Headlines

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေကို ပေါင်းစည်းကာ တပ်မတော်တစ်ရပ်အဖြစ်ဖွဲ့စည်းဖို့ အခြေခံမှုတွေ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်

မေလ ၁၂ ရက်။ ချင်းညီနောင်အဖွဲ့ရဲ့ မြေပြင်အစည်းအဝေးမှာချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များပေါင်းစည်းကာ ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို ကာကွယ်ပေးနိုင်တဲ့ ပိုမိုကျစ်လစ်ခိုင်မာတဲ့ တပ်မတော်တစ်ရပ် (Standard Army) အဖြစ်တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမှုများ ချမှတ်ခဲ့တယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ အနာဂတ်မှာ ချင်းပြည်သူလူထုတရပ်လုံး ကိုယ်စားပြုတဲ့ ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခြင်းအစရှိတဲ့ ဒီမိုကရေစီစံနှုန်းထားတွေ ပါဝင်တဲ့ ချင်းညီနောင်ရဲ့ Tems of Refence (ToR) အတိုင်း ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ဖို့ သဘာတူခဲ့ကြတယ်လို့လည်း ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်တွင်း မဟာမိတ်ဆက်ဆံရေးနဲ့ စပ်လျဉ်းပြီး သော်လည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် စပ်လျဉ်း၍သော်လည်းကောင်း စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး မူဝါဒတွေ…

Read More

NUG/NUCC urges political parties not to participate in military council elections

May 11. The National Unity Government (NUG) and the National Unity Consultative Council (NUCC) on May 10 issued a press release urging registered political parties not to participate in the illegitimate, illegitimate, sham elections that are being held to maintain the military regime’s grip on power and prolong the military dictatorship, ignoring the various sufferings…

Read More

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ နိုင်ငံရေးပါတီတွေကို NUG/NUCC က တိုက်တွန်း

မေလ ၁၁ ရက်။ ပြည်သူလူထု၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို လျစ်လျူရှုလျက် စစ်အုပ်စုမှ အာဏာဆက်လက် ချုပ်ကိုင်နိုင်ရေး နှင့် စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်စေရေးအတွက် ဟန်ပြပြုလုပ်ကျင်းပမည့်၊ ရှိသင့်ရှိထိုက်သော ကြန်အင်လက္ခဏာနှင့် စံနှုန်းများ ပျက်ကွက်ချို့ယွင်း‌နေသည့် ဂုဏ်သိက္ခာကင်းမဲ့လှသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မပြုကြရန် အကြံပြု တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) က မေလ ၁၀ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ NUG နှင့် NUCC ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီမှ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသို့ အကြံပြုတိုက်တွန်းခြင်း ထုတ်ပြန်ချက်မှာ နာဂစ်…

Read More

နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ သတင်းမီဒီယာတွေ ရေရှည်ရပ်တည်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ BNI ထုတ်ပြန်

မေလ ၁၁ ရက်။ “အကျပ်အတည်းကာလ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ ညီလာခံတက်ရောက်လာကြတဲ့ သတင်းသမားတွေ လက်တလောကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအပါအဝင် အခြားအခက်အခဲများကို တင်ပြဆွေးနွေးမှုအပေါ် အလှူရှင်များနဲ့ တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေက အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာတွေ ရေရှည်ရပ်တည်နိုင်ရေး အတွက် နိုင်ငံတကာအကူအညီ ထောက်ပံ့မှုများအပြင် သတင်းမီဒီယာ တစ်ခုချင်းစီက နည်းလမ်းများ နည်းလမ်းများ ရှာဖွေကြိုးစားသင့်ကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ တိုင်းရင်းသားမီဒီယာ ၁၅ ဖွဲ့ နဲ့ စုစည်းထားတဲ့နိုင်ငံတကာမြန်မာသတင်း (Burma News International – BNI) က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ “အကျပ်အတည်းကာလ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ နဝမကြိမ်မြောက်…

Read More

Military Council airstrikes on Mindat town on May 9 night, damaging 15 houses, injuring several people

May 11. On May 9, at around 10:30 p.m., the Military Council carried out two airstrikes on Mindat town in Chin State, causing minor injuries and damaging 15 government buildings and public houses, the Mindat Township People’s Administration announced on May 10. On May 7, the Military Council also carried out an airstrike on Mindat…

Read More

မင်းတပ်မြို့ကို မေလ ၉ ရက်ညက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့နေအိမ် ၁၅ လုံးခန့်ပျက်စီး၊ဒဏ်ရာရသူအနည်းအကျဉ်းရှိခဲ့

မေလ ၁၁ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မေလ ၉ ရက်နေ့ ညအချိန် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူ အနည်းအကျဉ်းရှိခဲ့ပြီး အစိုးရအဆောက်အဦနှင့် ပြည်သူနေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။ မင်းတပ်မြို့ကိုစစ်ကောင်စီက ယခုရက်ပိုင်းတွင်း လေကြောင်းတိုက်ခိုက်မှုတွေခပ်စိပ်စိပ်ပြုလုပ်နေပါတယ်။ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF –…

Read More

၂၀၂၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ဇိုမီးအမျိုးသားပါတီ၊ခူမီးအမျိုးသားပါတီတို့ဝင်ရောက်ယှဉ်ပြိုင်မယ်

မေလ ၁၀ ရက်။ ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ အာဏာသိမ်းစစ် ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ဇိုမီးအမျိုးသားပါတီ၊ခူမီးအမျိုးသားပါတီတို့ယှဉ်ပြိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)မှာ ပါတီရုံးချုပ်ဖွင့် လှစ်ထားတဲ့ ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ကစလို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ခူမီးအမျိုးသားပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ…

Read More

Myanmar Star Season 2 Grand Final သီချင်းဆိုပြိုင်ပွဲမှာ Winner ဆုကို ချင်းလူငယ် Ephraim Kyaw Oo မှ ရရှိ

မေလ ၉ ရက်။ Myanmar Star Season 2 Grand Final သီချင်းဆိုပြိုင်ပွဲကို မေလ ၉ ရက်ည ရန်ကုန်မြို့မှာ အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပြီး ပလက်၀သား ချင်းတိုင်းရင်းသား Ephraim Kyaw Oo မှ Winner ဆု ရရှိ ဆွတ်ခူးခဲ့ကာ Nan Ni မှ First Runner up ကို လည်းကောင်း၊ ချင်းတိုင်းရင်းသူ Hoihpi မှ Second Runner up ကို လည်းကောင်း အသီးသီး ဆွတ်ခူး ရရှိခဲ့ ကြောင်း တိုက်ရိုက် ထုတ်လွင့်မှုများ အရ သိရှိရပါတယ်။ Myanmar Season 2…

Read More