တီးတိန်မြို့နယ်မှာ ကော်ဖီစေ့ ဈေးကောင်း ရလာ၊ တောင်သူများကိုယ်တိုင်ကော်ဖီမှုန့်လုပ်ရောင်းချမှု များပြားလာ
မတ်လ ၁၄ ရက်။ တီးတိန်မြို့နယ်မှာ ယခုနှစ် ကော်ဖီစေ့ သိမ်းရာသီမှာ တောင်သူများ အနေဖြင့် အရင်နှစ်များ ထက် ဈေးကောင်း ရလာကြကြောင်း တောင်သူများ မှလည်း ကော်ဖီစေ့ကို ကိုယ်တိုင်လှော်ကာ ကော်ဖီမှုန့် ထုတ်လုပ် ရောင်းချမှုများ များလာကြောင်း တီးတိန်မြို့နယ် လိုင်ဘုံရွာရှိ ကော်ဖီစိုက် တောင်သူ တစ်ဦး ထံမှ သိရှိရပါတယ်။ “လက်ရှိမှာ ကော်ဖီစေ့ တစ်ပိဿာက ကျပ် ၁၅၀၀၀ ဈေး နှင့် ဝယ်ယူနေ ပါတယ်။ ၂၀၂၄ ခုနှစ်၊ မနှစ်ကပေါ့ တစ် ပိဿာ ကျပ် ၁၀၀၀၀ လောက် ဈေးပေါက်ခဲ့တယ်။ ၂၀၂၃ မှာတော့ တစ်ပိဿာ ကျပ် ၆ ထောင် လောက်ပဲ ပေါက်ခဲ့တယ်။ ၂၀၁၅…

