Headlines

ချင်းညီနောင်အဖွဲ့နဲ့ BPLAအကြား နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်မှုပိုင်းအတွက် ဆွေးနွေးနေတဲ့ကာလဖြစ်တယ်လို့ ချင်းညီနောင်ကပြော

ဇန်နဝါရီလ ၃၀ ရက်။

ချင်းလက််နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) အကြား နိုင်ငံရေးအရရော၊ စစ်ရေးအရရော ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးနေတဲ့ အချိန်ကာလဖြစ်တယ််လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World Media ကိုပြောပါတယ်။

ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “BPLA နဲ့ ချင်းညီနောင်အကြား ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိပါတယ် အခုချိန်မှာတော့ အပြန်အလှန် မဟာမိတ်တည်ဆောက်နေတဲ့ ချိန်ကာလပေါ့လေ နောက်ပြီးတော့ ပြင်ဆင်နေတဲ့ အချိန်ကာလလို့လည်းပြောလို့ရပါတယ် နောက်ပိုင်းကျလို့ရှိရင် ကျနော်တို့ စကစ ကင်းစင်ဖို့ရန်အတွက် BPLA နဲ့ သော်လည်းကောင်း တခြားမဟာမိတ်အဖွဲ့တွေနဲ့သော်လည်းကောင်း ကျနော်တို့ ပူးပေါင်းစစ်ဆင်ရေးတွေ နိုင်ငံရေးအရ မဟာမိတ်ဖွဲ့မှုတွေ ကျနော်တို့ လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ပြောပါတယ်။

သူကဆက်ပြီး “ကျနော်တို့ ချင်းညီနောင်ကတော့ အဓိကအားဖြင့် ကျနော်တို့ အိမ်နီးနားချင်းကောင်းကို ကျနော်တို့လိုချင်တယ် အဲဒါကြောင့် ရခိုင်မှာရောဖြစ်ဖြစ် နောက်ပြီး စစ်ကိုင်း၊ မကွေး ယောဒေသ ချင်းပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ အထူးသဖြင့် ပထမဆင့်နေနဲ့ ထိစပ်နေတဲ့ နေရာတွေမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မဟာမိတ်တည်ဆောက်နေတဲ့ချိန်ဖြစ်ပါတယ် နိုင်ငံရေးကျတော့ အခု ဆွေးနွေးမှုတွေ လုပ်နေတဲ့ ချိန်ကာလဖြစ်တယ် ဘယ်လိုပူးပေါင်းလုပ်ဆောင်မလဲဆိုတာရယ် စစ်ရေးပိုင်းဆိုင်ရာအရရော အခုဆွေးနွေးမှုတွေ လုပ်နေတာတွေရှိတယ် ဘယ်လိုပူးပေါင်းဆောင််ရွက်ကြမလဲဆိုတာ ဆွေးနွေးနေတဲ့ ချိန်ကာလဖြစ်တယ် စစ်ရေးပိုင်းအရရော ပူးပေါင်းနိုင်တဲ့ပိုင်းတွေမှာပေါ့ ပူးပေါင်းသွားဖို့ရှိပါတယ်” လို့ပြောပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ဟာ စည်းကမ်းတကျကောင်းမွန်စွာ တပ်မတော်ကို တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဖြစ်သလို၊ နိုင်ငံရေးခံယူချက် ကောင်းကောင်းရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး အားကျစရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း တည်ထောင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာလည်း စစ်ရေးဖော်ဆောင်နေသလို လက်ရှိ စစ်ကိုင်း၊ မကွေးတိုင်းဒေသတွေမှာ စစ်ရေးဖော်ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း (BPLA) က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ကထုတ်ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *