ကနေဒီတောင် အနောက်ဘက် တီးတိန်လမ်းပေါ်မှာ ကုန်တင်ယာဉ် တစ်စီး ဘရိတ်ပေါက် ပြီး တိမ်းမှောက်
ဧပြီလ ၂၇ ရက်။ ဧပြီလ ၂၆ ရက်နေ့ ညနေ ၈ နာရီခန့်မှာ တီးတိန်မြို့နယ် ကနေဒီတောင် အနောက်ဘက် လမ်းမကြီး ပေါ်ရှိ Dollam စခန်းအလွန် လမ်းကွေ့ တစ်နေရာမှာ ကုန်တင်ကား တစ်စီး ဘရိတ်ပေါက် ကာ တိမ်းမှောက်ခဲ့ပြီး လူ ထိခိုက်မှု မရှိဘူး လို့ ကယ်ဆယ်ရေး လုပ်ဆောင်သူ ဒေသခံ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။ “ကား က ကုန်းအဆင်း မှာ ဘရိတ်ပေါက် သွားတာ။ ကားဆရာ က ဂီယာ ထိန်းမောင်းပြီး စပယ်ယာ ခုန်ဆင်းကာ ရမ်းတုံး နဲ့ ခု လိုက် ပေမယ့် ရမ်းတုံး ကြေသွားတယ်။ ဂီယာ…

