Headlines

ချင်းပြည် ( Chinland)ကောင်စီက ဖော်ဆောင်တဲ့ ဆေးတက္ကသိုလ်ဖွင့်ပွဲကို NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး လူကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့သိရ

ဧပြီလ ၁၅ ရက်။

ချင်းပြည် ( Chinland) ကောင်စီက ဖွဲ့စည်းပေးတဲ့ ချင်းပြည် ( Chinland) အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ Chinland Jordan School of Medicine ဆေးတက္ကသိုလ်ဖွင့်လှစ်တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီး Dr. ဇော်ဝေစိုး လူကိုယ်တိုင် တက်ရောက်ခဲ့တာကို ချင်းပြည် ( Chinland) အစိုးရ ရဲ့ ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

Chinland Jordan School of Medicine ဆေးတက္ကသိုလ်ဖွင့်လှစ်တဲ့ အခမ်းအနားကို NUG အစိုးအဖွဲ့ ပြည်ထောင်စု ဝန်ကြီး Dr. ဇော်ဝေစိုး အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်အသီးသီးက အမှာစကားပြောကြားခြင်း၊ ထောက်ပံ့ငွေ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ချင်းပြည် ( Chinland) ကောင်စီ နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရအကြား လုပ်ငန်းအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်တဲ့ ကိစ္စရပ်တွေနဲ့ ချင်းပြည် ( Chinland) ကောင်စီ နှင့် ဏ္ဏိုင်(၃)ရပ်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုသော်လည်းကောင်း၊ အမျိုးသားညီညွှတ်ရေးအစိုးရ၏ လုပ်ငန်းအခြေအနေများကိုသော်လည်းကောင်း အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ကို ချင်းပြည် ( Chinland) အစိုးရ အဖွဲ့နှင့် ချင်းပြည် ( Chinland) လွှတ်တော်အကြီးအကဲတွေ ဝန်ကြီးတွေ စာရင်းစစ်ချုပ်တို့က ချင်းပြည် ( Chinland) အဆင့်အစည်းအဝေးခန်းမမှာ ဧပြီလ ၁၄ ရက်နေ့က တွေ့ဆုံမှု ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *