Headlines

ဖလမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း နေအိမ်တချို့ဖျက်ဆီးခံရတာ၊ ပစ္စည်းပျောက်တာတွေအပေါ် ဒေသခံပြည်သူတွေကို တောင်းပန်ကြောင်း CNO ထုတ်ပြန်

မေလ ၁၅ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ (၅) လ ကာလတာအတွင်း မြို့တွင်းနေအိမ်တချို့ ဖျက်ဆီးခံရတာ ပစ္စည်းပျောက်တာတွေရှိခဲ့တဲ့ပေါ် ဖလမ်းမြို့ခံပြည်သူတွေကို တောင်းပန်တဲ့အကြောင်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားအဖွဲ့ချုပ်(CNO) က မေလ ၁၄ ရက်နေ့မှာအသိပေးစာထုတ်ပြန်ပါတယ်။ ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း ဖလမ်းမြို့ထဲက နေအိမ်တွေ၊ဘုရားကျောင်းတွေ ပျက်စီးတာတွေ မြင်တွေ့ရတာ စိတ်မကောင်း၊ ဝမ်းနည်းမိကြောင်းကိုလည်း CNO ကဖော်ပြထားပါတယ်။ “ မြို့တွင်းပြည်သူလူထုရဲ့ အိမ်တွင်းပစ္စည်းတွေအားလုံးကို မကာကွယ်ပေးနိုင်ခဲ့တဲ့အပေါ် ဘုရားသခင်နာမနဲ့ တောင်းပန်ချင်တယ် ဒီနေရာမှာ နားလည်ပေးဖို့ တောင်းဆိုချင်တာက တိုက်ပွဲနိုင်ဖို့တစ်ခုကိုဘဲ အရေးကြီးဆုံးအဖြစ်ထားပြီး စိတ်နှလုံးပုံအပ်ထားတော့ မြို့ကိုကာကွယ် စောင့်ရှောက်ဖို့ကြိုးစားရဲ့သားနဲ့ ပြည်သူတွေရဲ့ အိမ်တွေ၊ပစ္စည်းတွေ ဖျက်စီးခံရတာ ပျောက်တာတွေ ရှိခဲ့တယ်” လို့ CNO က ဆိုပါတယ်။ မြင်တွေ့ရတဲ့ ပစ္စည်းတချို့ကိုလည်း…

Read Full News

A villager from Nan Han Nwe village in Kalay Township stepped on a landmine while going into the forest, seriously injured and having his leg amputated

May 14. On May 12, Tg Neng Khen Thang, a villager from Nan Han Nwe village in Kalay Township, went into the forest near the Khuakhung stream to cut bamboo and stepped on a landmine, seriously injured and having his leg amputated and is undergoing surgery at the Kalay Hospital, a local resident said. “He…

Read Full News

ကလေး – တမူးကားလမ်းပိတ်တာ ၂ လနီးပါးကြာလာတဲ့အချိန် တမူးမြို့မှာ ဓာတ်ဆီ ၁ ဂါလံကို ကျပ် ၄ သောင်းခွဲကနေ ၅ သောင်းနီးပါးအထိဈေးပေါက်နေတယ်လို့ သိရ

မေလ ၁၄ ရက်။ အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ကလေး – တမူးကားလမ်းပိတ်တာ ၂ လနီးပါးကြာလာတဲ့အချိန် စက်သုံးဆီတွေ ပြတ်လပ်နေပြီး စက်သုံးဆီဈေး (ဓာတ်ဆီ)းနှုန်းလည်း တဂါလံကို ကျပ် ၄ သောင်းခွဲကနေ ၅ သောင်းနီးပါးအထိ ဈေးပေါက်နေတယ်လို့ တမူးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေး – တမူးကားလမ်းမဟာ အခုထိမဖွင့်နိုင်သေးဘဲ တမူးနယ်ထဲမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ ထိန်းချုပ်ထားတဲ့ ရွာတွေ ရှိသလို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကလည်း ထိန်းချုပ်ထားတဲ့ နေရာအများစုတွေလည်း ရှိနေတာတွေကြောင့် ဆီကားတွေ မသွားရဲကြသလို စက်သုံးဆီသယ်ယူတာတွေကိုလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက “ကလေးမြို့ မြောက်ပိုင်းလမ်းတွေပိတ်ထားတယ် တမူးဘက်တွေပေါ့ စက်သုံးဆီတွေဆိုတာလည်း ကလေးမြို့ကနေ တဆင့်သွားရတာဆိုတော့ကလေးမြို့ လက်ပံချောင်းလမ်းကနေ ကွင်းလမ်းကနေ သွားရတာဆိုတော့…

Read Full News

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA)ထံ လွှဲပြောင်း ခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးနေဆဲဖြစ်တယ်လို့ CNF ပြော

မေလ ၁၄ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ လွှဲပြောင်း အပ်နှံခဲ့တဲ့ မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်မြို့က စစ်ဘေးရှောင် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ (CNF/CNA) ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာ စစ်ဘေးရှောင်နေတဲ့ မြန်မာနိုင်ငံသား ၆ ဦးဟာ ကျန်ဖိုင်မြို့မှာ မူးယစ်ရမ်းကားပြီး အဓိကရုန်းဖြစ်စေတာကြောင့် မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မေလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ လွှဲပြောင်း အပ်နှံခဲ့တာလို့ ဒေသအခြေစိုက် သတင်းတွေဖော်ပြချက်အရ သိရပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ လက်ရှိ လွှဲပြောင်းထားတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို…

