
ဖေဖော်ဝါရီလ ၂၈ ရက်။
ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ ရက်ညမှာ Myanmar Star သီချင်းဆိုပြိုင်ပွဲ Season 2 ရဲ့ Top 7 ကို ရွေးချယ်ခဲ့ရာမှာ ချင်းလူငယ် နှစ်ဦး ဖြစ်တဲ့ Ephraim Kyaw Oo နှင့် Hoihpi တို့ ဆက်လက် ပါဝင်လာခဲ့ကြောင်း Myanmar Star ရဲ့ တိုက်ရိုက် ထုတ်လွင့်မှု အရ သိရှိခဲ့ရ ပါတယ်။
Myanmar Star Season 2 ရဲ့ Top 8 ကနေ Top 7 အဖြစ် ရွေးချယ် ရရှိ သူတွေကတော့ Ephraim Kyaw Oo (Paletwa), Hoihpi (Tedim), JK Sophia (Kachin), Nan Ni (Myitkyina), Zan Nilli (Myeik), Saw Myo Razar Kyaw (လိပ်သို)နှင့် save ပြန်ဖြစ်တဲ့Hmue Myat Chel (Mandalay) တို့ ဖြစ်ကြပြီး Yu Wai Phyo (Yangon) ကတော့ ဒီ အပတ် မှာ ပြုတ်ကျန် ခဲ့ပါတယ်။
Top 8 ရဲ့ performance တွေ ကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ ညမှာ ထုတ်လွှင့် ခဲ့ပြီး ပရိသတ် ကိုတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီ အထိ voting ပေးခွင့် ပေးထားခဲ့ ပါတယ်။
Top 8 performance မှာ Hoihpi (Tedim) က တေးရေးဆရာ မြင့်မိုးအောင် ရေးစပ်တဲ့ “ဖွင့်ဟ ဝန်ခံခြင်း “သီချင်း နဲ့ လည်းကောင်း၊ Ephraim Kyaw Oo (Paletwa) ကတော့ တေးရေးဆရာ ဝေကြီး ရေးစပ် တဲ့ “ ဘောင်မဝင်တဲ့ကောင် “သီချင်းနဲ့ လည်းကောင်း ယှဉ်ပြိုင်ခဲ့ ပါတယ်။
Myanmar Star Season 2 မှာတော့ ယှဉ်ပြိုင်သူ ၄၀၀၀ ကျော် ရှိခဲ့ရာမှ အဆင့်ဆင့် ရွေးချယ် ခဲ့ပြီး အခုချိန်မှာ Top 8 ကို ရောက်ရှိ လာခြင်း ဖြစ်တယ် လို့လည်း အစီစဉ် တင်ဆက်သူရဲ့ ပြောပြချက် အရ သိရှိခဲ့ ရပါတယ်။
Myanmar Star Season ရဲ့ Judge Audition ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် MICT Park ရှိ Myanmar Star Studio မှာ စတင်ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး လက်ရှိ မှာ အဆင့်ဆင့်ကို ကျော်ဖြတ်လာ ကာ Top 7 အထိ ရောက်ရှိလာခဲ့ ခြင်း ဖြစ်ပါတယ်။
အကဲဖြတ် ဒိုင် အဖြစ် တေးရေးဆရာ စောခူဆဲ၊ အဆိုတော် မေခလာ နှင့် အနုပညာရှင် ဇင်အောင် တို့က ဆောင်ရွက်ခဲ့ပါတယ်။ Program ဒါရိုက်တာ အဖြစ် တေးရေးဆရာ မြင့်မိုးအောင် က ဆောင်ရွက်ခဲ့ ပြီး vocal coach အဖြစ် ဆရာမ Tracy က ဆောင်ရွက်ခဲ့ ပါတယ်။
ဆုကြေးငွေ အဖြစ် Winner ကို မြန်မာငွေကျပ် သိန်းတစ်ထောင်၊ First Runner Up ကို သိန်းလေးရာ နှင့် Second Runner Up ကို သိန်း တစ်ရာ အသီးသီး ချီးမြှင့် သွားမယ်လို့လည်း Myanmar Star ရဲ့ ကြေငြာချက် အရ သိရှိခဲ့ ရပါတယ်။
ပါဝင် ယှဉ်ပြိုင်ခွင့် နဲ့ပတ်သက်ပြီး အရည်အချင်း သတ်မှတ် ရာမှာတော့ အသက် ၃၀ နှစ် အောက် ရှိသူ၊ လက်ရှိတွင် မြန်မာပြည် အတွင်း နေထိုင်သူ ဖြစ်ရမည်ဟု သတ်မှတ် ထားပြီး ယှဉ်ပြိုင်ရာမှာတော့ မြန်မာ သီချင်း (သို့မဟုတ်) အင်္ဂလိပ် သီချင်း ကို ဆိုရမှာ ဖြစ်တယ် လို့လည်း ကြေငြာ ချက် အရ သိရှိခဲ့ ရပါတယ်။
လက်ရှိ Top 8 ကနေ Top 7ကို ရွေးချယ် ရာမှာတော့ ဒိုင် အမှတ် ၅၀% နှင့် voting အမှတ် ၅၀% ရယူ ရွေးချယ်ခြင်း ဖြစ်တယ်လို့ လည်း ထပ်မံ သိရှိခဲ့ရ ပါတယ်။
