Headlines

တိုက်ပွဲမရှိတဲ့ မကွေးတိုင်းက ကန်သာယာ အရှိုချင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့သိရ

မေလ ၉ ရက်။ မကွေးတိုင်း၊သရက်ခရိုင် ၊ အောင်လံမြို့နယ်၊ ကန်သာယာအရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့မေလ ၈ ရက်နေ့ည ၉ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ရွာဦးဘုန်းကြီးကျောင်း မှန်တွေ ထိခိုက်ခဲ့ပြီး လူအထိခိုက်တော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “မနေ့ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လာကျဲသွားတာ ၂ လုံးကတော့ ပေါက်ကွဲပြီး ၁ လုံးကတော့ မပေါက်ကွဲဘဲ ကျန်နေပါတယ် လူအထိခိုက်တော့မရှိဘူး ရွာဦးဘုန်းကြီးကျောင်းက မှန်တွေတော့ ထိခိုက်သွားပါတယ် ပေါင် ၃၀၀ လောက်ရှိမယ်လို့ ထင်တယ် ရွာထဲမှာက လူမရှိလို့တော်သေးတယ်” လို့ Chin World Media ကို ပြောပါတယ်။ ကန်သာယာ အရှိုချင်းရွာကို…

Read More

ငလျင်ဘေးဒဏ်သင့်မြန်မာပြည်သူတွေကို ဆေးကုသပေးခဲ့တဲ့ အမေရိကန်ခရစ်ယာန်ဆေးအဖွဲ့ ကုသမှုရပ်နားပြီး ပြန်လည်ထွက်ခွာပြီလို့ သိရ

မေလ ၈ ရက်။ မြန်မာနိုင်ငံမှာ လာရောက်ပြီးငလျင်ဘေးဒဏ်သင့်မြန်မာပြည်သူတွေကိုဆေးကုသပေးခဲ့တဲ့ အမေရိကန်အခြေစိုက် ခရစ်ယာန် Samaritan’s Purse Internation Relief ဆးပညာရှင်အဖွဲ့သားတွေဟာ ၎င်းတို့ရဲ့အရေးပေါ်ဆေးရုံကို လှူဒါန်းလွှဲပြောင်းပေးခဲ့ပြီး ပြန်လည်ထွက်ခွာသွားပြီလို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ မေလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ Samaritan’s Purse Internation Relief ဆေးပညာရှင်အဖွဲ့ဟာ ဧပြီလ ၅ ရက်နေ့ကစလို့ မေလ ၆ ရက်နေ့အတွင်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်းမှာ အရေးပေါ်ဆေးကုသမှု ဆေးရုံတွင် ခွဲစိတ်ကုသမှုပေါင်း ၃၀၃ ခု၊ လူနာပေါင်း ၅၈၁၃ ဦး အားကုသမှုပေးခဲ့ပြီး အခုလှူဒါန်းလွှဲပြောင်းပေးခဲ့တဲ့ အရေးပေါ်ဆေးရုံတွင် အရေးပေါ်ဆေးကုသဆောင်၊ လူနာဆောင်တွေ၊ အရေးပေါ်ခွဲစိတ်ခန်းတွေ၊ ဆေးပေးခန်း၊ ဓါတ်ခွဲခန်း၊ ရေသန့်စင်စနစ်တွေပါဝင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ…

Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ချင်းပြည်နယ်က အမျိုးသမီး ၄ ဦး အပါအ၀င် မြန်မာနိုင်ငံအနှံ့က အမျိုးသမီး ၇၁ ဦးသေဆုံး

မေလ ၇ ရက်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း မြန်မာနိုင်ငံအနှံ့က အမျိုးသမီး ၇၁ ဦးသေဆုံးတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး ၄ ဦးပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ဒီကနေ့ မေလ ၇ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂ အချက်အလက်ရ စစ်ကိုင်းတိုင်းဒေသကြီးက အယောက် ၃၀ မန္တလေးတိုင်းက (၁၄) ဦး ပဲခူးတိုင်းက ၅ ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းက ဧပြီလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံး တိုင်းဒေသကြီးဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အမျိုးသမီး (၇၁) ဦးထဲက ၁၃ ဦးဟာ အသက် ၁၈ နှစ်အောက်တွေဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသူလည်း ၅၀ လောက်ရှိသလို ကျန်တာက လေကြောင်းကြောင့်…

