Headlines

မလေးရှားမှာ ချင်းလူငယ်တစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၀ ရက်။ မလေးရှားနိုင်ငံ ၊ ဆလန်ဂေါပြည်နယ်၊ Sungai Buloh မှာ အသက် (၁၇)နှစ်အရွယ် ချင်းလူငယ်တစ်ဦးဟာ ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီလောက်မှာ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်ပြီး သေဆုံးလျက်သူ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ နီးစပ်တဲ့သူတစ်ဦးက “ဒီမနက် ၅ နာရီလောက်မှာ စက်ရုံမှာရှိတဲ့ သူ့သူငယ်ချင်းတွေက အိပ်ယာကထတော့ သူ့ကိုမတွေ့လို့လိုက်ရှာတာ စက်ရုံနားမှာဘဲ သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးတဲ့ အလောင်းကိုတွေ့ကြတယ် သူက မလေးရှားရောက်လာတာလည်း မကြာသေးဘူးလို့ပြောတယ်” လို့ပြောပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ချင်းလူငယ်ဟာ အသက် (၁၇) နှစ်အရွယ်ခန့်သာရှိသေးတဲ့ Chhietu Paw ဖြစ်ပြီး ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဒါရ်လင်းကျေးရွာက မရာ(ချင်း)…

Read More

ချင်းပြည်နယ်မှာ လူငယ် ၃ ယောက်မှာ ၁ ယောက်က သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရကြောင်း ကုလထုတ်ပြန်

အောက်တိုဘာလ ၁၀ ရက်။ မြန်မာနိုင်ငံရှိ လူငယ် (၇) ယောက်မှာ (၁) ယောက်နှုန်းက သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရပြီး ချင်းပြည်နယ်မှာဆိုရင် လူငယ် ၃ ယောက်မှာ ၁ ယောက် နီးပါးကဒီလိုခံစား နေရ ကြောင်း ၊လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်မှုဟာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ဘက်က လူငယ်တွေမှာ ပိုအဖြစ်များတာတွေ့ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP Myanmar) ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံရှိ လူငယ်များစွာဟာ သူတို့ရဲ့ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းဖြစ်လာတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်…

Read More

မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က ကလေးသူငယ်တွေကို ဦးတည်တိုက်ခိုက်မှုတွေကြောင့် ကျောင်းတွေအားလုံး ခေတ္တပိတ်ထားမယ်

အောက်တိုဘာလ ၁၀ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က ကလေးသူငယ်တွေကို ဦးတည်ပြီး စာသင်ကျောင်းတွေ၊ ဘော်ဒါဆောင်တွေကို တိုက်မှုတွေကြောင့် ကြားကာလ ပြည်သူ့အခြေပြု ကျောင်းတွေ အားလုံးကို အောက်တိုဘာလ ၁၀ ရက်နေ့ကစလို့ ခေတ္တပိတ်ထားဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မင်းတပ်မြို့နယ်အတွင်းက ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းတွေကို အောက်တိုဘာလ ၈ ရက်နေ့ ညက စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျောင်းသား ၃ ဦးနဲ့ မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း လူအထိအခိုက် သေဆုံးမှုတွေ ရှိခဲ့သလို စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။…

Read More

The Ripple Effects of the Chin Revolutionary Group Split on Border Displaced Persons

Chin World The split within the Chin revolutionary movement has led to severe consequences for internally displaced persons (IDPs) and refugees along the border, particularly affecting humanitarian aid distribution. U Zeya, a leader at the Laungtlai Internally Displaced Persons (IDP) camp, articulated the challenging situation faced by refugees: “Before the split between the ICNCC (Interim…

Read More

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၉ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ၊ ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ မနေ့အောက်တိုဘာလ ၈ ရက်ည ၇ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထင်ချောင်းကျေးရွာက ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး၂၀ ဦး ၀န်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ထင်ချောင်းက ကျောင်းသား၊ ကျောင်းသူ ၄ ယောက်လောက်က ပွဲချင်းပြီး သေဆုံးတယ်လို့သိရတယ် လက်ရှိ ၂၀ ဦး အထိ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ် ဝမ္မသူးဘက်က အထိအခိုက်တော့ မရှိဘူး ကျောင်းကိုကြဲတာဆိုတော့ ကျောင်းတော့ ပျက်စီးတယ်လို့ သိရတယ်” လို့ပြောပါတယ်။ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်ထဲက…

