ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကပြည်သူတွေကို မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများနှင်လေကြောင်းပျံသန်းမှုများကိုဆက်တိုက်ပြုလုပ်နေသည့်အတွက် လေကြောင်းသတိ ၊လေကြောင်းသတိရှိပေးကြပါရန် အသိပေးအပ်ကြောင်း CDF-Mindat က ဒီနေ့ဩဂုတ်လ ၁၁ ရက်မှာအသိပေးကြေညာထားပါတယ်။
ဩဂုတ် ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျလို့မင်းတပ်မြို့ပေါ်၊ အရှေ့ပြင်ရပ်ကွက်၊ ဘန်ကလိုအနီးရှိ ဥယျာဉ်ခြံထဲမှာဒေသခံအသက် ၃၀ ကျော် အမျိုးသမီးတဦး သေဆုံးပြီး သမီးဖြစ်သူ လက်နဲ့ ခေါင်းမှာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ The Mindat Post ရဲ့သတင်းအရသိရပါတယ်။
ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နေ့လည် ၁၂ နာရီခန့်က မင်းတပ်မြို့နယ်၊တိုက်နယ် (၁) ဘက်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့သောလို့စာသင်ကျောင်း နှင့် အရပ်သားနေအိမ်တချို့ထိခိုက်ပျက်ဆီးသွားတယ်လို့မင်းတပ်ဒေသခံတွေဆီကသိရပါတယ်။
မင်းတပ်မြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်းစစ်ကောင်စီက လက်နက်ကြီး နဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်တာမျိုး ခပ်စိပ်စိပ်ပြုလုပ်လာပါတယ်။
မင်းတပ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၆ လတာအတွင်း အပြစ်မဲ့ပြည်သူ ၈ ဦး(မြို့နယ်ပြင်ပသို့ ကယ်ရီသမားအဖြစ်သွားခဲ့ကြသည့်ပြည်သူ ၆ ဦးအပါအဝင်) နှင့် CDF တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးကာ ၊ပြည်သူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ် )ကသြဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။