Headlines

၂၀၂၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ဇိုမီးအမျိုးသားပါတီ၊ခူမီးအမျိုးသားပါတီတို့ဝင်ရောက်ယှဉ်ပြိုင်မယ်

မေလ ၁၀ ရက်။ ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ အာဏာသိမ်းစစ် ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ဇိုမီးအမျိုးသားပါတီ၊ခူမီးအမျိုးသားပါတီတို့ယှဉ်ပြိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)မှာ ပါတီရုံးချုပ်ဖွင့် လှစ်ထားတဲ့ ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ကစလို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ခူမီးအမျိုးသားပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ…

Read More

CDF-Tonzang ရဲ့ အမိန့်ကြောင့် တွန်းဇံမြို့နယ်၊တွီးတွမ်ရွာသား အားလုံး နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရလို့ ဒေသခံများဆို 

မေလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီ မတိုင်ခင် တွန်းဇံမြို့နယ်၊တွီးတွမ်ရွာရှိ  ရွာသားအားလုံး ထွက်ခွာရန် CDF-Tonzang မှ အမိန့်ပေးသည့် အတွက် ရွာအတွင်းတွင် မည်သူမျှ မနေရဲတော့ဘဲ စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း တွန်းဇံ မြို့နယ်မှ ဒေသခံများထံမှ သိရှိရပါတယ်။  “မေလ ၈ ရက်နေ့  နေ့လည် ၁၂ နာရီ နောက်ပိုင်း တွီးတွမ်ရွာမှာ ဘယ်သူမှ မနေရ ဆိုပြီး CDF-Tonzang ဘက်က အမိန့်ထုတ်တာကြောင့် ရွာမှာ ကျန်နေသေးတဲ့ ရွာသားတွေ အားလုံး ရွာကို စွန့်ခွာ ခဲ့ရတယ်။ အခု ကျန်နေသေးတဲ့ လူတွေက တခြား ခိုလှုံစရာ မရှိလို့ ရွာမှာ သောင်တင်တဲ့ အဖွဲ့ တွေပါ။ ကိုယ့်အိမ်၊…

Read More

အိန္ဒိယ တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ပညာသင်ဆုပေးမယ်လို့ CHO ထုတ်ပြန်

မေလ ၉ ရက်။ အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ချင်းကျန်းမာရေးအဖွဲ့အစည်း (Chin Health Organization ) က ပညာသင်ဆု စကောလာရှစ်ပေးမယ်လို့ မေလ ၈ ရက်နေ့ အသိပေးထုတ်ပြန်ထားပါတယ်။ အနည်းဆုံး အသက် ၁၇နှစ်ပြည့်ထားပြီး လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ၁၂ တန်း ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ၁၂တန်း အောင်ထားပြီး Nurse (သို့မဟုတ်) Lab Technician ဖြစ်ချင်တဲ့ မြန်မာကျောင်းသားတွေအနေနဲ့ အိန္ဒိယက တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ Nursing အတွက် လျှောက်လို့ရမယ့် program (၂) ခု ရှိပါပြီး General Nursing and Midwifery…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပြီး အရပ်သားပြည်သူသေဆုံးတာတွေလည်း ရှိကြောင်းထုတ်ပြန်

မေလ ၈ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့ မေလ ၇ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့လို့ အရပ်သားပြည်သူ အသက်ဆုံးရှုံးတာတွေရှိသလို နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မင်းတပ်မြို့အနီးဝန်းကျင်ကို မနေ့မနက် ၁ နာရီခွဲချိန်မှာ ဗုံး ၂ လုံးကြဲခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိခဲ့သလို နေ့လည် ၂ နာရီ ၄၀ ဝန်းကျင်မှာလည်း မင်းတပ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ အစိုးရအဆောက်အဦနဲ့ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ အသက်ဆုံးရှုံးတာတွေလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ၈ လသားအရွယ်ကလေးငယ်အပါအဝင် စုစုပေါင်း…