Read More

ပလက်ဝဒေသခံ ၁ ဦးကို ULA / AA က နှစ်ပတ်ကျော်ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၇ ရက်။ အာရက္ခတပ်တော် (ULA/AA) က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒလက်မေချောင်း၊ ဒလက်စာကျေးရွာနေ( ယခင် အောက်နှုံးဘူးကျေးရွာ)နေ ခူမီး (ချင်း)လူမျိုး ဦးစနီအောင်(ခ) Beung Kang ကို ၂ ပတ်ကျော်ဖမ်းဆီးပြီး မနေ့ အောက်တိုဘာလ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝမြို့နယ် ဒလက်စာကျေးရွာနေ ဦးစနီအောင်(ခ) Beung Kang ကို ဒလက်မေကျးရွာရှိ ULA/AA နယ်မြေမှူးရုံးကို လာရောက်ဖို့ နယ်မြေမှူးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၆ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ မနေ့က…

Read More

မလေးရှားမှာ ၁ ရက်အကြာ ပျောက်ဆုံးနေတဲ့ ချင်းအမျိုးသားကို ဒဏ်ရာနဲ့သေဆုံးလျက်ပြန်တွေ့

အောက်တိုဘာလ ၈ ရက်။ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၊ ပူဒူးမြို့မှာနေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် ချင်းအမျိုးသား ဦးကော်လျာ (U Kaw Lia ) ဟာအောက်တိုဘာလ ၆ ရက်နေ့က နေအိမ်ကနေထွက်ခွာပြီး ၁ ရက်အကြာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညမှာ ဦးခေါင်းနောက်စေ့မှာ ဒဏ်ရာနဲ့ သေဆုံးလျက် အလောင်းကိုသာ နီးစပ်သူတွေက တွေ့ရှိခဲ့ကြတာလို့ သိရပါတယ်။ နီးစပ်သူတစ်ဦးက “ အခုသူတို့နေတဲ့ နေအိမ်နဲ့ အရမ်းကြီးမဝေးတဲ့ ဂိုထောင်လိုလို တနေရာမှာ အလောင်းတွေ့တဲ့ခါ ခေါင်းနောက်စေ့ဒဏ်ရာနဲ့ သွေးတွေ ထွက်တယ်လို့ ပြောတယ် ဆေးစစ်ချက်မရသေးတော့ ဘယ်လိုကြောင့်လဲဆိုတာ အတည်ပြုလို့ မရသေးပေမယ့် အရိုက်ခံရတာလို့ ယူဆကြတယ်” လို့ပြောပါတယ်။ တစ်ရက်အကြာ ပျောက်ဆုံးခဲ့သူ…

Read More

တရားမဝင်နေထိုင်မှုနဲ့ ဖမ်းခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးရဲ့ အမူကိုမနက်ဖြန် တရားရုံးတင်မယ်လို့ သိရ

အောက်တိုဘာလ ၇ ရက်။ စက်တင်ဘာလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ ၊ ပါဟန်းပြည်နယ်၊ Raub မြို့နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ ချင်းလူမျိုးအမျိုးသား ၁၁ ဦးရဲ့အမှုနဲ့ ပတ်သက်ပြီး မနက်ဖြန် အောက်တိုဘာလ ၈ ရက်နေ့ မှာ တရားရုံးတင်မှာဖြစ်တယ်လို့ မလေးရှား မြန်မာ လူမူရေးအသင်း (MMA) ရဲ့ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဖမ်းဆီးခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးတို့ဟာ မင်းတပ်မြို့နယ်က ၆ ဦး၊ ကန်ပက်လက်မြို့နယ်က ၃ ဦး၊ ပလက်ဝမြို့နယ်က ၂ ဦးတို့ဖြစ်ပြီး အဖမ်းဆီးခံရသူတွေထဲမှာ အထောက်အထားရှိသူ ကုလ UN ကဒ်ကိုင်ဆောင်ထားသူ ၃ ဦးသာရှိပြီး ကျန်…

Read More

မြန်မာနိုင်ငံမှာ လူငယ်ကျောင်းထွက်နှုန်း အများဆုံးရှိတဲ့ ဒေသထဲ ချင်းပြည်နယ်ပါဝင်

အောက်တိုဘာလ ၆ ရက်။ မြန်မာနိုင်ငံမှာ လူငယ်ကျောင်းထွက်နှုန်း အများဆုံးရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသထဲမှာချင်းပြည်နယ်လည်း ပါဝင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar ) ရဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ဖော်ပြတဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။ အသက် ၁၈ ကနေ ၂၄ နှစ်အကြား လူငယ် လေးဦးတွင် သုံးဦး ( လူငယ် ၅ သန်းကျော်) ဟာ ပညာရေး ဒါမှမဟုတ် သင်တန်းတစ်ခုခုတွင် တက်ရောက်နေခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ကျေးလက်နေ လူငယ်တွေဟာ အတားအဆီးအမျိုးမျိုးကို ပိုမိုရင်ဆိုင်နေရပြီး တနင်္သာရီ၊ ချင်း၊ ကရင်နဲ့ စစ်ကိုင်းတို့တွင် ကျောင်းထွက်နှုန်း အမြင့်ဆုံးဖြစ်နေတယ်လို့လည်း UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။…

