ချင်းတောင်ထွက် မျောက်ငိုသီးများ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ် အတွင်း စံချိန်တင်ဈေးကျ
ဒီဇင်ဘာလ ၂၄ ရက်။ ၂၀၂၅ ခုနှစ်မှာ ချင်းတောင်ထွက် မျောက်ငိုသီး တွေကို ဒီနှစ်မှာ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ်တာ ကာလ အတွင်း ဈေး အနည်းဆုံး သို့ စံချိန်တင် ဈေးကျသွားခဲ့ပြီး ၁ တောင့် ကို ကျပ် ၅၀ နဲ့သာ ဝယ်ယူကြကြောင်း ချင်းပြည်နယ်၊တီးတိန်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူများ ထံမှ သိရှိရပါတယ်။ “မျောက်ငိုသီးတွေ က တောင်ပေါ်မှာ ကုန်တော့မယ်။ မြေပြန့်က အပင်တွေ စခူး ကြတော့မယ်။ ဈေးက တက်မလာဘူး။ ရာသီ အစမှာ ၁ တောင့်ကို ကျပ် ၅၀ နဲ့ ဝယ်ကြတာ အခုထိ ဈေးမတက်ဘူး။ ဒီနှစ်တွေ တလျှောက်မှာတော့ အဆိုးဆုံးပဲ”…

