
မြန်မာ-ထိုင်း-မလေးရှား နယ်စပ်တကြောက လူမှောင်ခို လုပ်ငန်းများနှင့် မလေးရှားရောက် မြန်မာများဘ၀
Samchomun (ဆမ်ချိုမွန်း) စစ်ကောင်စီက စစ်မှုမထမ်းမနေမရ ဉပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြု ပြဌာန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး မတည်ငြိမ်မှုများကြောင့် မိသားစုစားဝတ်နေရးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ခက်ခဲကျပ်တည်းလာခြင်း ၊ စစ်တပ်၏ နေ့စဉ်ရက်ဆက် ဖမ်းဆီးနေမှု များကြောင့် ရသည့်နည်းလမ်းဖြင့် ပြည်ပထွက်ရန် လူငယ်များ စဉ်းစားလာကြသည်။ ထို စိုးရိမ်ကြောင့်ကြမှုများကြောင့် မြန်မာပြည်ကို စွန့်ခွာတိမ်းရှောင်ရန် ကြိုးစားနေသူများထဲတွင် အောင်မိုး(အမည်လွှဲ) အပါအဝင်ဖြစ်သည်။ အောင်မိုး (အမည်လွှဲ) သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) တွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ ထို့အပြင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း (Removal)…