Read More

တချိန် ချင်းပြည်မှာ ခရီးသွားလုပ်ငန်းပြန်လည်စတင်သည့်အခါ

Shein Gei Ngai ယခုမျက်မှောက်ကာလ ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံအများစု၌ နိုင်ငံခြားဝင်ငွေရရှိစေသည့်လုပ်ငန်းများအနက်လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ခရီသွားလုပ်ငန်းအဖွဲ့(WTO)၏ဖေါ်ပြချက်အရ ၂၀၁၀ ခုနှစ်၊အပြည်ပြည်ဆိုင်ရာခရီးသွားဦးရေ နှစ်စဉ်သန်း(၁၂၀၀)ခန့်ရှိကြောင်းဖေါ်ပြခဲ့ရာမှ ၂၀၃၅ ခုနှစ်တွင်ခရီးသွားဦးရေ ၃၀ ဘီလီယံထိတိုးတက်လာမည်ဖြစ်ကြောင်းကမ္ဘာ့ကုလသမဂ္ဂခရီးသွားလုပ်ငန်း UN Tourism ကခန့်မှန်းထားပြီး ခရီးသွားကဏ္ဍကနေနှစ်စဉ် ဝင်ငွေ အမေရိကန်‌‌ ဒေါ်လာ ၆ ထရီလီယံထိရရှိမည်ဟု‌ ဖေါ်ပြ ပါရှိပါသည်၊စီးပွားရေးအရ အလွန်အရေးပါလာသောခရီးသွားလုပ်ငန်းသည် နိုင်ငံအများစုအကြားရေပန်းစားလာခဲ့ပါသည်။ သို့ရာတွင်ကမ္ဘာအနှံ့အပြား၌ဖွံ့ဖြိုးလာသောခရီးသွားလုပ်ငန်းသည်ဇီဝမျိုးစုံမျိုးကွဲများနှင့်ယဉ်ကျေးမှုအမွေအနှစ်များပျက်စီးဆုံးရှုံးမှုအတွက်ခြိမ်းခြောက်နေသောအရာတစ်ခုလည်းဖြစ်လာကြောင်းသုတေသနပြုတွေ့ရှိထားကြရပါသည်၊သဘာဝအ‌ခြေခံခရီးသွားလုပ်ငန်း(Ecotourism)သည်ခရီးသွားလုပ်ငန်းများအနက် ရေရှည်ဖွံ့ဖြိုးမှုကိုအဓိကပိုင်ဆိုင်ထားသည့် ဈေးကွက်စီးပွားရေးတစ်ခုဖြစ်ကြောင်း World Conservation Union- IUCN )ကယုံကြည်လက်ခံပါသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် အခြားခရီးသွားဝန်‌ဆောင်မှုလုပ်ငန်းများနှင့်လုံးဝခြားနားသည်မှာ သဘာဝဂေဟစံနစ်ကို ထိန်းသိမ်းကာကွယ်ပြီးဒေသခံပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးရေးဆိုင်ရာအကျိုးအမြတ်များရရှိစေရန်စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းဖြစ်ပါသည်၊ အပြည်ပြည်ဆိုင်ရာသဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့မှ Ecotourism ဆိုသည်မှာမိမိကိုယ်တိုင်တာဝန်ယူပြီးသဘာဝနယ်မြေအတွင်းသို့သွားရောက်ရာ၌ဒေသခံပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးရေးနှင့်အသိပညာဗဟုသုတကိုမြှင့်တင်ပေးနိုင်သည့်အပြင် ၎င်းဒေသရှိသဘာဝပတ်ဝန်းကျင်အားထိန်းသိမ်းဆောင်ရွက်ပေးသည့်ခရီးဟုအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ကမ္ဘာတွင် ခရီးသွားအမျိုးအစားအဓိက(၃)မျိုးသုံးစားရှိပါသည်၊ ၁-သဘာဝကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Ecotourism) ၂-ယဉ်ကျေးမှုကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Cultural Tourism) ‌၃-ကျေးလက်ဒေသကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Community Based Tourism)ဖြစ်ပါသည်။ Ecotourism ချင်း‌‌တောင်တန်းးသည် ဟိမဝန္တာတောင်စွယ်နှင့်အင်ဒိုချိုင်းနားကျွန်းဆွယ်တို့ဆုံဆည်းထိစပ်ရာ…

Read More