Headlines

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ဒေသ မပြန်နိုင်မခြင်း အတင်းနှင်ထုတ်မှာ မဟုတ်ဘူးလို့ ကလေးမြို့မှာ ချင်းဒေသခံတွေနဲ့ တွေ့ဆုံစဉ် အိန္ဒိယသံအမတ်ပြော

ဇူလိုင်လ ၂၇ ရက်။

အိန္ဒိယနိုင်ငံမှာ လက်ရှိခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၈၅,၀၀၀ ခန့်ကို ၎င်းတို့ရဲ့ နေရပ်ဒေသတွေကို လုံခြုံစွာ ပြန်မသွားနိုင်တဲ့ အချိန်ထိ အိန္ဒိယအစိုးရအနေဖြင့် အတင်းအဓမ္မ ပြန်လည်နှင်ထုတ်မှာ မဟုတ်တဲ့ကြောင်း မနေ့ ဇူလိုင်လ ၂၆ ရက်နေ့က ကလေးမြို့မှာ သိမ့်ဟိုတယ် ခန်းမတွင် ဖလမ်း၊ တီးတိန်က လူကြီးတချို့နဲ့ တွေ့ဆုံစဉ် အိန္ဒိယသံအမတ်ကြီး Abhay Thakur ကပြောကြားခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယသံအမတ်ကြီး Abhay Thakur ဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံချိတ်ဆက်လမ်းမကြီး ဆိုင်ရာ ကိစ္စရပ်များအတွက် ကလေးမြို့ သိမ့်ခန်းမတွင် မနေ့ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့အပြီး ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့ ဒေသဘက်က လူကြီးတချို့နဲ့ ခရစ်ယာန်ဓမ္မအမှုတော်ဆောင် တချို့နဲ့ ညနေ ၆ ခွဲကနေ ၈ နာရီအထိ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ တွေ့ဆုံပွဲတွင် ပါဝင်သူတစ်ဦးကပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက “ တွေ့ဆုံပွဲမှာ အိန္ဒိယသံအမတ်ကြီးက ချင်းပြည်နယ်မှာ တည်ငြိမ် အေးချမ်းမှု အမှန်တကယ်ရှိတဲ့အချိန် အိန္ဒိယနိုင်ငံအနေနဲ့ ပူးပေါင်းလုပ်ဆောင်စရာ လုပ်ငန်းများစွာရှိတဲ့ကြောင်းနဲ့ ချင်းပြည်သူတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်းတွေ နောက်ပြီး ကျနော်တို့ဘက်ကနေ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနိုင်ရေးတို့အတွက် တင်ပြတောင်းဆိုတာတွေ ရှိခဲ့တယ်” လို့ပြောပါတယ်။

အိန္ဒိယသံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် ဖလမ်းနှင့် တီးတိန်ဒေသ ကိုယ်စားလှယ်များက ချင်းပြည်သူများရဲ့ လက်ရှိအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများရဲ့ အခက်အခဲများနှင့် ကလေးမြို့သို့ တိမ်း ရှောင်နေကြရသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြတဲ့အပြင် Dr. Run Bik က ဖလမ်းမြို့နယ် ဒေသရှိ ကျေးရွာ ၄၂ ရွာမှ အိမ် ထောင်စု ၂,၀၀၀ ခန့်သော စစ်ဘေးရှောင်ပြည်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ မဆောင်ရွက်နိုင်သည့် အခက်အခဲများကြောင့် လူသားချင်းစာနာထောက် ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေးကို တင်ပြတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *