Headlines

CNF ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်ခြင်းပေါ် နှမြောတသဖြစ်ရကြောင်း KIO က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ဇွန်လ ၂၄ ရက်။ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော်(CNF/A) စတင်တဲ့ ၁၉၈၈ ကတည်းက ပါဝင်လာခဲ့သူဖြစ်ပြီး ချင်းအမျိုးသားတပ်မတော်(CNA)မှာ ၃၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ၊ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling အသက် (၆၂) နှစ် ကွယ်လွန်သွားရခြင်းအပေါ် ဝမ်းနည်းကြေကွဲ နှမြောတသဖြစ်ရတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO )က ဇွန်လ ၂၃ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဗိုလ်မှူးကြီး Biak Ling ဟာ အရေးကြီးတဲ့ တော်လှန်ရေး တာဝန်တွေကို ဦးထိတ်ထားကာ ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးစားသွားခဲ့တဲ့ပေါ် KIO ဗဟိုကော်မတီ နှင့် တကွ KIO တပ်ဖွဲ့ဝင်တွေက လေးစားဂုဏ်ပြုအပ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးစဉ်အတွင်း ဝါရင့်တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်တဲ့…

Read More

တီးတိန်မြို့နယ်က လေထန်ကုန်း ခေါ် Thangmual ဒေသကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲပြီး ဒေသခံ တစ်ဦး ဒဏ်ရာ ရရှိ

ဇွန်လ ၂၄ ရက်။ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကလေး-တီးတိန် လမ်းမကြီး ပေါ်ရှိ အများအပန်းဖြေရာ နေရာ တစ်ခု ဖြစ်တဲ့ တီးတိန်မြို့နယ်က လေထန်ကုန်း ခေါ် Thangmual အနီးတဝှိုက်ကို စစ်ကောင်စီ လေတပ်မှ ဗုံး နှစ်လုံး ကြဲချခဲ့တာ ကြောင့် အနီးအနား နေ ဒေသခံ တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ် လို့ ဒေသခံများ ထံမှ သိရှိရပါတယ်။ “တက်လာတဲ့ တိုက်လေယာဉ်က ဗုံး ၆ လုံးလောက် ကြဲချ ခဲ့တယ်။ နှစ်လုံးက လေထန်ကုန်း လို့ ခေါ်ကြ တဲ့ ထုတ်လိုင် လမ်းခွဲ အနားကို ကျ ပေါက်ကွဲ…

Read More

မင်းတပ် – မတူပီ ကားလမ်း ပြန်အသုံးပြုလို့ရပြီလို့ မင်းတပ် ပအဖ ထုတ်ပြန်

ဇွန်လ ၂၄ ရက်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းတပ် – မတူပီ လမ်းမှာ မြေပြိုပျက်စီးခဲ့တဲ့ လမ်းပိုင်း တွေကို ပြုပြင်ပြီးစီးသွားပြီဖြစ်လို့ ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ကစလို့ ပြန်အသုံးပြုလို့ ရပြီလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မင်းတပ် – မတူပီ လမ်းမကြီးဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းတွေ မြေပြိုပျက်စီးခဲ့ပြီး ပျက်စီးခဲ့တဲ့ လမ်းတွေကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၈ ရက်နေ့ကစလို့ စက်ယန္တရားတွေနဲ့ ပြုပြင်ဆောင်ရွက်ခဲ့ပြီး လမ်းပြုပြင်ဆောင်ရွက်နိုင်ဖို့ကိုလည်း ဇွန်လ ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ဟာကို ပြန်ပယ်ဖျက်လိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။ ချင်းပြည်နယ်မှာ မိုးတွင်းကာလအတွင်း ကားလမ်းတွေမြေပြိုတာ လမ်းပျက်စီးတာတွေကြောင့် မကြာခဏ…

Read More

အစ္စရေးနဲ့အီရန် အပစ်အခတ်ရပ်စဲပြီဖြစ်ပြီး အစ္စရေး-အီရန် ၁၂ ရက်ကြာစစ်ပွဲ လို့ သမ္မတထရမ့် ခေါ်ဆို

ဇွန်လ ၂၄ ရက်။ အစ္စရေး နဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲပြီဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းစွာ တစ်ဖက်နဲ့တစ်ဖက် လေးစားမှုဖြင့် နေထိုင်ရမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲမှု စနစ်တကျအလုပ်ဖြစ်သွားပါက “၁၂ ရက်ကြာ စစ်ပွဲ” လို့ ခေါ်ဆိုရမယ့်အရာကို အဆုံးသတ်နိုင်တဲ့ ဇွဲ၊ သတ္တိနှင့် ဉာဏ်ပညာရှိသော နိုင်ငံနှစ်ခုလုံးဖြစ်တဲ့ အစ္စရေးနဲ့ အီရန်တို့ကို ကျွန်ုပ် ဂုဏ်ပြုလိုပါတယ် လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားကြောင်း ဇွန်လ ၂၄ ရက် ဒီကနေ့ မနက်မှာ အိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။ အစ္စရေးနဲ့ အီရန်အကြား ၎င်းတို့၏ ဆက်လက်လုပ်ဆောင်နေတဲ့ နောက်ဆုံးမစ်ရှင်များကို ခြောက်နာရီအတွင်း လျှော့ချပြီးစီးတဲ့အခါ အပစ်အခတ်ရပ်စဲရေးကို ၁၂ နာရီကြာပြုလုပ်မည်ဖြစ်ပြီး ထိုအချိန်တွင် နှစ်ဖက်စစ်ပွဲပြီးဆုံးပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း နှစ်ဖက်နိုင်ငံစလုံးက လုံး၀သဘောတူညီခဲ့ပြီးဖြစ်တယ်လို့ အိမ်ဖြူတော်လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။ တရားဝင်အားဖြင့်…

Read More

အမေရိကန်အစိုးရ၏ အခွန်တိုးမြှင့်ခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်မှုများက အမေရိကားရောက် မြန်မာလူမှုအသိုင်းအဝိုင်းအတွက် ဘယ်လို ကယက်ရိုက်ခတ်ခဲ့သလဲ?

By Sanvi Bangalore, NBC News June 22,2025 ပြီးခဲ့သည့် တစ်နှစ်အတွင်း အမေရိကန်အစိုးရ၏ အခွန်မြင့်တက်မှုနဲ့ ပို့ဆောင်ရေးစရိတ်များမြင့်တက် လာမှုကြောင့် ဆန်နဲ့မြန်မာစားသောက်ကုန်ပစ္စည်းများရဲ့ စျေးနှုန်းသည် ၄၀ရာခိုင်နှုန်းအထိ မြင့်တက် လာပြီး စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်လုပ်ငန်းများ၏ပုံမှန် အမြတ်ငွေ ၄၀ရာခိုင်နှုန်း သည် ၃၅ ရာခိုင်နှုန်းခန့်မှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု အင်ဒီယားပြည်နယ်၊အင်ဒီယာပိုလစ်မြို့ရှိ (Chin Brothers Restaurant & Grocery) စားသောက်ဆိုင်ပိုင်ရှင်အမေရိကန်ရောက် မြန်မာနိုင်ငံဖွား Than Hre က ပြောပါသည်။ အမေရိကန်ပြည်ထောင်စုတွင် မြန်မာလူထု အကြီးဆုံး အခြေချနေထိုင်ရာဖြစ်သည့် လူဦးရေ၃၀,၀၀၀ ခန့်ရှိသော အင်ဒီယာနာပိုလစ်မြို့ရှိ အခြားလုပ်ငန်းများစွာအတွက်လည်း အလားတူပင်ဖြစ်ကြောင်း မြန်မာအမေရိကန်လူထုအဖွဲ့အစည်း (Burmese American Community Institute) ၏ထုတ်ပြန်ချက်အရ…

Read More

တီးတိန်မြို့နယ်၊ခိုင်ကမ်းဆင်စခန်း ဗုံးကြဲခံရပြီး ဆင်ထိန်း လူငယ် တစ်ဦး သေဆုံး၊အမျိုးသမီး တစ်ဦး ဒဏ်ရာအပြင်းအထန်ရ

ဇွန်လ ၂၃ ရက်။ မနေ့ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့ နဲ့ ၅ မိုင်ခန့် အကွာ ရှိ ခိုင်ကမ်းဆင်စခန်း ခေါ် အပန်းဖြေ စခန်းကို စစ်ကောင်စီတပ်မှ လေယာဉ် နဲ့ ဗုံးကြဲတဲ့ အတွက် အသက် ၁၆ နှစ် အရွယ် ဆင်ထိန်း လူငယ် တစ်ဦး သေဆုံး ခဲ့ပြီး အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း၊ အနီးရှိ ကွဲချောင်းကူး ကြိုးတံတားဟာ ပျက်စီးခြင်း မရှိကြောင်း ဒေသခံများ ထံမှ သိရှိရပါတယ်။ “မနေ့က ညနေပိုင်းမှာ လေယာဉ် တစ်စီး ခိုင်ကမ်းမြို့ အထက်ဘက် ကို…

Read More

မင်းတပ်မြို့မှာ ပိတ်ပင်ထားတဲ့ အရက်၊ ဘီယာတွေကို ဖမ်းဆီးရမိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်

ဇွန်လ ၂၃ ရက်။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက မင်းတပ်မြို့နယ်အတွင်း တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနှင့် အရက်၊ ဘီယာတွေကို မင်းတပ်မြို့ပေါ်အတွင်း ရှောင်တခင်စစ်ဆေးရာမှာ ဖမ်းဆီးရမိတဲ့ အရက်ဘီယာတွေကို ဇွန်လ ၂၀ ရက်မှာ ပိုင်ရှင်တွေနဲ့ အများပြည်သူရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၃ ရက်နေ့ မှာထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ အရက်၊ ဘီယာတွေရဲ့ စာရင်းတွေကိုလည်း ဖော်ပြထားပြီး Yoma တံဆိပ်ပါ ဘီယာဘူး ၂၅ ဘူး၊ Tappper တံဆိပ်ပါ ဘီယာဘူး ၁၈ လုံး၊ Grand Royal အရက်ပုလင်း ၃လုံးနဲ့ ၅ ဂါလံပုံးတစ်ပုံး၊ ဝီစကီ အရက်ဘူး ၁၄ ဘူး၊ ရွှေအရက်သန့် တံဆိပ် ပါ ၁…

Read More

တီးတိန်မြို့နယ်မှာ မိဘတွေရဲ့ဆန္ဒကြောင့် ကျောင်းဖွင့်ရခြင်းဖြစ်ပြီး၊ကျောင်းသား/သူ ၁ သောင်းကျော် ကျောင်းတက်ရောက်လျက်ရှိ

ဇွန်လ ၂၃ ရက်။ တီးတိန်မြို့နယ်မှာ ဇွန်လ တတိယ ပတ် အထိစာရင်းအရ ဖွင့်လှစ်နိုင်ခဲ့တဲ့ အခြေခံပညာကျောင်း (၇၁) ခု ကနေ ကျောင်းတက်သူ ဦးရေ (၁၀,၃၄၅) ဦး ရှိကာ အခုလို ကျောင်းဖွင့်နိုင်ခြင်းဟာ ကျောင်းသားမိဘများ လိုလား တောင်းဆိုချက် ကြောင့် ဖြစ်တယ် လို့ တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိရပါတယ်။ “လက်ရှိ အချိန်မှာ ကျောင်း ဖွင့်နိုင်ဖို့က မိဘတွေ အရေးကြီးပါတယ်။ လုံခြုံရေး နဲ့ ပတ်သက်ပြီး မိဘတွေရဲ့ ပံ့ပိုးမှု မရှိဘဲ ကျောင်းဖွင့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရွာခံတွေ၊ မိဘတွေက လုံခြုံရေး အရ ကျောင်းဖွင့်ဖို့ အဆင်မပြေဘူး ဆိုရင် ဖွင့်လို့ ရတဲ့ ကျောင်း…

Read More