Headlines

မလေးရှားရောက် ချင်းဒုက္ခသည်များ သြစတြေးလျားနိုင်ငံကို အခြေချနေထိုင်နိုင်ရေး ဩစတေးလျနိုင်ငံအထက်လွှတ်တော်အမတ် နဲ့ ချင်းဒုက္ခသည်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့

ဇန်နဝါရီလ ၁၉ ရက်။ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များ သြစတြေးလျားနိုင်ငံကို အခြေချနေထိုင်နိုင်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မလေးရှားရောက် ချင်းဒုက္ခသည်အဖွဲ့အစည်းများဖြစ်တဲ့ Alliance Of Chin Refugees ( ACR ) , Chin Refugees Committee (CRC) နှင့် Falam Refugee Organization (FRO) အဖွဲ့စည်းများပူး‌ပေါင်းပြီး သြစတြေးလျားနိုင်ငံအထက်လွှတ်တော်အမတ် Senator Dean Smith နဲ့ အထူးအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ACR က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အစည်းအဝေးကို ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး သြစတြေလျားချင်းအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ချို့နဲ့ အခြားတိုင်းရင်းသား မိတ်ဆွေတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ACR…

Read Full News

ချင်းအမျိုးသမီးများ အမွေဆက်ခံခွင့် တကယ်ဆုံးရှုံး သလား ? (ဥပဒေရှုထောင့်ဖြင့်)

By ဒေါ်ကျိန်ထိတ်ကိမ် (ခ) ကိမ်နူး အထက်တန်းရှေ့နေ ချင်းဓလေ့ထုံးတမ်းအရ အချို့ဒေသများတွင် အကြီးဆုံးသား သို့မဟုတ် အငယ်ဆုံးသားကသာ အမွေဆက်ခံခွင့်ရှိပြီး ကျန်သည့် သားသမီးများမှာ အမွေဆက်ခံခွင့် ဆုံးရှုံးကြသည်ဟု ယူဆထား သည့် အလေ့အထများ ယနေ့အထိ တည်ရှိနေဆဲဖြစ်ပါသည်။ သို့ရာတွင် တည်ဆဲဥပဒေများနှင့် တရားရုံးစီရင်ထုံးများအရ အမျိုးသမီးများ၊ အထူးသဖြင့် ခရစ်ယာန်ဘာသာဝင် ချင်း အမျိုးသမီးများ၏ အမွေဆက်ခံခွင့်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ ဥပဒေရေးရာအချက်အလက်များကို ဖော်ပြလိုပါသည်။ ၁။ ဓလေ့ထုံးတမ်းဥပဒေ နှင့် အက်ဥပဒေ (Customary Law vs Act) ဥပဒေရေးရာအခြေခံသဘောတရားအရ ဓလေ့ထုံးတမ်းဥပဒေသည် ပြဋ္ဌာန်းထားသည့် အက်ဥပဒေနှင့် ဆန့်ကျင်ပါက အက်ဥပဒေကို ဦးစားပေး အသုံးချရပါသည်။ ဓလေ့ထုံးတမ်းဥပဒေ (Customary Law) ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ရှေးယခင်ကတည်းက…

Read Full News

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဖမ်းဆီးတာ အရင်ကထက် ပိုဆိုးရွားလာတယ်လို့ ဒေသခံတွေပြော

ဇန်န၀ါရီလ ၁၇ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ရပ်ရွာလုံခြုံရေးအပြာဝတ်တွေ ပျူစောထီးတွေ၊ရဲတွေက အင်အားအများအပြားနဲ့ အရွယ်ရောက်ပြီးလူငယ်တွေကို စစ်မှုထမ်းဖို့အတွက် တွေ့ရင်တွေ့တဲ့နေရာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “အခုနောက်ပိုင်း စစ်မှုထမ်းဆွဲတာက အရင်ထက် ပိုဆိုးရွားလာတယ် အရင်က ရဲကား Brobox အဖြူနဲ့ ရဲလေး၊ ငါးယောက်နဲ့ ဆွဲတယ် ဆွဲပြီးရင် ဆိုင်ကယ်ပါရင် ဆိုင်ကယ်ကို ရဲတွေက စီးသွားတယ် စစ်မှုထမ်းပါတဲ့သူကိုတော့ သူတို့ကားထဲခေါ်သွားတယ် အခုကြတော့ အဲလိုမဟုတ်တော့ဘူး ပိုဆိုးလာတယ် ရပ်ရွာလုံခြုံရေးဆိုတဲ့ အပြာဝတ်တွေပါတယ် စစ်သားတွေတော့ လုံးဝမပါတော့ဘူး ရဲတွေပါတယ် ပျူစောထီးတွေပါတယ် ကား ၃၊ ၄ စီး အင်အားအများကြီးနဲ့ပေါ့ သူတို့ကဆွဲရင် ဆိုင်ကယ်တွေ ဖုန်းတွေ မစစ်ဘူး လူကိုဘဲ အဓိကဖမ်းတယ် မော်တော်ပီကေတွေ…

Read Full News

အရှေ့တီမောသမ္မတနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO) တွေ့ဆုံခဲ့မှုအပေါ် ကန့်ကွက်ကြောင်း ရန်ကုန်ရှိ တီမောသံရုံးယာယီတာဝန်ခံကို မြန်မာစစ်ကော်မရှင်က သတိပေး

ဇန်နဝါရီလ ၁၇ ရက်။ အာဆီယံအဖွဲ့ဝင်အရှေ့တီမောနိုင်ငံမှာ အရှေ့တီမောသမ္မတနဲ့ ချင်းလူအခွင့်အရေးအဖွဲ့ ( CHRO) ကိုယ်စားလှယ်တွေ တွေ့ဆုံမှုတွေ ရှိခဲ့ပြီး ရက်ပိုင်းအကြာ မနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးက သံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်တွေ့ဆုံပြီး အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက အသိပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ မြန်မာစစ်ကော်မရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ တီမောအစိုးတို့ တွေ့ဆုံတယ်လို့ ထုတ်ပြန်တာမရှိပေမယ့် ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တီမောသမ္မတို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တွေ့ဆုံခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံမှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်သတိပေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ…

Read Full News

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဉ်ကို မီဇိုရမ်အရပ်ဖက်အဖွဲ့ ၂ ဖွဲ့က ဆန့်ကျင်ကြောင်း ဆန္ဒပြ

ဇန်နဝါရီလ ၁၆ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရရဲ့ စီစဉ်ဆောင်ရွက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်က မီဇိုးကျောင်းသားသမဂ္ဂ(MZP) နဲ့ Zo Re-unification Organization (ZORO) အဖွဲ့တွေက မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောလ်မြို့ Vanapa Hall ရှေ့မှာ ဒီကနေ့ ဇန်နဝါရီ ၁၆ မနက် ၁၁ နာရီမှာ ငြိမ်းချမ်းစွာစုရုံး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသတွင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရသိရပါတယ်။ အိန္ဒိယ နဲ့ မြန်မာ နှစ်နိုင်ငံကြား အထူးသဖြင့် မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်အကြား နယ်စပ်ခြံစည်းရိုးခတ်မယ့် စီစဉ်ဆောင်ရွက်မှုတွေဟာ တိုင်းပြည်နှင့် လူမျိုးအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီ တစ်ဘက်နိုင်ငံက သွေးချင်းညီအကိုတွေနဲ့ ပိုင်းခြားဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် ဆန့်ကျင် ကန့်ကွက်ရတာလို့ MZP နဲ့…

Read Full News

ပျောက်ဆုံးသွားတဲ့ နေ့ရက်များနဲ့ ၉ မိုင် မြေက အမှတ်တရ

By 𓆩 Thun Eain Khant 𓆪 တစ်ခါတလေ ဖုန်း Screen ထဲက အလုပ်ကိစ္စတွေကို ခဏဘေးဖယ်ပြီး မျက်စိမှိတ်လိုက်တိုင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၉ မိုင် တက္ကသိုလ်လမ်းမကြီးဆီကို စိတ်ကူးနဲ့ ပြန်ရောက်သွားတတ်တယ်။ မြူနှင်းတွေကြားက မနက်ခင်း မှတ်မိသေးတယ်… မနက်စောစော နှင်းတွေက ဝေနေအောင်ကျလို့ အေးစိမ့်နေတဲ့ကြားထဲက ဆိုင်ကယ်မောင်းပီး ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်တွေ။ မျက်နှာကို နှင်းမှုန်တွေ လာမှန်ရင် အေးခနဲဖြစ်သွားပေမဲ့ သူငယ်ချင်းတွေနဲ့ ဆုံရမယ့် ကျောင်းတော်ကြီးဆီ အရောက်သွားချင်တဲ့ စိတ်က ပိုနွေးထွေးခဲ့တာပေါ့ နှင်းဝေနေတဲ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်မောင်းရတာ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ ကျောက်တစ်လုံး၊ ရှုခင်းသာ၊ သိုင်းငင်း နဲ့ တောင်ဖီလာ …… ပြီးတော့ ဆင်ရွာထန်းတော မှာ ထိုင်ပြီး အနာဂတ်အကြောင်းတွေ…

Read Full News

ပလက်၀သား ချင်းအမျိုးသားခေါင်းဆောင် သီရိပျံချီဦးထပ်လှိုင်း

Salai Okla Bik ဗိုလ်တထောင်သတင်းစာအဟောင်းထဲက နိုင်ငံတော်သမ္မတကြီး ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်စား ချင်းပြည်နယ်ပြည်သူ့ကောင်စီ ဥက္ကဌဒုတိယဗိုလ်မှူးကြီးအီးကေကင်ငင်းမှ သီရိပျံချီဦးထပ်လှိုင်းအား နိုင်ငံ့ဂုဏ်ရည်ဘွဲ့ပထမအဆင့်ပေးအပ်ချီးမြှင့်သည့် သတင်းစာဖြတ်ပိုင်း မထင်မှတ်ဘဲ မှတ်စုစာအုပ်ကြား၌ ​ရတနာတစ်ပါးအလားတွေ့မြင်သောအခါ အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူနေပါသည်။ စာအုပ်စာပေချစ်မြတ်နိုးသော အညတြကျွန်တော့်အတွက်ကား အမှိုက်ထဲကရွှေ နွံနစ်ထဲကပတ္တမြားလိုဘဲ။ ထို့ကြောင့်တွေ့ဆုံမေးမြန်းချက်ထဲက အခြားစာအုပ်စာစောင်တွေထဲကလေ့လာသမျှ သူ့ဘဝပုံရိပ်ကောက်ကြောင်း တစေ့တစောင်း အရိုအသေပေးဂါရဝပြုသည့်အနေဖြင့် ဆောင်းပါးမတိုမရှည် စာကလောင်သွေးနေရခြင်းဖြစ်သည်။ သူသည် ၁၉၀၇ခုနစ်မတ်လတွင် ပလက်ဝမြို့နယ်လောင်းကဒူးရွာတွင် ဦးကိန်ထုန်းနှင့်ဒေါ်အန်ဆောက်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ထာ့လဲန်းဖြစ်သည်။ မွေးချင်းငါးယောက်အနက် သုံးယောက်မြောက်သားဖြစ်သည်။ ငယ်စဥ်ကပလက်ဝမြို့၌ စတင်ပညာသင်ယူခဲ့သည်။ စစ်တွေစာစစ်ဌာနမှ သတ္တမတန်းအောင်မြင်သည်။ ထို့နောက်ပလက်ဝမြို့ပေါ်၌ ပြောင်းရွှေ့ကာ အခြေချခဲ့သည်။ သူ့အသက်ဆယ်နှစ်ကျော်အရွယ်တွင် ဗုဒ္ဓဘာသာထုံးတမ်းစဥ်လာအတိုင်း ရှင်ပြုရလေသည်။ သူ့ညီအစ်ကိုများနှင့်အတူ ရှင်ပြုမင်ဂလာပြုသည်။ သူတိုရှင်ပြုမင်ဂလာပြုသည် ထိုအချိန်က ပလက်ဝမြို့ပေါ်၌ အခမ်းနားအကြီးကျယ်ဆုံး ဖြစ်လေသည်။ မြို့ပေါ်ဆွေမျိုးများ၊ မြို့နီးနားရှိမိတ်သင်ဂဟများဖြင့် အလွန်စည်ကားသိုက်မြိုက်လှသည်။…

Read Full News

ကလေး – ဂန့်ဂေါ ဒေသ တိုက်ပွဲတွေအတွင်း ရဲဘော် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ CDF – KKG ထုတ်ပြန်

ဇန်န၀ါရီလ ၁၆ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အခြေပြုစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Chinland Defense Force – Kalay Kabaw Gangaw (CDF – KKG ) တပ်ဖွဲ့ဝင် ၁၂ ဦး ဟာ ကလေး – ဂန့်ဂေါ ဒေသ တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရပြီလို့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျဆုံးရဲဘော် အများစုဟာ ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါအကြားမှာရှိတဲ့ အာဏာသိမ်း စစ်ကော်မရှင်နဲ့တိုက်ပွဲအကြား ကျဆုံးခဲ့ကြတာလို့လည်း CDF – KKG ထုတ်ပြန်ချက်အရ သိရပါတယ်။ ကလေးမြို့နယ် မှန်တော တိုက်ပွဲအတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇)…

Read Full News

မျက်နှာမူရာဆီသို့ အရောက်လှမ်းခဲ့သူ ချင်းသတင်းသမား Pu Tui Dim ( ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ)

ရေး – DonBosco Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို အိန္ဒိယ-မြန်မာနယ်စပ်၌ စတင်တည်ထောင်ရာတွင်ပါ၀င်သူဖြစ်ကာ ချင်းပြည်နယ်၏ ပထမဆုံးသတင်းဌာနဖြစ်သော ခေါနူးသုမ် (Khonumthung News) ၏ အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ တိုင်းရင်းသားမီဒီယာများစုဖွဲ့သည့် ကွန်ရက် (BNI) ကို တည်ထောင်သူ၊ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF/A)ရဲ့တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ Pu Tui Dim သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပေါ်၌ စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ အခြားသော အရပ်သား ၉ ဦးနှင့်အတူ လူသားဒိုင်းအဖြစ် အသုံးပြုခံရကာ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ရကာ ယခု ၂၀၂၅…

Read Full News

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်လက်ချက်ကြောင့် ချင်းပြည်နယ်က အမျိုးသမီး ၈ ဦးသေဆုံး

ဇန်နဝါရီလ ၁၅ ရက်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (၇၉၂) ဦးသေဆုံးခဲ့ရတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး (၈) ဦးလည်း ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆၂၁ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၃ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ ဦး ၊ ပဋိပက္ခနှင့် ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကြောင့် ၅ ဦး၊၊ ထောင်တွင်းဆေးဝါးကုသခွင့် မရရှိမှုတွေကြောင့် ၃ ဦး နဲ့ ကျည်ထိမှန်မှုကြောင့်…

Read Full News