တချိန်က နာမည်ကျော် မြန်မာ့လက်ရွေးစင် လက်ဝှေ့ချန်ပီယံ ချင်းအမျိုးသား Pu Hrang Kham ကွယ်လွန်
တချိန်က “ကျွဲကြီး “လို့ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့သောမြန်မာ့လက်ဝှေ့ချန်ပီယံနှင့်အရှေ့တောင်အာရှလက်ဝှေ့ချန်ပီယံဖြစ်ခဲ့သော ချင်းအမျိုးသား ဦးဟရန်ခမ်း(Pu Hrang Kham) အသက် ၇၇ နှစ်ဟာ ၂၀၂၅ ခုနှစ်၊ဧပြီလ၂၅ ရက်နေ့မှာ ရန်ကုန်မြို့မှာ ဘုရားသခင်၏ခေါ်တော်မူခြင်းခံရသည့်အတွက် Chin World Media မှ မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်းဖော်ပြလိုပါတယ်။ တချိန်က နာမည်ကျော် မြန်မာ့လက်ရွေးစင် လက်ဝှေ့သမား Pu Hrang Kham ရဲ့အတ္ထုပတ္တိကို ဖော်ပြလိုပါတယ်။ ဦးဟရန်ခမ်း (Pu Hrang Kham )အတ္ထုပတ္တိ ဦးဟရန်ခမ်းသည် အဖ U Khua Hung နှင့် အမိ Daw Hmet Tial တို့မှ ၁၉၄၈ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်တွင် မွေးဖွားခဲ့ပါသည်။…

