Headlines

ကန်ပက်လက်မြို့နယ်က ကျေးရွာ၁ ရွာကိုစစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ အမျိုး သမီးတစ်ဦးသေဆုံး၊ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ် ဒါးရင်ဒူးဒေသအုပ်ချုပ်မှုနယ်မြေရှိ၊ ဆတ်ချောက်ကျေးရွာကို ယမန်နေ့ ဩဂုတ်လ ၁၃ ရက် မွန်းလွဲပိုင်း ၁ နာရီ ၄၈ မိနစ်အချိန်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၆ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကန်ပက် လက်မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ 

 စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး နဲ့ အသက် ၄၂ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၆ လနဲ့ ၁၂ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဆတ်ချောက်ကျေးရွာက စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်ခဲ့ပေမယ့် ပစ်မှတ်လွဲချော်မှုကြောင့် ကျောင်းပတ် ဝန်းကျင်က လူနေအိမ် (၄) လုံးမှာ လုံးဝပျက်စီးခဲ့ပြီး နေအိမ် ၂ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း၊ဆတ်ခြောက်ကျေးရွာဟာ အိမ်ခြေ ၅၀ ခန့်သာရှိတဲ့ ရွာငယ်လေးဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်ဒေသကို စစ်ကောင်စီက ဦးတည်တိုက်ခိုက်လာတာဖြစ်ပြီး ဒါဟာစစ်ရာဇဝတ်မှုများကိုပြောင်ပြောင် တင်းတင်း ကျူးလွန်ခြင်း ဖြစ်တယ်လို့ ကန်ပက်လက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။  

၂၀၂၄ ခုနှစ် ဇွန်လ၊ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီမှ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာရှိ စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်ခဲ့သည့်အတွက် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်များတွင် စာသင်ကျောင်းနှင့် အများပြည်သူစုဝေးသည့် နေရာများကို ပစ်မှတ်ထားခြင်းဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် အဆိုပါနေရာများမှ ကြိုတင်တိမ်းရှောင်ခြင်း၊ ဗုံးခိုကျင်းများတူးထားခြင်း၊ လေကြောင်းအန္တရာယ်ကာကွယ်ခြင်းများကို ကြိုတင် ဆောင်ရွက်ထားနိုင်ပါရန်နှင့် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ပါရန် နှိုးဆော်အပ်ပါသည်။လို့ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

Photo By ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  

Leave a Reply

Your email address will not be published. Required fields are marked *