Read Full News

ကလေးမြို့နယ် နန်းဟံနွဲ့ရွာသား တစ်ဦး တောထဲသွား ရာမှ မိုင်းနင်းမိပြီး ၊ဒဏ်ရာ အပြင်းအထန်ရရှိကာ၊ခြေထောက် ဖြတ်‌ရ

မေလ ၁၄ ရက်။ မေလ ၁၂ ရက်မှာ ကလေးမြို့နယ် နန်းဟံနွဲ့ရွာသား Tg Neng Khen Thang ဟာ khuakhung ချောင်းဖျားဘက်ရှိ တောထဲသို့ သစ်ဝါးခုတ် သွားရာမှ မိုင်းနင်းမိကာ ဒဏ်ရာ အပြင်းအထန် ရရှိပြီး ခြေထောက် ဖြတ်‌ရကာ ကလေးမြို့ ဆေးရုံမှာ ခွဲစိတ် ကုသ ခံနေရတယ် လို့ ဒေသခံ ရွာသား တစ်ဦး ထံမှ သိရှိ ခဲ့ရ ပါတယ်။ “သူက တစ်ကိုယ် သမား၊ လူပျိုကြီး ဖြစ်တယ်။ လက်လုပ်လက်စား တစ်ယောက်ပါ။ တောထဲ သစ်ဝါးခုတ်၊ ငါးမျှား မျှစ်ချိုး ‌ပြီး ရောင်းချ အသက်မွေးဝမ်းကြောင်း ပြုသူ တစ်ဦးပါ။ လူနာစောင့် လိုက်ပေးမယ့်…

Read Full News

မင်းပြားမြို့နယ်က ချင်းအမျိုးသမီးတစ်ဦး မလေးရှားက ပွဲစားအိမ်မှာ အကြမ်းဖက်ခံနေရကြောင်း လွတ်မြောက်လာသူတွေဆီက သိရ

မေလ ၁၄ ရက်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာက အသက် ၂၂ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးဟာ မလေးရှားနိုင်ငံက ပွဲစားအိမ်မှာ ရွေးမယ့်သူမရှိလို့ အကြမ်းဖက်ခံနေရတယ်လို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။ မင်းပြားမြို့နယ်နဲ့ အမ်းမြို့နယ်မှ ချင်းအမျိုးသမီး ၆ ဦးဟာ မလေးရှားနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ အလုပ်ရမယ်လို့ ပွဲစားတွေရဲ့ ချိတ်ဆက်ပေးမှုနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့မှ ထွက်လာပြီး မေလ ၁၀ ရက်နေ့မှာ မလေးရှားကို ရောက်ရှိခဲ့ကာ၊အဲဒီအမျိုးသမီးတွေကို ပွဲစားတွေက စားသောက်ဆိုင်မှာ အလုပ်မသွင်းပေးဘဲ မလေးရှားနိုင်ငံက KTV ဆိုင်တစ်ခုမှာ အတင်းဓမ္မ လုပ်ခိုင်းတာကြောင့် အမျိုးသမီးတွေဟာ မလုပ်ချင်တဲ့အတွက် ပွဲစားရဲ့ အကြမ်းဖက်မှုကိုခံနေရကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ မိမိအသိမိတ်ဆွေ၊ ဆွေမျိုးတွေကို ပွဲစားဆီက ရွေးပေးဖို့ အကူညီတောင်းခဲ့ကြပြီး…

Read Full News

NIC cards reissued at the Immigration office in Tedim Township, many people have applied for registration

May 14. Since May 12, the Tedim Township Immigration Department has resumed the process of applying for National Identity Card/citizenship verification cards (NIC Card), and hundreds of people have been lining up to apply for registration, according to residents of Tedim Township. “The revolutionary groups burned down the township’s Immigration office in October 2022. Then,…

Read Full News

တီးတိန်မြို့က လဝကရုံးမှာ မှတ်ပုံတင် ကဒ်ပြား ပြန်လည် ထုတ်ပေး၊ မှတ်ပုံတင် လျှောက်ထားသူ ပြည်သူများပြား

မေလ ၁၄ ရက်။ မေလ ၁၂ ရက်နေ့ကနေ စပြီး တီးတိန် ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ရုံးကနေ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်)လျှောက်ထား ပြုလုပ်ခွင့် ပြန်လည် ဆောင်ရွက် ပေးတဲ့ အတွက် ရာနဲ့ ချီတဲ့ ပြည်သူ များ တန်းစီ ပြီး မှတ်ပုံတင် လျှောက်ထားလျက် ရှိကြောင်း တီးတိန်မြို့နေ ပြည်သူများထံမှ သိရှိရ ပါတယ်။ “တော်လှန်ရေး အဖွဲ့တွေက မြို့နယ် လဝကရုံးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ မီးရှို့ခဲ့ ဖူးတယ်။ ပြီးတော့ PDF-Zoland တပ်ဖွဲ့တွေက ခရိုင် လဝကမှူးကို အရင်နှစ် ဧပြီလ ၁၄ ရက်မှာ စစ်မှုထမ်းမယ့် စာရင်း ကောက်ပေးတယ်…

Read Full News