ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ အချင်းချင်း ပြေလည်ပြီး စစ်ဘေးရှောင်ပြည်သူတွေ အပူအပင်မရှိ ပြန်လာနိုင်အောင်ကြိုးစားဆောင်ရွက်သွားမယ်လို့ CDF – Matupi တပ်မဟာ ၂ ထုတ်ပြန်
အောက်တိုဘာလ ၂၁ ရက်။ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာအချင်းချင်း ပြေလည်ပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေ မိမိမြို့၊ရွာကို အပူအပင်မရှိ ပြန်လည်ဝင်ရောက်လာနိုင်အောင် တတိယအဖွဲ့အစည်း (Third Party)နဲ့ အတူ ကြိုးစားဆောင်ရွက်သွားမယ်လို့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က ရဲဘော်တွေဟာ ၆ လအတွင်းမှာ တိုင်းပြည်နယ်လူမျိုးအတွက် ၁ ဦး ကျဆုံးပြီး ခြေထောက်ဆုံးရှုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ (၇) ဦးအထိ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ကျေခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းအမျိုးသားပိုင်နက်နယ်မြေကို…

