Headlines

AA ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု ကို ဖုံးကွယ်ပြီး ပလက်ဝမြို့နယ်ကို ငြိမ်းချမ်းသယောင် မီဒီယာတွေဆီ ပြောဆိုခဲ့တဲ့ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဦးမျိုးထိုက်ကို ကန့်ကွက်ကြောင်းထုတ်ပြန်

ဇန်နဝါရီလ ၃၁ ရက်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း ရခိုင်တပ်မတော် (AA)ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးကို ဖုံးကွယ်ပြီး ပလက်ဝမြို့နယ်ကို ငြိမ်းချမ်းသယောင် မီဒီယာတွေဆီ ပြောဆိုခဲ့တဲ့ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဦးမျိုးထိုက်ကို ကန့်ကွက်ကြောင်း မလေးရှားရောက် ခူမီးမျိုးနွယ်စုဝင်တွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က Vaurawng Zuunthin ကီမိုပရောဂျက်အတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာဖွေတဲ့ပွဲမှာ ပလက်ဝကောင်စီ ဥက္ကဌ ဦးမျိုးထိုက်က ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA)က စာသင်ကျောင်းနဲ့ အထိမ်းအမှတ်ပွဲတွေမှာ ရခိုင်အမျိုးသားသီချင်း နဲ့ ရခိုင်စာပေသင်ကြားစေခြင်း မရှိကြောင်း ငြိမ်းငြိမ်းချမ်းချမ်းပေါင်းနေတယ်လို့ ငြိမ်းချမ်းသယောင် ပြောဆိုတဲ့အပေါ် အခုလို မလေးရှားရောက် ခူမီးမျိုးနွယ်စုတွေက ကန့်ကွက်တာဖြစ်တယ်။

မလေးရောက် ခူမီးမျိုးနွယ်စုဝင်တစ်ဦးက “ AA က ပလက်ဝမြို့ကို ထိန်းသိမ်းလိုက်ပြီး ပလက်ဝမြို့နယ်က ဒေသခံချင်းလူမျိုး ၂ သောင်းကျော်က မီဇိုရမ်၊ ဟားခါး၊ ရန်ကုန် စတဲ့ နေရာတွေကို ထွက်ပြေးသွားရတယ် ပလက်ဝမြို့ထဲမှာဆိို ချင်းမရှိသလောက်ဘဲ ဖြစ်တယ် အခုထိလည်း ထွက်ပြေးနေကြရဆဲဖြစ်တယ် ဇန်နဝါရီလ ဒုတိယ အပတ်ကလည်း မီဇိုရမ်ကို ၁၀၀ လောက်ထပ်ရောက်သွားတယ် အဲလိုမျိုးအခြေအနေမှာ ဦးမျိုးထိုက်ပြောနေတာတွေနဲ့ မြေပြင်မှာဖြစ်နေတာတွေကလွဲနေတော့ မကျေနပ်ကြတာဖြစ်တယ်” လို့ပြောပါတယ်။

အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီတပ်ကြား ၂၀၁၅ ခုနှစ်လောက်ကစပြီးဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝဒေသခံအမြောက်အများ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်ခဲ့ရသလို၊ စစ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်လို့ စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်သော်လည်း အာရက္ခတပ်တော် (AA) ရဲ့ မတရားဖိနှိပ်မှု၊ မတရားဖမ်းဆီးတာ ဘိုးဘွားပိုင်မြေတွေကို လုယူတာတာတွေလုပ်သလို အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုလည်း ယနေ့တိုင် လွတ်ပေးတာမျိုးမရှိဘဲ အာဏာရှင်စနစ်ကျင့်သုံးနေတဲ့ အာရက္ခတပ်တော် (AA) ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု တွေကို ဖုံးကွယ်ပြီး ငြိမ်းချမ်းသယောင် ဦးမျိုးထိုက်ပြောဆိုမှုကို ကန့်ကွက်တဲ့အကြောင်း မလေးရှားရောက် ခူမီးမျိုးနွယ်စုဝင်များက သဘောထားထုတ်ပြန်တာဖြစ်ပါတယ်။

သူကဆက်ပြီး “ လယ်လှ၊ စိမ်းစင်း၊ ကျီးလေ၊ ခဝဲ၊ ဒိုးချောင်းဝ၊ သူဌေးကုန်း၊ တွီးကင်းဝနဲ့ တခြားကျေးရွာတွေမှာလည်း AA က ရခိုင်စာ၊ ဗမာစာသင်ဖို့ အစည်းအဝေးလုပ်တယ် ဒါပေမယ့် ကျောင်းသားတွေ၊ ကျောင်းဆရာတွေက ထွက်ပြေးကြတော့ မသင်လိုက်ရဘူးပေါ့ ရံဖန်ရံခါ AA တွေက စည်းရုံးရေးအနေနဲ့ အားကစားပွဲတွေလုပ်တယ်။ ရခိုင်နိုင်ငံတော်သီချင်းတွေ ဆိုခိုင်းတယ်” လို့ပြောပါတယ်။

မလေးရောက် ခူမီးမျိုးနွယ်စုဝင်တွေဟာ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံတွေဖြစ်ကြပြီး ပြီးခဲ့တဲ့ အပတ်က ခူမီးမျိုးနွယ်စုဝင်တွေ အစည်းအဝေးလုပ်ကြတာဖြစ်ပြီး အဲဒီအစည်းအဝေးအရ အခုလို ထုတ်ပြန်တာလို့လည်း ခူမီးမျိုးနွယ်စုဝင်တွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားပြီး အာရက္ခတပ်တော် (AA) နဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ ဆက်ဆံရေးတည်ဆောက်ထားတယ်လို့ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ ( IKACC) ဥက္ကဌ ဦးအိုက်စောမြ က Chin World Media ရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *