ကလေး – ဂန့်ဂေါ လမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က ဖလမ်းမြို့နယ် ၊ ဝေဘူလမြို့ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရ
နိုဝင်ဘာလ ၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ လမ်းတလျောက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် မွလ်ဇောလ်ရွာကို မနေ့ နိုဝင်ဘာလ ၃ ရက်နေ့က ဝင်ရောက်ခဲ့ပြီး ဝေဘူလမြို့ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကော်မရှင်တပ်ဖွဲ့တွေ မနေ့နေ့လည် ၁၂ ဝန်းကျင်လောက်မှာ မွာလ်ဇောလ် ရွာထဲ ဝင်ရောက်ခဲ့ကြတယ် ဝေဘူလဘက်ကိုလည်း မကြာခင်အတောအတွင်း ဝင်ရောက်နိုင်တဲ့ အနေထားမှာရှိကြတယ် ကလေး – နတ်ချောင်းကနေ ချင်းပြည်နယ်ထဲ ဆက်သွယ်ထားတဲ့ ဝေဘူလလမ်းပိုင်းကို ထိန်းချုပ်ချင်တာလည်းဖြစ်မယ်” လို့ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေးမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့လောက်ကစလို့ စစ်ထောက်ပို့လေယာဉ်တွေနဲ့ စစ်အင်အားအများအပြားကို ပို့ဆောင်ထားပြီး ကလေး…