Read More

နတ်ရေကန်တပ်စခန်း မကျရေး လုံခြုံရေးဆောင်ရွက်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို CDF – Asho က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ၉ ဦးသေဆုံးခဲ့တယ်လို့ သိရ

မေလ ၁ ရက်။ နတ်ရေကန်တပ်စခန်း မကျရေးအတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဇီရွာရှိတပ်စခန်းကနေ ကားလမ်းလုံခြုံရေးယူရန် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဧပြီလ ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) ကဒီကနေ့ မေလ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်တဲ့ ငဖဲမြို့နယ် ပဇီရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကပစ – ၁၃ မှ တပ်သားတွေ ကားလမ်းလုံခြုံရေးယူဖို့ ထွက်လာချိန်မှာ CDF – Asho က ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့ပြီး…

Read More

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ပါ စစ်ကြောင်း ကို ACDF က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး

ဧပြီလ ၂၉ ရက်။ အရှိုချင်းကာကွယ်ရေးတပ် – ACDF တပ်ရင်း (၃) တည်ရှိတဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ ကစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ပါ စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် – (ACDF ) ပြန်ကြားရေးတာဝန်ရှိသူ ကပြောပါတယ်။ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်း ၅နာရီဝန်းကျင်လောက်မှာ အင်အား ၇၀ ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ်အတွင်းက ဆားချောင်းကျေးရွာအတွင်းရောက်ရှိပြီးနောက် ငမိုးရိပ်ကျေးရွာကနေ ဇရစ်မြောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် အရှိုချင်းကာကွယ်ရေးတပ် – ACDF နဲ့ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၂…

Read More

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့က ဆုတ်ခွါခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရကြောင်း MNDAA ထုတ်ပြန်

ဧပြီလ ၂၆ ရက်။ နိုင်ငံရေးဖိအားတွေကြောင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့မှဆုတ်ခွါခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က MNDAA ရဲ့ The Kokang မီဒီယာကနေတဆင့်ဒီကနေ့ ဧပြီလ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ “နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်း များစွာဝမ်းနည်းရပါကြောင်း ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်” လို့ The Kokang မီဒီယာရဲ့ဖော်ပြချက်မှာ ပါရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA (ကိုးကန့်တပ်)အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ပေါ်ကနေ ဧပြီ ၂၁ ရက်မှာ အပြီးထွက်ခွါခဲ့ရပြီးနောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်နေပြီဖြစ်ပါတယ်။ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ် ၃…

Read More

ငလျင်ဘေးကြောင့် ၁ လ ခန့် ရပ်နားထားတဲ့ Myanmar Star Grand Final Second Round ပြန်လည်ကျင်းပ

ဧပြီလ ၂၅ ရက်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် ချင်းလူငယ် Ephraim Kyaw Oo နှင့် Hoihpi တို့ပါဝင်ယှဉ်ပြိုင်နေတဲ့Myanmar Star သီချင်းဆိုပြိုင်ပွဲ ၁ လ ခန့် အစီအစဉ် ရပ်နားခဲ့ရကာ မနေ့ ဧပြီ၂၄ ရက်နေ့က စပြီးMyanmar Star ပြိုင်ပွဲ Final Second Round Performance (ဒုတိယ အကြိမ် အလှည့်ကျ ဖျော်ဖြေမှု ) ကို Popular Song Week အမည် ဖြင့် ပြန်လည် ကျင်းပလာကြောင်းတိုက်ရိုက် ထုတ်လွင့်မှုများအရ သိရပါတယ်။ Myanmar Star အနေဖြင့် မန္တလေးငလျင် ကြောင့် ပြိုင်ပွဲ အစီအစဉ်များကို ခေတ္တရပ်နားမည်…

Read More

ကလေးမြို့က ကျောင်းသား/သူ ၁ ထောင်ကျော်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေ

ဧပြီလ ၂၅ ရက်။ မတ်လ ၂၈ ရက်ကပြင်းထန်စွာလှုပ်သွားတဲ့ ငလျင်ဒဏ် ကြောင့် မန္တလေးတက္ကသိုလ်မှာထားတဲ့ ကချင်၊စစ်ကိုင်း၊မန္တလေး၊နေပြည်တော်က ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ ၆ သောင်းကျော်မီးလောင်ပျက်စီးခဲ့တဲ့အတွက် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမယ့်အထဲစစ်ကိုင်းတိုင်း၊ကလေးမြို့နယ်လည်းပါဝင်ကာ ကလေးမြို့က ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသား/သူ ၁ ထောင်ကျော်ဟာ စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေတယ်လို့ကျောင်းသား/သူမိဘတွေဆီက သိရပါတယ်။ ချင်းပြည်နယ် ကနေ စစ်ရှောင် အများစု ခိုလှုံရာ မြို့တစ်မြို့ ဖြစ်တဲ့ ချင်းတောင်ခြေ ကလေးမြို့မှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာစစ်ဌာန ၃ ခု ကနေ ဖြေဆိုသူ ၁၁၀၇ ဦး ရှိခဲ့ပါတယ်။ ကလေးမြို့စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများဟာ မန္တလေးငလျင် ဒဏ်ကြောင့် ပျက်စီး မီးလောင်ခဲ့တာကြောင့် ဇွန်လ…

Read More

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို လွှဲပြောင်းပို့ခံရတဲ့ အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှုရှိဖို့ India For Myanmar အဖွဲ့ကတောင်းဆို

ဧပြီလ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်ကနေ မြန်မာနိုင်ငံ၊စစ်ကောင်စီထံလွှဲပြောင်းပို့ခံရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုပေါ်အများကြီးမှုတည်ကာ၊အိန္ဒိယအစိုးရကိုတောင်းဆိုနေကြောင်း အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ် ကပြောပါတယ်။ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်က မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို အိန္ဒိယဘက်ကတာဝန်ရှိသူတွေက စစ်ကောင်စီထံ မတ်လ ၂၁ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ်ရှိ တမူးနယ်စပ်ကနေ တဆင့်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဆိုပါလွှဲပြောင်းပေးပို့ခံရသူတွေကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ စစ်ကောင်စီက တမူးမြို့အချုပ်ထဲမှာ ဆက်လက်ဖမ်းချုပ်ထားတာလို့ သိရပါတယ်။ India For Myanmar တည်ထောင်သူ…

Read More

ကလေး – ဂန့်ဂေါကြားရှိ ဒေသခံပြည်သူအများစု လေကြောင်းရန်ကြောက်လို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့သိရ

ဧပြီလ ၂၃ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အကြားရှိ ကျေးရွာနေ ဒေသခံပြည်သူအများစုဟာ လေကြောင်းရန်ကြောက်လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေး – ဂန့်ဂေါအကြားက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ( အရှေ့၊အနောက်)၊ ပျူစောထီးစိုးမိုးတဲ့ ကြံသာရွာတွေကို CDF – KKG(Kalay-Kabaw-Gangaw) တပ်ဖွဲ့ရဲ့Major Operation အဖြစ် ချင်းလက်နက်တပ်ဖွဲ့တွေနဲ့ မြေပြန့်ကဒေသလက်နက်ကိုင်တပ်ဖွဲ့တွေက စုပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကနေစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ၂ လအတွင်း အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ကလေး – ဂန့်ဂေါကြားရှိ ကျေးရွာတွေကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားထိခိုက်သေဆုံးမှု့တွေလည်း များစွာရှိခဲ့ပြီး နေအိမ်အဆောက်အဦများစွာလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ကလေး – ဂန့်ဂေါကြားရှိ…

Read More