Headlines

CDF – Lautu နဲ့ MDF အကြားဖြစ်တဲ့ ပဋိပက္ခဟာ ချင်းညီနောင် (CB)အဖွဲ့နဲ့ Chinland Council အကြား ဖြစ်နေတဲ့ ပဋိပက္ခလို့ပြောလို့မရကြောင်း၊ ပြေလည်ဖို့ ၂ ဖက်စလုံးတာဝန်ရှိကြောင်း Chinland Council ပြော

ဖေဖော်ဝါရီလ ၇ ရက်။ ချင်းညီနောင်(CB) အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MTC/MDF) တပ်ဖွဲ့နဲ့ Chinland Council အဖွဲ့ဝင် ( CDF – Lautu) အကြားပဋိပက္ခဟာ ချင်းညီနောင် အဖွဲ့(CB) နဲ့ Chinland Council အကြား ဖြစ်နေတဲ့ ပဋိပက္ခလို့ပြောလို့မရပေမယ့် ၊ပြေလည်ဖို့ ၂ ဖက်စလုံးမှာတာဝန်ရှိကြောင်း လက်နက်နဲ့အင်အားသုံးဖြေရှင်းတာမျိုးမလုပ်ဖို့ကိုလည်း MDF စစ်ဦးစီးချုပ်ကို Chinland Council ဥက္ကဌက မေတ္တာရပ်ခံစာပေးပို့ခဲ့တယ်လို့ Chinland Council အတွင်းရေးမှူး ဆလိုင်းပေါလ်က ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပတဲ့ Chinland Council တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ CDF – Lautu တပ်ဖွဲ့ထိန်းချုပ်ပြီး တပ်စခန်းချထားတဲ့ မတူပီမြို့နယ်အတွင်းက…

Read More

မီဇိုရမ်ပြည်က ပလက်ဝချင်းစစ်ဘေးရှောင်စခန်းမှာ ကလေးငယ်အပါအဝင် လူ ၄၀ ကျော် ဝမ်းရောဂါဖြစ်နေကြလို့ ဆေးဝါးအကူအညီတွေ လိုအပ်နေ

ဖေဖော်ဝါရီလ ၇ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်၊ ကာကီကျေးရွာက ပလက်ဝချင်းစစ်ဘေးရှောင်စခန်းမှာ ပလက်ဝ စစ်ဘေးရှောင် ကလေးငယ်အပါအဝင် အယောက် ၄၁ ဦးခန့်ဟာ ဝမ်းရောဂါဖြစ်လို့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံက Chin World Media ကိုပြောပါတယ်။ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက “ကာကီစစ်ဘေးရှောင်စခန်းမှာ ဝမ်းပျက်၊ ဝမ်းလျောဖြစ်နေကြတယ် ရောဂါဖြစ်တဲ့ လူနာက ၄၁ ဦး အထိရှိတယ် အခြေအနေကတော့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြတယ်။ နယ်စပ်ရဲ့ စစ်ရှောင်စခန်းလည်းဖြစ်တဲ့ခါကြတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတာနောက်ပြီး အလုပ်အကိုင်လည်း မရှိတော့ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ချိန်မှာ ရောဂါကလည်းထပ်ဖြစ်တော့ ဖြစ်နိုင်မယ်ဆိုရင် ဆေးဝါးအခမဲ့ ကုသပေးနိုင်မယ့်ဟာတွေ လိုအပ်တယ် လောင်တလိုင်အထိ ဆေးကုသဖို့ သွားဖို့ကလည်း လမ်းပန်းဆက်သွယ်ရေးအရ…

Read More

စစ်မှုထမ်းဖို့အတွက် ကလေးမြို့နယ်မှာ လူငယ် ၁၈၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းဖို့အတွက် စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ လူငယ် ၁၈၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် (၆) မှာ လူဦးရေ ၄၅ ထက်မနည်း၊ အပတ်စဉ် (၇)မှာ ၅၀ ဦးထက်မနည်း၊ အပတ်စဉ် (၈) မှာ လူဦးရေ ၃၀ ဦးထက်မနည်း နဲ့ အပတ်စဉ် (၉)မှာ ၆၀ ဦးထက်မနည်း စုစုပေါင်း ၁၈၅ ဦးထက်မနည်း မတရားဖမ်းဆီးခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်စာရင်းကို ချင်းပြည်နယ်ရှေ့တန်းစစ်မြေနှာပြင်၊ ရခိုင်ရှေ့တန်းစစ်မျက်နှာပြင် အချက်အလက်တွေအရ စာရင်းပြုစုထားပြီး မြေပြင်အချက်အလက်က ဒီထက် ပိုများနိုင်တယ်လို့လည်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ၂၀၂၅ ၊ဇန်နဝါရီလ…

Read More

မတူပီမြို့မှာပြန်လာနေထိုင်သူ တစ်ဖြည်းဖြည်းတိုးလာပြီး လက်ရှိ ၂၀၀၀ ဝန်းကျင် ပြန်လာနေထိုင်ပြီလို့ သိရ

ဖေဖော်ဝါရီလ ၅ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့ကို ဒေသခံတွေ တဖြည်းဖြည်း ပြန်လာနေထိုင်ကြသလို လက်ရှိ လူဦးရေ အားဖြင့် ၂ ထောင်ဝန်းကျင်လောက် ပြန်လာနေထိုင်နေပြီလို့ မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “လက်ရှိမတူပီမြို့ကို ပြန်လာနေထိုင်တာ ၂၀၀၀ လောက်ရှိပြီ ပြန်လာနေကြဆဲဖြစ်တယ်၊ တစ်ပတ် တစ်ပတ်ကိုလည်း လူဦးရေတိုးလာပါတယ်” လို့ ပြောပါတယ်။ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က မတူပီမြို့ပေါ်မှာ လူဦး ရေ ၁ သောင်းခန့် နေထိုင်ကြောင်းသိရပါတယ်။ မနှစ် ၂၀၂၄ ခုနှစ်က မတူပီမြို့နယ်မှာ ဖြစ်ခဲ့တဲ့…

Read More

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကနေ အိန္ဒိယနိုင်ငံကို သွားလာတဲ့ရေကြောင်းလမ်း ကို အိန္ဒိယဖက်က တင်းကြပ်လိုက်တယ်လို့ သိရ

ဖေဖော်ဝါရီလ ၅ ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်လောက်စလို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နယ်စပ်အကြား ရေကြောင်းလမ်းမှာ လူအဝင်အထွက်အသွားအလာကို အိန္ဒိယ အာသံရိုင်ဖယ်တပ်တွေက စစ်ဆေးရေးဂိတ်တွေချပြီး တင်းကြပ်လိုက်တယ်လို့ ပလက်ဝကောင်စီရဲ့လူမှုကယ်ဆယ်ရေးဌာနတာဝန်ခံက Chin World Media ကိုပြောပါတယ်။ ပလက်ဝကောင်စီရဲ့လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက “အဓိကတော့ စစ်ဘေးရှောင်တဲ့ဟာကို လက်မခံတဲ့ သဘောဖြစ်တယ် ဒါပေမယ့် တစ်ခုက ဒီဘက်က အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ လက်ခံပေးတဲ့ ထောက်ခံချက်နဲ့ ဆိုရင်တော့ သွားလာဖို့ အဆင်ပြေတဲ့အနားထားပေါ့နော် ကာကီနဲ့ ကျနော်တို့ရဲ့ ကာရမိတ်ရွာပေါ့နော် ပလက်ဝဘက်က အဲဒီရဲ့ကြားမှာ ဂိတ်တစ်ဂိတ်ရှိတယ် ရေကြောင်းမှာပေါ့ နောက်ပြီး တွီဒန်းနဲ့ ကာကီကြားမှာလည်း ဂိတ်တစ်ဂိတ်ရှိတယ် ရေကြောင်းအဝင်အထွက်ကို လက်တလောမှာတော့ နည်းနည်းကြပ်တဲ့သဘောဖြစ်တာပေါ့” လို့ပြောပါတယ်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာရှိတဲ့…

Read More

မီဇိုရမ်ပြည်နယ်က ပလက်ဝ စစ်ဘေးရှောင်တွေ နေရပ်ပြန်လာဖို့ ဖိအားပေးခံရ

ဖေဖော်ဝါရီလ ၄ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆင်အိုးဝကျေးရွာအုပ်စုက ကျေးရွာ (၇) ရွာခန့်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်လာဖို့ အာရက္ခတပ်တော် (AA) နဲ့ မရာလဲန်းကာကွယ်ရေးတပ် (MDF) က ခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖိအားပေးတဲ့ အကြောင်းကြားစာတွေ ပေးခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်နေတဲ့ ပလက်ဝမြို့နယ် ဆင်အိုးဝကျေးရွာအုပ်စုက စစ်ဘေးရှောင်တွေကို အာရက္ခတပ်တော် (AA) နဲ့ မရာလဲန်းကာကွယ်ရေးတပ် (MDF) က ခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲနဲ့ ကျေးရွာနေ စစ်ဘေးရှောင်တွေ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်လာကြဖို့နဲ့ ပျက်စီးနေတဲ့ အိမ်တွေ ၊ ယာတွေ…

Read More

ချင်းလူမျိုး စာရေးဆရာ တွာလ်ခဲင်းမာန် ရဲ့ ဝတ္ထုတိုများ စုစည်းထားတဲ့ စာအုပ် မိတ်ဆက်ပွဲ ကလေးမြို့မှာကျင်းပ

ဖေဖော်ဝါရီလ ၃ ရက်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ချင်းတောင်ခြေကလေးမြို့၊ မြို့မဈေးရှိ ဟိန္ဒူရေဆန်ကျွန်းဘုရားကျောင်းမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ချင်းလူမျိုး စာရေးဆရာတွာလ်ခင်းမာန် ရေးသားထားသော ဝတ္ထုတိုများ စုစည်းထားတဲ့ တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲ နှင့် အခြားဝတ္တုတိုများ စာအုပ် မိတ်ဆက်ပွဲကို ချင်းလူငယ် တချို့နှင့် အတူ ကလေးမြို့ စာပေ အသိုင်းအဝိုင်း နှင့် စာရေးဆရာများမှ ပြုလုပ်ကျင်းပ သွားခဲ့တယ် လို့ စာအုပ် စီစဉ်သူ စာရေးဆရာ ဇို(တီးတိန်) ထံမှ သိရှိရပါတယ်။ “ဆရာသိန်းထိုက်ဦး(ထေရု) က အခမ်းအနားမှူး လုပ်ပေးခဲ့တယ်။ ကျွန်တော်က စာအုပ် ထုတ်ဝေဖြစ်ပုံကို ရှင်းပြ ပေးခဲ့တယ်။ ဆရာဓီရာလင်း က စာအုပ်ကို သုံးသပ်ပေးခဲ့တယ်။ ဆရာချိုတကူး(ကလေး)၊ ဆရာမောင်ကိုမောင် (ကလေး)၊…

Read More

ယခုရက်ပိုင်းအတွင်းလေကြောင်းတိုက်ခိုက်တာခံရလို့လူသေဆုံးမှုတွေရှိတဲ့ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်တွေအတွက် ဗုံးခိုကျင်းတွေတူးဖော်ပေးနေ

ဖေဖော်ဝါရီလ ၃ ရက်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိိုက်တာခံရလို့လူသေဆုံးမှုတွေရှိနေတဲ့စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် မြို့နယ်လူသားစာနာအဖွဲ့က ဗုံးခိုကျင်းတွေ တူးဖော်ပေးနေတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ လူသားစာနာအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် လေကြောင်းရန် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို မြို့နယ် လူသားစာနာက စက်ယန္တရားတွေ အသုံးပြုပြီး ဗုံးခိုကျင်းတွေ တူးဖော်ပေးတာလည်းဖြစ်ပါတယ်။ ကလေးမြို့နယ်၊ ကုက္ကိုင်ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့လို့ စစ်ဘေးရှောင်ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး အပိုင်းပိုင်းပြတ်သေဆုံးခဲ့ရပြီး အယောက် ၃၀ ခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်ကလည်း ကလေးမြို့တောင်ပိုင်း တင်သားကျေးရွာနဲ့ ဒိုးနွယ်ရွာတွေကို…

Read More

တီးတိန်မြို့နယ်မှာ ဂျစ်ကား ၁ စီး လမ်းအောက် ချောက်ထဲကျပြီး လူ ၂ ယောက် သေ၊၁ ဦး ဒဏ်ရာပြင်းထန်

ဖေဖော်ဝါရီလ ၃ ရက်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၇ ခွဲ ခန့်မှာ ချင်းပြည်နယ်၊တီးတိန်မြို့နယ် တွီးထန်ရွာ နှင့် မဏိပူရမြစ်ကြား (Philtun တံတား) တစ်နေရာမှာ တီးတိန်မြို့ကို ဦးတည် မောင်းနှင်လာတဲ့ ဂျစ်ကား ၁ စီး လမ်းအောက် ချောက်ထဲသို့ ကျသွားပြီး ကားပေါ် ပါလာတဲ့ လူ ၂ ဦး သေဆုံး သွားခဲ့ကာ ၁ ဦး မှာ ဒဏ်ရာ အပြင်းအထန် ရရှိပြီး တီးတိန် ပြည်သူ့ ဆေးရုံတွင် ပို့ဆောင် ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ “ကားပေါ်မှာ လူ သုံးယောက် ပါလာတာ။ တွီးထန် ရွာကနေ ည ၇ နာရီ…

Read More

ဖလမ်းမြို့ရှောင်လမ်းမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ပြုပြီလို့ ထုတ်ပြန်

ဖေဖော်ဝါရီလ ၃ ရက်။ လုံခြုံရေးအရ မော်တော်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ ရှောင်ကွင်းလမ်းကနေ ၁၀ ဘီးကားနဲ့အထက် မော်တော်ယာဉ်ကြီးတွေကလွဲရင် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ရပြီလို့ Falam Regional Committee က ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ဖလမ်းမြို့ရှောင်ကွင်းလမ်းကနေ သွားလာနေကြတဲ့ ခရီးသွားမိဘပြည်သူတွေအနေနဲ့ (၁၀) ဘီးနှင့် အထက်ကားကြီးတွေကလွဲရင် Skat ကား၊ Forland ကား၊ Haimual ကား၊ အိမ်စီးကားတွေနဲ့ ၆ ဘီးကားတွေအထိ ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်တယ်လို့ Falam Regional Committee က အသိပေးထားပါတယ်။ Falam Regional Committee က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃…

Read More