ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာစခန်းထိုင်ပြီး တောင်ပေါ်ဒေသနဲ့ မြေပြန့် ချိတ်ဆက်တဲ့ လမ်းတွေကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားလာတယ်လို့ CNF ပြော

မတ်လ ၂၅ ရက်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က အဓိကကျတဲ့ လမ်းလေးခုဆုံရာ ရှောက်ပင်အောင်မြင်ရွာမှာ စစ်တပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကစလို့ စစ်ကြောင်းထိုးလာပြီး အမာခံ ဘန်ကာတွေဆောက်ကာ စခန်းထိုင်တာတွေဟာ တောင်ပေါ်နဲ့ မြေပြန့် စစ်ရေးချိတ်ဆက်ပြီး လမ်းမကြီးတွေကို ပြန်လည်ထိန်းချုပ်ချင်လို့ အခုလိုလုပ်လာတာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ ေ ပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “တောင်ပေါ်နဲ့ မြေပြန့်မြေပြင်စစ်ရေးချိတ်ဆက်ပြီး လမ်းမကြီးတွေကို ပြန်လည်ထိန်းချုပ်ချင်တယ် အဓိက နယ်မြေစိုးမိုးရေးပေါ့ အခုလိုလုပ်တာက ကုန်စည်စီးဆင်းမှုတွေကို ကန့်သတ်လာနိုင်တယ်၊ သူတို့လုပ်နေကျ ဖြတ်လေးဖြတ် ဗျူဟာကို တနည်းတဖုံ အထောက်အကူပြုအောင်ပေါ့ ၊ ပြည်သူက နစ်နာမယ်၊ သူတို့က အခွန်ရမှာပေါ့” လို့ပြောပါတယ်။

ဂန့်ဂေါကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က အဓိကကျတဲ့ လမ်း ၄ ခုဆုံရာ ရှောက်ပင်အောင်မြင်ကျေးရွာမှာ အမာခံဘန်ကာတွေဆောက်ကာ စခန်းထိုင်လိုက်တာကြောင့် ဒေသခံတွေအနေနဲ့ ကူသန်းရောင်းဝယ်ရေးနဲ့ ကုန်စည်စီးဆင်းဖို့ အခက်အခဲဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီစခန်းထိုင်လိုက်တဲ့အောင်မြင်ကျေးရွာဟာ မကွေးတိုင်း၊ ယောနယ်၊ ဂန့်ဂေါမြို့နဲ့ ချင်းပြည်နယ်က ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊မတူပီ တွေအပြင် ကလေးမြို့တွေထိကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က အချက်ခြာကျတဲ့ နေရာမှာ တည်ရှိတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *