Headlines

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာအတွက် ပါတီ ၃ ခုက ကိုယ်စားလှယ် ၃ ဦး ယှဉ်ပြိုင်မယ်

အောက်တိုဘာလ ၂၃ ရက်။ ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် နေရာ(ချင်းရေးရာဝန်ကြီး)အတွက် ပါတီ ၃ ခုက ဦးငွန်ဘွလ်ထန် ၊ ဦးဆသင်ထောင်းနဲ့ ဒေါ်သျှန်းနှဲမ်ဆွေး တို့က ပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အမည်စာရင်းထုတ်ပြန်ထားပါတယ်။ ကလေးမြို့ ၊ မြို့လှရပ်ကွက်နေ ဦးငွန်ဘွလ်ထန် က ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီ ( USDP) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မုံရွာမြို့ ၊ မြဝတီရပ်ကွက်မှာ နေထိုင်တဲ့ ဦးဆသင်ထောင်းက ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP) ကနေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ကလေးမြို့တောင်ဖီလာရပ်ကွက်နေ ဒေါ်သျှန်းနှဲမ်ဆွေးက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကနေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ…

Read More

ကလေးမြို့နယ်အတွင်း အရေးပေါ်စစ်ဘေးရှောင်ရတဲ့ ဒေသခံပြည်သူ ၁ သောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေ

အောက်တိုဘာလ ၂၁ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ကလေးမြိုနယ်အတွင်းရှိ ကလေး-တမူး လမ်းနှင့် ကလေး-ဂန့်‌ဂေါလမ်းတွေမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံပြည်သူ လူဦးရေ တစ်သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိ နေရပ်တိမ်းစွန့်ခွာ စစ်ဘေးရှောင်ဒေသခံပြည်သူများ၊သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များ အတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စသည့် အကူအညီများ လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတစ်ဦးက “ လက်ရှိ စစ်ကောင်စီနဲ့ လွတ်တဲ့ တောထဲတွေ သူတို့နဲ့ ဝေးရာ အဆင်ပြေတဲ့နေရာတွေ လုံခြုံတယ်လို့တော့ မဟုတ်ဘူးပေါ့နော် အဲဒီနေရာမှာ နေတဲ့သူက အိမ်ထောင်စု တစ်ထောင်ကျော် ၊ လူဦးရေ တစ်သောင်းကျော်…

Read More

ချင်းနိုင်ငံရေးသမား ပူးဇိုဇမ် SNDP ပါတီကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ၀င်ပြိုင်မယ်

အောက်တိုဘာလ ၂၁ ရက်။ ချင်းနိုင်ငံရေးသမား ပူးဇိုဇမ်ဟာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့်ပါတီစုံ ရွေးကောက်ပွဲမှာ ကျားဖြူပါတီ/ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( SNDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ PR စနစ်အမျိုးသားလွှတ်တော်နေရာမှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ကိုယ်စားလှယ် လောင်းစာရင်းအရသိရပါတယ်။ ပူးဇိုဇမ်က ” ကျားဖြူ ကနေ PR….အမျိုးသားလွှတ်တော် တင်ထားတယ်၊ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကနေ ခရိုင် 6 ခရိုင်ကိုယ်စား တင်ထားတယ် ” လို့ Chin World Media ကိုအတည်ပြုပါတယ်။ ၂၀၂၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် လောင်း ၅ ထောင် ကျော်ဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီ အလိုက် အမည်စာရင်း တင်သွင်းမှုအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟာ…

Read More

မှန်တောကျေးရွာကို စစ်ကော်မရှင်တပ်ကသိမ်းပိုက်ကာ ကလေး-ဂန့်ဂေါ လမ်းတလျှောက် ဆက်လက်ထိုးစစ်ဆင်နေ

အောက်တိုဘာလ ၂၀ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မှန်တောကျေးရွာကို စစ်ကော်မရှင်ဘက်က လက်နက်ကြီး၊ လူအင်အား၊ ဒရုန်း အမြောက်များသုံးပြီး အောက်တိုဘာလ ၁၈ ရက်နေ့ညမှာ ပြန်ထိန်းချုပ်သွားကာ ကလေး – ဂန့်ဂေါ ကားလမ်းမ တလျှောက်ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ အဓိကတော့ အင်အားမမျှတာရော နည်းပညာအားသာချက်တွေကြောင့် ပါသွားတာပါ လက်နက်ကြီး၊ လူအင်အား၊ ဒရုန်းတွေ အမြောက်များသုံးပြီးတိုက်သွားတာ စစ်ကော်မရှင်ဘက်က အဲဒါကြောင့် ပါသွားတာ အခုကမ်းပါးနီ တံတားနားမှတွေ ဒီဘက်တော့ မကူးသေးဘူးခုထိ တိုက်ပွဲတွေလည်း ခုငြိမ်နေတယ် ထပ်မတိုးလာသေးဘူး သူတို့ဘက်က တိုးလာရင်တော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ပစ်ကြမှာပေါ့” လို့ပြောပါတယ်။ မှန်တော်တိုက်ပွဲအတွင်း…

Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းမှာ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်

အောက်တိုဘာလ ၁၇ ရက်။ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ အခြေပြုစစ်ရေးလှုပ်ရှားတဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က တပ်သား ၂ ဦး ရှေ့တန်းတစ်နေရာမှာ မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ACDF က ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တပ်ဖွဲ့တွင် ကိုယ်ပိုင်အမှတ် (ACDF – 0178) ဖြင့် တာဝန်ထမ်းဆောင် နေတဲ့ ဆလိုင်းထွန်းမင်းဇင် နဲ့ ကိုယ်ပိုင်အမှတ် (ACDF – 0138) ဖြင့်တာဝန်ထမ်းဆောင်နေတဲ့ ဆလိုင်းမျိုးကျော် တို့ဟာ အောက်တိုဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တုန်းက ရှေ့တန်းတစ်နေရာမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အရှိုအမျိုးသားသူရဲကောင်း အဖြစ် လေးမြတ်စွာ အလေးပြုပြီး မပြီးဆုံးသေးတဲ့…

Read More

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ ၂၈ က နေစတင်နိုင်ပြီး ဒီဇင်ဘာ ၂၆ ရက် အထိခွင့်ပြု

အောက်တိုဘာလ ၁၆ ရက်။ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကာလ ကို အောက်တိုဘာ ၂၈ ကနေ စတင်နိုင်ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ (ရက်ပေါင်း ၆၀ ) ခွင့်ပြုတယ်လို့အာဏာသိမ်းစစ် ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၅ ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ မဲဆွယ်စည်းရုံးခွင့်ကာလ ကို အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားပြီး ဒီဇင်ဘာ ၂၇ ရက် က Silent Day ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ်ပေါင်း ၁၀၂ နဲ့ ဒုတိယပိုင်းမှာတော့ မြို့နယ်ပေါင်း ၁၀၀ မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ အောက်တိုဘာ…

Read More

NCA ၁၀ နှစ်ပြည့် အခမ်းအနားကို UN နဲ့ နိုင်ငံတကာသံတမန်တွေ မတက်ရောက်ဖို့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ KNU,CNF ပါဝင်တဲ့အဖွဲ့ ၆ ဖွဲ့က တိုက်တွန်း

အောက်တိုဘာလ ၁၃ ရက်။ အောက်တိုဘာလ ၁၅ ရက်မှာ စစ်အုပ်စု ကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်မြောက် အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် မြန်မာပြည်သူလူထုနဲ့ အတူရပ်တည်ကြောင်းပြသရန် ကုလသမဂ္ဂ(UN),ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) စတဲ့တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်မှာ စစ်အုပ်စု ကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်…

Read More

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်သည် နောက်တကြိမ်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာချိန်အထိ တရားဝင်တည်ရှိနေမည်ဖြစ်ကြောင်း NLDပါတီထုတ်ပြန်

စက်တင်ဘာလ ၂၇ ရက်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်သည် နောက်တကြိမ်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲရလဒ် ပေါ်ထွက် လာချိန်အထိ တရားဝင်တည်ရှိနေမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ထုတ်ပြန်လိုက်ပါတယ်။ မြန်မာပြည်သူတို့သည် ထိုအချိန်က ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စား ဖော်ထုတ်ခဲ့ကြကာ နိုင်ငံတကာသံတမန်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ဖွဲ့စည်းထားပြီး အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်သည့်အတွက်၊ ထို ၂၀၂၀ အထွေထွရွေးကောက်ပွဲ ရလဒ်သည် နောက်တကြိမ်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲရလဒ် ပေါ်ထွက် လာချိန်အထိ တရားဝင်တည်ရှိနေမည်ဖြစ်ကြောင်း…

Read More

အိုင်းဒီးရဲ့ “သစ်ရွက်နီရောင်ပြေးလေးတွေ” ကဗျာစာအုပ် စတင်ဖြန့်ချိ

စက်တင်ဘာလ ၂၅ ရက်။ ချင်းလူမျိုး ကဗျာဆရာမ Anna Biak Tha Mawi (ခ) အိုင်းဒီး ရဲ့ “သစ်ရွက်နီရောင် ပြေးလေး တွေ” ကဗျာစာအုပ်ကို နှစ်ကာလစာပေစာအုပ်တိုက် ကနေ စတင်ဖြန့်‌ဝေလိုက်ပြီဖြစ်တယ်လို့ စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကြေညာထားပါတယ်။ စာမျက်နှာ ၁၇၄ မျက်နှာ နဲ့ ရောင်စုံပန်းချီ ၂၂ မျက်နှာပါတဲ့ ကဗျာစာအုပ်မှာ စက္ကူအမျိုးအစား – ခရင်မီဖြစ်ပြီး ကဗျာရေးသားသူ အိုင်ဒီးကိုယ်တိုင်ရေးဆွဲတဲ့ ရောင်စုံပန်းချီများဖြင့်ပုံဖော်ထားပြီး ချင်းနဲ့မြန်မာဘာသာ နှစ်ခုဖြင့်ထုတ်‌‌‌၀ေတာဖြစ်ပါတယ်။ ကဗျာစာအုပ်မှာ အပိုင်း (၉) ပိုင်းပါရှိတယ်လို့ဖော်ပြထားပြီး မြန်မာဘာသာနဲ့ရေးထားတဲ့ ကဗျာတွေကို ချင်း(လိုင်) ဘာသာဖြင့် ချင်းစာရေးဆရာတစ်ဦးဖြစ်သူ Salai Tial Awi Thang ကဘာသာပြန်ဆို ထားတယ်လို့သိရပါတယ်။ အခုစာအုပ်ဟာ…

Read More

ကလေးမြို့နယ် ကြံသာကျေးရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ သိရ

စက်တင်ဘာလ ၂၃ ရက်။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ကဘော်၊မ ေကွးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Chinland Defense Force (Kalay-Kabaw-Gangaw) CDF -KKG ထိန်းချုပ်ထားတဲ့ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာ ပြန်ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရှိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးပြောတာက “၂၀ ရက်နေ့ မနက်က ပါသွားတာ စကစတွေက ခွဲပြီး ပတ်ဝင်လာတာ ဒရုန်းနဲ့ ဖိအားပေးချိန် ကိုယ့်ဘက်က ပစ်အားလျော့ချိန် ရွာထိပ်ပိုင်းကနေ ပြည်သူ့စစ်တွေကို ရှေ့ကတက်ခိုင်းပြီး အလုံးအရင်းနဲ့ ဖောက်ဝင်လာတာ KKG တပ်ရင်း (၇) ဘက်က တစ်ဦးကျ၊ တစ်ဦး အရှင်ဖမ်းခံရတယ် လက်ရှိ ကြံသာထဲမှာ မိုင်းထောင်တာ ကာကင်းထုတ်၊ တပ်စွဲဖို့ ပြင်နေကြတယ်” လို့…

Read More