မီဇိုရမ်ပြည်နယ်ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေကို ရက်ကန်းသင်တန်းပေးပြီး အလုပ်အကိုင် ရရှိစေဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်
ဒီဇင်ဘာလ ၂ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇော်မြို့ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ နှင့် စစ်ဘေးရှောင်တွေကိုရက်ကန်း သင်တန်းပေးပြီး ရက်ကန်းပညာရပ် တက်ရောက်အောင်မြင်တဲ့ သူတွေကို အလုပ်အကိုင်ရရှိစေရန်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ပန်းတိုင်၊ ပေါင်းစည်းလမ်း သက်မွေးသင်တန်းဌာနက ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၂ ရက်နေ့ကစလို့ ရက်ကန်းသင်တန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ စစ်ဘေးရှောင်တွေထဲက ၈ ဦးဟာ ခြောက်ပတ်ကြာ လေ့လာသင်ယူခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သင်တန်းသားအားလုံး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်းဆင်းပွဲမှာ တစ်ဦးချင်းစီအတွက် သင်တန်းပြီးဆုံးခြင်း အောင်လက်မှတ်တွေပေးအပ်ခဲ့ပြီး အထွေထွေထောက်ပံ့ငွေတွေကိုလည်း…

