Headlines

ဖလမ်းမြို့နယ်မှာဖြစ်ပွါးတဲ့ ချင်းလက်နက်ကိုင်အဖွဲ့များ ပဋိပက္ခဖြစ်စဥ်မှာ ပါဝင်မှုမရှိကြောင်း အညာညီနောင် (BNRA-GZA) နဲ့ Yaw Army တို့က အသီးသီးထုတ်ပြန်

ဇူလိုင်လ ၁၄ ရက်။

ဇူလိုင်လအတွင်း ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ CDF-Hualngoram, CNF/CNA နှင့် CNO/CNDF တို့၏ လက်နက်ကိုင်အဖွဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း အညာညီနောင် (BNRA-GZA) အနေဖြင့် ပါဝင်မှု လုံးဝ မရှိကြောင်းနှင့် Yaw Army အနေနဲ့လည်း ဝင်ရောက်စွက်ဖက်တာမရှိကြောင်း ဇူလိုင်လ ၁၃ ရက်နေ့က အညာညီနောင်ဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ( BNRA / Generatoion Z Army (GZA))နဲ့ Yaw Army တို့က အသီးသီးထုတ်ပြန်ထားပါတယ်။

ဇွန်လတွင် CNO/CNDF မှ စီစဉ်သည့် စနိုက်ပါသင်တန်းသို့ အညာညီနောင် (BNRA-GZA) မှ သင်တန်းသားအချို့ စေလွှတ်ခဲ့ပြီး ယခုအခါတွင် လတ်တလောပဋိပက္ခများကြောင့် တပ်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် လတ်တလောဖြစ်ပွားနေသည့် ချင်းတော်လှန်ရေးညီအစ်ကိုများ၏ ပဋိပက္ခဖြစ်စဉ်အတွင်း အညာညီနောင်(BNRA-GZA) အနေဖြင့် လုံးဝ(လုံးဝ) ပါဝင်မှုမရှိကြောင်း ပြည်သူများကို အသိပေးထားပြီး ချင်းတော်လှန်ရေးညီအစ်ကိုများအနေဖြင့်လည်း လက်ရှိအခက်အခဲအကြပ်အတည်းများကို အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ဖို့လည်း အညာညီနောင် (BNRA-GZA) မှ ဆန္ဒပြုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ယောတပ်တော် (Yaw Army )အနေနဲ့လည်း Yaw Army ဟာ ချင်းညီနောင် (CB) နှင့်မဟာမိတ်အဖြစ် ဘုံရန်သူ စစ်သုံးစစ် ဖြုတ်ချရေးတွင် လက်တွဲပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သော်လည်း ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်ကံကြမ္မာနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေခြင်း မရှိကြောင်း ချင်းပြည်သူလူထုအား သိရှိစေလိုကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိဇူလိုင်လအတွင်းဖြစ်ပွားခဲ့တဲ့ CNO/ CNDF နှင့် HPO/ CDF Hualngoram ပဋိပက္ခတွင် အခြားသောအဖွဲ့အစည်းအချို့နှင့်အတူ မိမိတို့ယောတပ်တော်ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် CNF/CNA တာဝန်ရှိသူတစ်ဦးမှ ပြောဆိုခဲ့သည်ကိုလည်း Yaw Army အနေဖြင့် ချင်းပြည်တွင်းရေးကိစ္စတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင် အတွင်းရေးမှူးမှတဆင့် ဆက်သွယ်ကန့်ကွက်ခဲ့ပြီး CNF/CNA ဘက်မှလည်း အဆိုပါကိစ္စသည် မြေပြင်သတင်းအချက်အလက် အားနည်းမှုဖြစ်နိုင်ကြောင်း ကို ပြန်လည်၍ အကြောင်းပြန်ကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့နယ်အတွင်း ဇူလိုင်လ ၂ ရက်နေ့စကစလို့ ချင်းညီနောင် အဖွဲ့ဝင် CNO/CNDF နဲ့ Chinland Council အဖွဲ့ဝင် HPO/CDF – Hualngoram, CNF/CNA တို့အကြား နယ်မြေသိမ်းပိုက်မှု အပြန်အလှန်ရှိခဲ့ပြီးတဲ့နောက် စစ်ရေးတင်းမာနေကြတဲ့ အခြေအနေမှာ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *