Headlines

အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ ရပ်တန့်ဖို့ India For Myanmar တောင်းဆို

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေအပေါ် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India For Myanmar က အိန္ဒိယအစိုးရကို သြဂုတ်လ ၅ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာတွေ အပါအဝင် စစ်ကောင်စီကို ပံ့ပိုးကူညီပေးနေတာတွေ ရပ်တန့်ပေးဖို့ အပြင် လူသားချင်းစာနာမှုဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာဒုက္ခည်တွေဟာ ၎င်းတို့ကို စစ်ကောင်စီလက်ထဲ မလွှဲအပ်ဖို့ အိန္ဒိယအစိုးရကို ယခင်ကတည်းက အစာငတ်ခံ ဆန္ဒပြခဲ့ပြီး အိန္ဒိယအစိုးရက အင်ဖာထောင်တာဝန်ရှိသူတွေနဲ့ ပြန်ညှိနှိုင်းစဉ် အစာငတ်ခံ ဆန္ဒပြတာ ယာာယီဆိုင်းငံခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ကစလို့ ပြန်လည်စတင်ပြီး အစာငတ်ခံဆန္ဒပြနေတယ်လို့်လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ် အင်ဖာထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေက မဏိပူအစိုးရက မြန်မာစစ်ကောင်စီလက်ထဲ သူတို့ကိုပြန်မပို့ဘဲ သူတို့ကို မူလဖမ်းဆီးခဲ့တဲ့ နယ်စပ်မြို့မိုးရေးမြို့ကိုဘဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *