နယူးဒေလီမြို့ရှိ UNHCR ရုံး ရှေ့မှာ မြန်မာဒုက္ခသည် တွေဆန္ဒပြခဲ့စဉ်မှာ ကူညီပေးခဲ့တဲ့ ရဲစခန်းမှုးကို CRC က ကျေးဇူးတင်ကြောင်း လက်ဆောင်များသွားရောက်ပေးအပ်
သြဂုတ်လ ၁၂ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) မှာ မြန်မာနိုင်ငံသူ/သားဒုက္ခသည် တွေ ဒုက္ခသည်အခွင့်အရေးရဖို့အတွက် ဆန္ဒပြခဲ့စဉ်မှာ ကူညီပေးခဲ့တဲ့ နယ်မြေခံ ဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲစခန်းမှုးနှင့် တပ်ဖွဲ့ဝင်တွေကို ချင်းဒုက္ခသည်ကော်မတီ(CRC) ဦးဆောင်သူတွေက ကျေးဇူးတင်ကြောင်း လက်ဆောင်များသွားရောက်ပေးအပ်ခဲ့တယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ နယူးဒေလီရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ ရသင့်ရထိုက်သော ဒုက္ခသည်အခွင့်အရေးများအတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၇ရက်နေ့ကစလို့ ဩဂုတ်လ ၇ရက်နေ့ထိ ရုံးဖွင့်ရက်များတွင် အိန္ဒိယနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဆန္ဒပြနေစဉ်တလျောက် နယ်မြေခံဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲအရာရှိနှင့် တပ်ဖွဲ့ ဝင်များမှ အကူအညီများပေးခဲ့ကာ လုံခြုံရေးအနှောက်အယှက်မပေးခဲ့သည့်အပြင်…

