CDF-Tonzang မှ ပြည်သူ့စစ်သင်တန်း တက်ဖို့ နေအိမ်အရောက် ဖမ်းဆီးခေါ်ယူနေလို့ တွန်းဇံမြို့က လူငယ် အများအပြား တိမ်းရှောင်နေရ
မေလ ၁၃ ရက်။ CDF-Tonzang မှ ပြည်သူ့စစ်သင်တန်းတက်ရောက် ဖို့ လူငယ်တွေကို ဆင့်ခေါ် နေပြီး တက်ရောက်ရန် ပျက်ကွက်သူများကို နေအိမ် အရောက် ဖမ်းဆီး ခေါ်ဆောင် တာကြောင့် တွန်းဇံမြို့ နှင့် ပတ်ဝန်းကျင် ရှိ ကျေးရွာများမှ လူငယ်များ အနေဖြင့် ဒေသကို စွန့်ခွာ တိမ်းရှောင် နေရ သူ များပြား နေကြောင်း တိမ်းရှောင်သူ တွန်းဇံဒေသခံလူငယ် တစ်ဦးက Chin World Media ကို ပြောပြပါတယ်။ “ကျွန်တော်တို့ က တွန်းဇံမြို့မှာ ပြုလုပ်တဲ့ ပြည်သူစစ် သင်တန်း ပထမ အဖွဲ့ မှာ ပါတယ်။ အသက် ၁၈နှစ် နှင့် ၃၅ နှစ်ကြားလို့ သတ်မှတ်တယ်…

