

ဇူလိုင်လ ၂ ရက်။
အိန္ဒိယ ရူပီးငွေ ၆.၆၇ ကုဋေတန်ဖိုးရှိ မက်သာအမ်ဖက်တမင်း မူးယစ်စိတ်ကြွဆေးပြား၂ သောင်း ကျော်ကို မြန်မာနိုင်ငံသားတစ်ဦးနဲ့ အတူ အိန္ဒိယ-မြန်မာနယ်စပ်နား ကျန်ဖိုင်းခရိုင်၊ ဇိုခေါထာရ်မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အာသံရိုက်ဖယ်တပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးတစ်ခုမှာ ဖမ်းမိတယ်လို့ ဇူလိုင်လ (၁) ရက်နေ့မှာ India Today သတင်းဌာနမှာဖော်ပြပါတယ်။
ဇွန်လ (၂၉) ရက်နေ့ တိကျတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်အရ အိန္ဒိယ-မြန်မာနယ်စပ်၊ ဇိုခေါထာရ်ရွာမှာ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းပြီး လျှင်မြန်စွာ စစ်ဆေးရေးဂိတ်တစ်ခုကို ပြုလုပ်ပြီး ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက သံသယဖြစ်ဖွယ် မြန်မာနိုင်ငံသားတစ်ဦးကို ကြားဖြတ်ဖမ်းဆီးခဲ့ပြီး ၎င်းနဲ့အတူ ခန့်မှန်းခြေ ၂.၂၂ ကီလိုဂရမ် အလေးချိန်ရှိ မက်သာအမ်ဖက်တမင်းဆေးပြား ၂၀၂၀၀ ပြားကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုမှု လမ်းကြောင်းများ ဆက်လက်တည်ရှိနေခြင်းဟာ မီဇိုရမ်ပြည်အတွက် စိုးရိမ်မှုများပိုမိုမြင့်တက်လာစေခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ တားမြစ်ထားတဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများစာရင်းဝင် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို ဥပဒေအရအရေးယူဆောင်ရွက်နိုင်မှုနဲ့ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် ဇိုခေါထာရ်ရဲစခန်းကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။
ယခုဖမ်းဆီးရမိတဲ့ မက်သာအမ်ဖက်တမင်းကို ဒေသအခေါ် meth (သို့) Ice ဟုလူသိများပြီး အာရုံကြောစနစ်ကို ပြင်းထန်စွာထိခိုက်စေနိုင်တဲ့ စွဲလမ်းစေတတ်တဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်း ဤဆေးဝါးကို ရောင်းဝယ်ဖောက်ကားခြင်းနဲ့ သုံးစွဲခြင်းကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဥပဒေ (NDPS Act) အရတင်းကြပ်စွာတားမြစ်ထားတာဖြစ်ပါတယ်။
