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေးသာတူညီမျှ ခံစားကြရမှာဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ သူ့ဆိုလိုရင်းနဲ့ နှိုင်းပြီးပြောရရင်- ပြည်ထောင်စုမြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး (ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်း..စသည်ဖြင့်) တွေဟာ ဗမာလူမျိုးတွေနဲ့ သာတူညီမျှ အခွင့်အရေးခံစားကြရမှာ ဖြစ်ပါတယ်။ လွတ်လပ်မှုခံစားရပြီး၊ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့် အပြည့်အဝရရှိရမယ့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်တွေဖြစ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်လ်နိုင်ငံကို တည်ထောင်နိုင်ပြီး၊ ပျောက်ဆုံးနေတဲ့ ကျနော်တို့တတွေရဲ့ ရပိုင်ခွင့်တွေကို ပြန်ရရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခု ကျနော်တို့အားလုံး ပါဝင်လှုပ်ရှားနေကြတဲ့ CDM ကို ခိုင်မာတဲ့ စိတ်ဓါတ်၊ ပြင်းပျတဲ့ဇွဲလုံ့လနဲ့ မကြောက်မရွံ့အားလုံးအတူတကွ ပါဝင်ကြဖို့လိုပါတယ်။ ဘုရားသခင်က လူသားအားလုံးကို တူညီစွာဖန်းဆင်းပေးခဲ့သလို၊ ဘုရားသခင်ပေးတဲ့ တူညီတဲ့ လူ့အခွင့်အရေးကိုလည်း မရှေးမနှောင်းမှီမှာ ရရှိဖို့ တွဲလက်မဖြုတ်ပဲ တိုက်ပွဲဝင်ကြဖို့ လိုပါတယ်။ အောင်ပွဲက မဝေးသော အနာဂတ်ဆီမှာပါ။