
ဖလမ်းမြို့နယ် ၊ Lumte (လုမ်သဲ)ကျေးရွာမှာ မနေ့ဇူလိုင်လ ၃၀ ရက်နေ့ည ကိုးနာရီဝန်းကျင်လောက်မှာ နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေး တစ်ဦး မီးလောင်ခံရလို့ သေဆုံးခဲ့တယ်လို့ ဖလမ်းဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက“ မနေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဖယောင်းတိုင် မီးကနေ တဆင့် နေအိမ်မီးလောင်တာလို့ သိရတယ် သူတို့နေအိမ်မီးလောင်တော့ သူတို့ သမီး ၉ နှစ်အရွယ်လည်း မီးလောင်ခံရလို့ သေဆုံးတယ်လို့ သိရတယ်” လို့ပြောပါတယ်။
သေဆုံးတဲ့ကလေးရဲ့မိသားစုဟာ စစ်ဘေးရှောင်ရင်း လုမ်သဲရွာမှာ နေထိုင်ကြတဲ့ မိသားစုတွေလို့ သိရပြီး သားသမီးတွေ စာကြည့်တဲ့ ဖယောင်းတိုင်ကနေ တဆင့် အခုလို နေအိမ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့တာလို့လည်း သိရပါတယ်။