မလေးရှားက ချင်းအမျိုးသားတစ်ဦးကို ကိုက်သတ်သွားတဲ့ ကျားကို အရှင်ဖမ်းမိတယ်လို့သိရ

အောက်တိုဘာလ ၁၉ ရက်။

မလေးရှားနိုင်ငံမြောက်ပိုင်း၊ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင် စိုက်ပျိုးရေးခြံကချင်းအမျိုးသားကို ပြီးခဲ့တဲ့အောက်တိုဘာလ ၁၆ ရက်က ကိုက်သတ်သွားတဲ့ ကျားကို အရှင်ဖမ်းဆီးရမိတယ်လို့ မလေးရှားမီဒီယာတွေရဲ့သတင်းအရ သိရပါတယ်။

အဲ့ဒီကျားကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးနဲ့ အမျိုးသားဥယျာဉ်များဌာနမှ ထောင်ချောက်ဆင်ပြီး ဒီနေ့ အောက်တိုဘာလ ၁၉ရက်နေ့ မနက်ပိုင်းမှာ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင် တောတွင်းတစ်နေရာမှာ အရှင်ဖမ်းဆီးရမိတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်တဲ့ ချင်းအမျိုးသားတစ်ဦး အလုပ်ကအပြန် ထမင်းဟင်းချက်ပြုတ်ဖို့ ပြင်ဆင်နေစဉ် ကျားဆွဲတာခံရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဖမ်းဆီးရမိတဲ့ဒီ ကျားဟာ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင် Batu Melintang နဲ့ Perak ပြည်နယ် Gerik မြို့က ချင်းအမျိုးသားတစ်ဦးအပါအဝင် အမျိုးသား နှစ်ဦး ကို ကိုက်စားသွားတဲ့ ကျားဖြစ်ပြီး အရှင်ဖမ်းမိတာလို့လည်းသိရပါတယ်။

ကျားဆွဲခံလို့သေဆုံးသူချင်းအမျိုးသားဟာ မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက ဆလိုင်းဟုန်းရှိန်းဖေ အသက် (၂၈) နှစ်အရွယ်ရှိသူလို့ သိရပြီး မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်က ဂျာလီခရိုင်ရှိ တောတွင်း စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။

ဆလိုင်းဟုန်းရှိန်းဖေဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ်ဝန်းကျင်လောက် ရှိနေပြီလို့လည်း သိရပါတယ်။

မလေးရှားနိုင်ငံ ၊ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင်ဟာ တောရိုင်းတိရိစ္ဆာန်တွေဖြစ်တဲ့ ဆင်ရိုင်း၊ ကျား အလွန်ပေါများတဲ့ နေရာဒေသလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *