Headlines

ရေရှားတဲ့ တီးတိန်မြို့မှာ ရေလောင်းင်္သကြန်ပွဲပြုလုပ်နေတာကြောင့် ဒေသခံတွေရေပြတ်လပ်မှုကြုံရ


ဧပြီလ ၁၅ ရက်။


စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ ရေရှားပါးနေတဲ့အချိန် ရေလောင်းသင်္ကြန်ပွဲတွေ ပြုလုပ်ကျင်းပနေကြတာကြောင့် တီးတိန်ဒေသခံတွေ ရေပြတ်လပ်မှုတွေကြုံနေရတယ်လို့သိရပါတယ်။


ရပ်ကွက်အတိုင်း သွယ်တန်းထားတဲ့ ရေပိုက်လိုင်း အားလုံးနီးပါးကို သင်္ကြန်ကျင်းပရာ ကျောင်းဘက်ကို အားလုံး ပို့လိုက်တာကြောင့် တီးတိန်မြို့ပေါ်နေ ဒေသခံတွေမှာ သောက်သုံးရေ ၊ ချိုးရေ စတာတွေမှာ အသုံးပြုဖို့ ရေ ပြတ်လပ်တာတွေ ကြုံနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။


တီးတိန်မြို့ဒေသခံတစ်ဦးက “အခုကသောက်သုံးဖို့ ချိုးရေစတာတွေအတွက် ရေကရှားသွားတယ် ဘာကြောင့်လည်းဆိုရင် အခုသူတို့ သင်္ကြန်လုပ်တဲ့ အစိုးရကျောင်းဘက် ရေဝင်ဖို့ လုပ်တော့ တခြားနေရာတွေအတွက် အခက်ခဲဖြစ်သွားစေတာပေါ့ ရေသွယ်တာက ရပ်ကွက်အလိုက် တိုင်ကီ ရှိတယ် အခုတော့ သောက်သုံးရေအတွက် ရေရောင်းတဲ့ ကားတွေဆီကနေ အဓိကဝယ်ရတယ် အရင်ကတည်းက ရေကတော့ ရှားပါတယ် အထူးဖြင့် သောက်သုံးရေအတွက် ပုံမှန်ဝယ်ရတယ် ရေရောင်းတဲ့ ကားတွေလည်း မြို့မှာ ၃ စီးလောက်ရှိတယ် ဒေသခံတွေပြောတာ အခုလိုရေ အခက်ခဲရှိတဲ့ကြား အခုလိုမျိုး ပြုလုပ်တာ လက်မခံကြဘူး” လို့ပြောပါတယ်။


ရေရှားပါးတဲ့ တီးတိန်မြို့ပေါ်မှာ သောက်သုံးရေကို ၂၀၀၀ လီတာကို ငွေကျပ် ၄၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရတဲ့ မြို့ဖြစ်ပြီး အခုလို သင်္ကြန်ကျင်းပဖို့ ရေတွေကို အသုံးပြုတာကြောင့် သောက်သုံးရေနဲ့ ချိုးရေတွေအတွက် အရင်ကထက် ပို အခက်ခဲဖြစ်သွားတာကြောင့် ရေလောင်းသင်္ကြန်ကျင်းပတဲ့ပေါ် ဒေသခံတွေက လက်မခံနိုင်ဖြစ်ကြရတာဖြစ်ပါတယ်။


အာဏာသိမ်းစစ်ကော်မရှင်က ၎င်းတို့ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ထဲက တီးတိန်မြို့နဲ့ ဟားခါးမြို့မှာ စည်ကားသိုက်မြိုက်စွာ င်္သကြန်ကျင်းပနိုင်တဲ့ကြောင်း ဂုဏ်ယူစွာ မနေ့ ဧပြီလ ၁၄ ရက်နေ့ညက MRTV ညသတင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *