Headlines

ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့မှာ အခြေခံစစ်သင်တန်းတက်ရင်း သင်တန်းသား ဆလိုင်းရဲမင်းနိုင်ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်

သြဂုတ်လ ၉ ရက်။ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) မှာ အခြေခံစစ်ပညာသင်တန်း တက်ရောက်နေရင်း ရုတ်တရက် နေမကောင်းဖြစ်လို့ သင်တန်းသား ဆလိုင်းရဲမင်းနိုင်သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ CDF – Asho က သြဂုတ်လ ၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဆလိုင်းရဲမင်းနိုင်ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်ရန်အတွက် သင်တန်းတက်နေစဉ်အတွင်း နေမကောင်းဖြစ်လို့ ရုတ်တရက်ကျဆုံးခဲ့ရတာကြောင့် အခုလို ဆုံးရှုံးမှုဟာ ချင်းကာကွယ်ရေးတပ် – အရှိုအတွက် အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုဖြစ်ပြီး စုဆောင်းရေးကာလနှင့် သင်တန်းကာလအတွင်း ပေးအပ်လာတဲ့ တော်လှန်ရေးတာဝန်တွေကို အသက်နှင့် ခန္ဓာစွန့်ပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုအနေနဲ့ များစွာ…

Read Full News

ပလက်၀‌ဒေသခံများနဲ့ပတ်သက်ပြီး ULA/AA ကို တောင်းဆိုချက် (၄) ချက် တောင်းဆိုကြောင်း CHRO ထုတ်ပြန်

ဩဂုတ်လ ၉ ရက်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံပြည်သူများနဲ့ပတ်သက်ပြီး ပလက်ဝ‌ဒေသအား ထိန်းချုပ်ထားတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ကို တောင်းဆိုချက် ၄ ချက် တောင်းဆိုကြောင်း ဒီကနေ့ ဩဂုတ်လ (၉) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနတိုင်းရင်းသားများနေ့ (International Day of the World’s Indigenous Peoples) မှာထုတ်ပြန်ပါတယ်။ CHRO ရဲ့ အဆိုပါတောင်းဆိုချက် ၄ ချက်ကတော့ “ပလက်ဝရှိ ဌာနေတိုင်းရင်းသားများအား အတင်းအဓမ္မပေါင်းစည်းမှု၊ ယဉ်ကျေးမှုဖိနှိပ်မှုနှင့် ပိုင်ဆိုင်မှုဖယ်ရှားမှုဆိုင်ရာလုပ်ရပ်များ ချက်ချင်းရပ်တန့်ရေး၊ ဒေသခံအသိုက်အဝန်းများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအခွင့်အရေးများကို အပြည့်အဝလေးစားရေး၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူထုခေါင်းဆောင်များကို အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုနှင့် ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးရေး၊ မိမိတို့၏ ကိစ္စရပ်များကို…

Read Full News

CSARN မှ ချင်းအမျိုးသမီး ၈ ယောက်အတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀ တန် Research Fellowship များ ပေးအပ်မည်

( ချင်းအမျိုးသမီးများအတွက် ထူးခြားသောအခွင့်အလမ်း ) Chin State Academic Research Network (CSARN) မှ ယခုအပတ် အတွင်း ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းအမျိုးသမီး ၈ ယောက်အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ (USD) ၂,၀၀၀ စီ တန်ဖိုးရှိသော Research Fellowship များ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ CSARN) မှ ခေါ်ယူနေတဲ့ Research Fellowship များအတွက် ရွေးချယ်ခံရမယ့် ချင်းပြည်နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းအမျိုးသမီး ၈ ယောက်အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ (USD)…

Read Full News

“အိန္ဒိယနိုင်ငံ၏ တက္ကသိုလ်များတွင် CHO-HRH SCHOLARSHIP ဘွဲ့ကြိုပညာသင်ဆုဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များသင်ကြားနိုင်ပြီ”

ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ကြေညာချက် . ကျန်းမာရေးဆိုင်ရာ လူသားရင်းမြစ် (HRH – Human Resources for Health) ပညာသင်ဆုပရိုဂရမ် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး အသက်မွေးဝမ်းကြောင်း ရှာဖွေနေသော ကျောင်းသားများအတွက် ပညာသင်ဆုများ ရရှိနိုင်ကြောင်း CHO (Chin Health Organization) မှ ဝမ်းမြောက်ဝမ်းသာ ကြေညာအပ်ပါသည်။ . ဤပညာသင်ဆုသည် ကျန်းမာရေး ဝန်ဆောင်မှု အရောက်နည်းပါးသော ရပ်ရွာများအတွက် ကျွမ်းကျင်သော ပညာရှင်များ မွေးထုတ်ပေးဖို့အတွက် ရည်ရွယ်ပါသည်။ . လျှောက်ထားသူများသည် အောက်ဖော်ပြပါ eligibility criteria (ပြည့်မီရမည့် စံသတ်မှတ်ချက်များ) နှင့် ကိုက်ညီရမည်ဖြစ်ပြီး ဤပညာသင်ဆုသည် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားရေးအတွက်သာ အကျုံးဝင်ပါသည်။ . ရရှိနိုင်သော ပညာသင်ဆုများ:…

Read Full News

ပလက်ဝမြို့နယ်မှာ ကလေးငယ် ၂ ဦးသာရှိနေတဲ့အချိန်အိမ်မီးလောင်မှုဖြစ်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရ

ဩဂုတ်လ ၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း၊ ပကာဝကျေးရွာမှာ သြဂုတ်လ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ ကလေးငယ် ၂ ဦးသာ ရှိတဲ့အချိန် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး နေအိမ်ထဲရှိ ကလေးငယ်တွေကိုတော့ အချိန်မီကယ်ထုတ်နိုင်ခဲ့လို့ လူထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပကာဝကျေးရွာမှာ မီးလောင်မှုဖြစ်ခဲ့တဲ့ အိမ်ရှင် ဇနီးမောင်နှံက တောင်ယာမှာ ညအိမ်သွားတဲ့အချိန် မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်မှာကျန်ခဲ့တဲ့ ၈ နှစ်အရွယ်၊ ၁၀ နှစ်အရွာယ် ကလေး ၂ ဦးကိုတော့ ရွာသားတွေက အချိန်မီကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝ ဒေသခံတစ်ဦးက “ သူတို့မွေးထားတဲ့ ဆိတ်တွေကို ပိုးမွှားတွေ မကိုက်အောင် ညဘက် ကလေးတွေက မီးမွှေးထားပြီး အိပ်တဲ့ချိန် ည…

Read Full News

အပြီးသတ်အောင်ပွဲ မခံရသေးသော ၈၈၈၈ အရေးတော်ပုံကြီး (ဆလိုင်းလျန်မှူန်း)

B A ThangChin World MediaAugust 08, 2018 လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကာလ၊ သြဂုတ်လ ကြီးတွင် နှစ်ပေါင်း (၂၆) နှစ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံအား တပါတီစစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်နေဝင်း၏ မဆလအစိုးရအား ဖြုတ်ချနိုင်ခဲ့ပြီး၊ ဒီမိုကရေစီအရေးများ တောင်းဆိုခဲ့ကြသည်။ ထိုအချိန်အခါကာလတွင် လှည်းနေမြေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုသို့ လမ်းမပေါ်သို့ထွက်ရှိခဲ့ကြကာ ၈၈၈၈ လူထုအရေးတော်ပုံကြီးအား ပါဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း (၃၀) တိုင်ခဲ့လေပြီဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံကြီးနှင့်အတူ ချင်းအမျိုးသားများ၏ လှုပ်ရှားပါဝင်မှုများအားနှင့် စပ်လျှဉ်း၍ ယင်းအချိန်က ဦးဆောင် ပါဝင်ခဲ့ကြသော Pu Nang Lian Thang, Salai Lian Hmung နဲ့ Salai Ngai Sak…

Read Full News

Pu Nang Lian Thang ပြောပြသော ၈၈၈၈ အရေးအခင်းနှင့် ချင်းလူမျိုးများ

 B A Thang Chin World Media August 08, 2018 လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကာလ၊ သြဂုတ်လ ကြီးတွင် နှစ်ပေါင်း (၂၆) နှစ်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံအား တပါတီစစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်နေဝင်း၏ မဆလအစိုးရအား ဖြုတ်ချနိုင်ခဲ့ပြီး၊ ဒီမိုကရေစီအရေးများ တောင်းဆိုခဲ့ကြသည်။ ထိုအချိန်အခါကာလတွင် လှည်းနေမြေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုသို့ လမ်းမပေါ်သို့ထွက်ရှိခဲ့ကြကာ ၈၈၈၈ လူထုအရေးတော်ပုံကြီးအား ပါဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း (၃၀) တိုင်ခဲ့လေပြီဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံကြီးနှင့်အတူ ချင်းအမျိုးသားများ၏ လှုပ်ရှားပါဝင်မှုများအားနှင့် စပ်လျှဉ်း၍ ယင်းအချိန်က ဦးဆောင် ပါဝင်ခဲ့ကြသော Pu Nang Lian Thang, Salai Lian Hmung နဲ့ Salai…

Read Full News

ချင်းညီနောင်အဖွဲ့ခေါင်းဆောင်တွေနဲ့ NUG ယာယီသမ္မတ ၊ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် တို့တွေ့ဆုံ

ဩဂုတ်လ ၈ ရက်။ ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့(CB)ခေါင်းဆောင်တွေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO/KIA ) ရဲ့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ တွေ့ဆုံခဲ့တဲ့ ကချင်ပြည်နယ်၊လိုင်ဇာမြို့ခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေကို ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီ က သူ့ဖေ့ဘုတ်မှာ ဒီကနေ့ဩဂုတ်လ ၈ ရက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ လိုင်ဇာ ခရီးစဉ်နဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက ၂၀၂၁ ခုနှစ်ကစလို့ လက်နက်စကိုင်တဲ့ ၄ နှစ်သားအရွယ်တွေအတွက် မှတ်ကျောက်တစ်ခုဖြစ်ပြီး သင်ယူစရာတွေ လေ့လာစရာတွေအများကြီး တွေ့ခဲ့ရတဲ့အကြောင်းနဲ့ ဒီခရီးစဉ်ဟာ ဘယ်အဖွဲ့ကိုမှ ထိခိုက်နစ်နာစေတဲ့ခရီးစဉ်မဟုတ်သလို ဒီထက်စည်းလုံးကြဖို့ ဒီထက်ကြိုးစားကြဖို့ သင်ခန်းစာတွေ ရခဲ့တဲ့ ခရီးစဉ်ဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။…

Read Full News

“၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု”

Chin World Media ၁၉၈၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံ တ၀န်းမှာ ကျောင်းသားပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ချင်းကျောင်းသားခေါင်းဆောင် အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) နဲ့ ချင်းအမျိုးသားသမဂ္ဂ (CNU) တို့မှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဆလိုင်းငိုင်ဆာ့ခ်နဲ့ အဲ့ဒီအချိန်က”၈၈၈၈ အရေးတော်ပုံနှင့် ရန်ကုန်မြို့ရှိ ချင်းအမျိုးသားများလှုပ်ရှားမှု”အကြောင်းတွေကို လွန်ခဲ့တဲ့၂၀၂၀ခုနှစ် သြဂုတ်လ ၆ ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေး။ ။ အဲ့ဒီတုန်းက ချင်းကျောင်းသားသမဂ္ဂ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မကသ) မှာ ပါဝင်လှုပ်ရှားဖြစ်ခဲ့ပုံတွေကို ပြောပြပါဦး။ ဖြေ။ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ချင်းကျောင်းသားတွေကော၊ အပြင်က မြို့မိမြို့ဖတွေကော အများကြီးလှုပ်ရှားကြတယ်။ ပထမဆုံးအနေနဲ့ ချင်းကျောင်းသားအကြောင်းပြောရရင်- ကျနော်တို့တတွေ ချင်းကျောင်းသားများသမဂ္ဂ (CSU) ကိုဖွဲ့ခဲ့တယ်။…

Read Full News

ဇိုမီးအမျိုးသားပါတီ (ZNP) ကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြု

ဩဂုတ်လ ၈ ရက်။ ဩဂုတ်လ ၇ ရက်နေ့မှာ ဇိုမီးအမျိုးသားပါတီ (Zomi National Party) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ထားလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာများရဲ့ ဖော်ပြချက်များအရ သိရှိခဲ့ရ ပါတယ်။ ဇိုမီးအမျိုးသားပါတီ (ZNP) ကို မှတ်ပုံတင်ခွင့်ပြုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုတယ်လို့ ဖော်ပြထားကာ ZNP ပါတီ ရဲ့ ပါတီမှတ်ပုံတင် အမှတ်ဟာ(၅၉) ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။ ဇိုမီးအမျိုးသားပါတီဟာ ၂၀၂၅…

Read Full News