Read More

ကလေးမြို့မှာ တွန်းဇံမြို့မှ ဆင်းလာသောအမျိုးသမီး ၂ ဦး စီးလာတဲ့ဆိုင်ကယ် ကို အနောက်ကနေ ကားတစ်စီးက တိုက်မိပြီး ယင်းအမျိုးသမီး၂ ဦး ပွဲချင်းပြီးသေဆုံး

မေလ ၇ ရက်။ မေလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ ကြုံ့သုံးပင် (မွန်းလိုင်) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ပေါ်မှာ ချင်းပြည်နယ်၊တွန်းဇံမြို့မှ ဆင်းလာသော အမျိုးသမီး ၂ ဦး စီးလာတဲ့ ဆိုင်ကယ် ကို Skat ကုန်တင်ကား တစ်စီးက အနောက်ကနေ တိုက်မိပြီး တက်ကြိတ်တဲ့ အတွက် ယင်း အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ် လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ ရပါတယ်။ “Skat ကား က ဆိုင်ကယ် နောက်ကနေ တိုက်ပြီး ကားဘီး နဲ့ နင်းသွားတယ်။ ယာဉ်တိုက်မှု ဖြစ်တော့ Skat ကားသမား…

Read More

မလေးရှားနိုင်ငံမှာ ချင်းအမျိုးသား ၁ ဦး ၃ ထပ်တိုက်ပေါ်က ပြုတ်ကျ သေဆုံး

မေလ ၆ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဇာတိ အသက် ၃၁ နှစ်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ မေလ ၄ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ ၃ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ Falam Pawlpi Malaysia(FPM-FRO)တာဝန်ရှိသူတွေဆီက သိရပါတယ်။ FPM-FRO မှ တာဝန်ရှိသူတစ်ဦးက” မေလ ၄ရက်နေ့ မနက် လေးနာရီလောက်ကျတာ ဖြစ်မယ်လို့ပြောကြတယ် သူများ အိပ်နေတဲ့အချိန်ဆိုတော့ မတော်တဆ ပြုတ်ကျသွားတာလား အပြင်ထွက်ဖို့ကြိုးစာရင်း ပြုတ်ကျတာလား တော့ ဘယ်သူကမှ မသိကြဘူး။ လက်ရှိအလောင်းကို စစ်ဆေးမှုတွေ လုပ်တုန်းဆိုတော့ မသဂြိုလ်ရသေးဘူး သဂြိုလ်မည့် နေရာမရသေးလို့ မသိရသေးဘူး “လို့ ပြောပါတယ်။ တိုက်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ အသက်…

Read More

Zomi National Party အမည် ဖြင့် ဖွင့်ထားသော Facebook Page ဟာ လက်ရှိ တည်ထောင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီ နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပါတီတည်ထောင်ခွင့် လျှောက်ထားသူများ ဆို

မေလ ၆ ရက်။ လက်ရှိ Facebook လူမှုကွန်ယက် ပေါ်မှာ Zomi National Party အမည် ဖြင့် ဖွင့်ထားတဲ့ Facebook Page ဟာ လက်ရှိ တည်ထောင်ခွင့် လျှောက်ထားသော နိုင်ငံရေး ပါတီ ဖြစ်သည့် Zomi National Party မှ ဖွင့်ထားသည့် စာမျက်နှာ မဟုတ်တဲ့ အတွက် ယင်းစာမျက်နှာ အပေါ် ရေးသား ဖော်ပြ ထားသမျှ အကောင်းအဆိုး အားလုံး သည် မိမိတို့ နဲ့ မသက်ဆိုင်ကြောင်း နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသူ ခေါင်ဆောင် တစ်ဦးမှ Chin World Media သို့ ပြောပါတယ်။ “Zomi National Party – ZNP…

Read More

တွန်းဇံမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်ကို လက်နက်နဲ့ခြိမ်းခြောက်ကာအဓမ္မခေါ်ဆောင် သွားတဲ့ CDF-Tonzang တပ်ဖွဲ့ဝင်ကို CDF-Tonzang မှ ဖမ်းဆီး

မေလ ၅ ရက်။ မေလ ၂ ရက်နေ့ မနက်မှ တွန်းဇံမြို့နယ် တုန်းတွောင်ရွာရှိ ၁၃ နှစ် အရွယ် အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ် တစ်ဦးကို CDF-Tonzang တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မ ခေါ်ဆောင်သွားခဲ့ရာ CDF-Tonzang တပ်ဖွဲ့မှ ယင်းနေ့မှာပင် အဆိုပါ တပ်သားကို ဖမ်းဆီး ထိန်းသိမ်းသွားတယ် လို့ တွန်းဇံ ဒေသခံများထံမှ သိရှိရ ပါတယ်။ “ကျူးလွန်သူက CDF-Tonzang တပ်ဖွဲ့ဝင်၊ လုံတပ်ရွာသား တစ်ဦး ဖြစ်တယ်။ မနက် ၄ နာရီခွဲ လောက်နေ မြို့ထဲကို ထွက်ပြီး အိမ်တွေကို လိုက်ခေါက်တယ်။ အမျိုးသမီး ရှိလား ဆိုပြီး မေးတယ်။ မြို့နဲ့ ကပ်ရက် ဖြစ်တဲ့ တုန်းတွောင်ရွာကို…

Read More

ဖမ်းဆီးခံ AA တပ်သားဟာ သူ့ကျန်းမာရေးအရ သေဆုံးသွားတာလို့ CNF တုံ့ပြန်

မေလ ၅ ရက်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA )လက်ထဲမှာ ဖမ်းဆီးခံရင်းသေဆုံးသွားတဲ့ အာရက္ခတပ်တော်(AA) တပ်သားဟာ ရောက်လာကတည်းက ဘာအစားအစာမှ မစားချင်ဘဲ အစာကျွေးလည်း အော့အန်ခဲ့ပြီး တစ်ညမှာ အော့အန်လို့ တာဝန်ရှိသူတွေက ဆရာဝန်ခေါ်ပေမယ့် ဆေးမမီဘဲ သေဆုံးခဲ့ရတာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သတင်းမီဒီယာတချို့မှာ ဒီကနေ့ မေလ ၅ ရက်မှာ ဖြေကြားထားပါတယ်။ မနှစ်က မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှာ CNF / CNA ကဖမ်းဆီးထားတဲ့ ချင်းညီနောင်ရဲ့ မဟာမိတ်တပ်ဖွဲ့ဝင်ထဲက အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရန်သူသဖွယ် နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်ခဲ့တာကြောင့် အသက်သေဆုံးသွားတဲ့ဖြစ်စဉ်တစ်ခုရှိပြီး ပြန်လည်လွတ်မြောက်လာတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များ ပြောကြားချက်အရ သိရတယ်လို့ ချင်းညီနောင်အဖွဲ့က မေလ ၄ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်စစ်ဆင်ရေး…

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း AA ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Global Khumi Organization (GKO) က ထုတ်ပြန်

မေလ ၅ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ကျူးလွန်တဲ့ မုဒိမ်းမှုတွေအပါဝင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ၊ လူသားမျိုးနွယ်စုတွေပေါ်ပြစ်မှုကျူးလွန်ခြင်းနဲ့ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Global Khumi Organization (GKO) က မေလ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်၊ဧပြီလ ၅ ရက်နေ့၊ မနက် ၉ နာရီအချိန်တွင်ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် ရွာနှင့် ခြေကျင်ဖြင့် ၁၀ မိနစ်ခန့် လမ်းလျှောက်ရသည့် ယာခင်းထဲတွင် ဟင်းခူးရန် သွားသည့် အသက် ၂၃ နှစ်အရွယ် (နို့စို့) ကလေးမိခင်တစ်ဦးကို AA တပ်သား ၂ ဦးက မုဒိမ်းကျင့်ပြီး အမျိုးသမီးကို ချောင်းထဲရေနစ်သတ်ဖို့ကြိုးစားခဲ့တာဟာ အလွန်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်သလို အလားတူ ၂၀၂၄ ခုနှစ်၊…

Read More