Headlines

CDF-Hakha ဒုဥက္ကဌဟောင်းကို ပစ်သတ်သူ Salai Za Cung Lian ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်

ဇွန်လ ၁၉ ရက်။

မေလ ၁၅ ရက်နေ့က အငြင်းပွါးမှုဖြစ်ပွါးရင်း CDF-Hakha တပ်ဖွဲ့ ဒုဥက္ကဌဟောင်း Salai Sang Ling ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ CDF-Hakha ရဲ့အထွေထွေအတွင်းရေးမှုး Salai Za Cung Lian ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားတဲ့ ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-Hakha က ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

အမှုစစ်ဆေးပြီးနောက် Salai Za Cung Lian ဟာ Salai Sang Ling ကို သေစေအောင်ပစ်ခတ်ခဲ့တာကြောင့် CDF-Hakha Military law ( ပုဒ်မ ၄၉။ လူသတ်မှုမပြုလုပ်ရ။ – ဤပြစ်မှုအား ကျူးလွန်ကြောင်းထင်ရှား စီရင်သောအခါ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ထိုက်သင့်စေရမည်။) ပုဒ်မကို ကျူးလွန်ကြောင်းတွေ့ရှိရပြီး CDF-Hakha ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက် ကြောင်း CDF-Hakha က ထုတ်ပြန်ပါတယ်။

အမှုစစ်ဆေးရာတွင် မျက်မြင်သက်သေ(၄)ဦး၊ အခင်းဖြစ်စဉ်ရှိသူ (၁၀)ဦး နှင့် ပါဝင်ပတ်သက်သူ(၈)ဦး စုစုပေါင်း (၂၂)ဦးကို စိစစ်မေးမြန်းပြီး စစ်ဆေးဆောင်ရွက်ခဲ့သလို ၊ အမှုစစ်ဆေးစဉ်မှာလည်း သက်သေများအပါအဝင် တာဝန်ရှိသူများ၊ ပစ်ခတ်မှုကျူးလွန်သူ ဆလိုင်း ဇာကျုံးလျန် မိသားစုဝင်များ ၊သေဆုံးသူ ဆလိုင်းဆန်လိန်း မိသားစုဝင်များနှင့် ရဲဘော်တချို့တက်ရောက်ခဲ့ကြောင်း CDF-Hakha ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *