Voices in Peace မှ ချင်းငြိမ်းချမ်းရေး ကာတွန်း၊ ပိုစတာဒီဇိုင်း၊ ပန်းချီ ပြိုင်ပွဲမှာပါ၀င်ရန်ဖိတ်ခေါ်
သြဂုတ်လ ၁၂ ရက်။ ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေး ကာတွန်း၊ ပိုစတာဒီဇိုင်း၊ ပန်းချီ ဖိတ်ခေါ်ပြိုင်ပွဲကို Voices in Peace (VIP) မှ ဩဂုတ်လ (၁၂) ရက်နေ့မှာစတင်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ ပြိုင်ပွဲ၀င်ရန်ဖိတ်ခေါ်ကြေငြာပါတယ်။ ပြိုင်ပွဲ၏ ရည်ရွယ်ချက်များတွင် ချင်းလူမျိုးအချင်းချင်းအကြား ပဋိပက္ခ ဖြစ်ပွားမှုကိုမလိုလားတဲ့ ချင်းငြိမ်းချမ်းရေးအား စကားလုံးများဖြင့် မပြောပြတတ်သူများ/ အခွင့်မရကြသူများအတွက် ပုံများ၊ အရုပ်များဖြင့် ဖော်ပြနိုင်ကြစေရန်၊ ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်နဲ့ ပိုထိရောက်သော ငြိမ်းချမ်းရေး သတင်းစကားပြန့်ပွားစေရန် ရည်ရွယ်ထားတာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီ ကထုတ်ပြန်ထားပါတယ်။ ငြိမ်းချမ်းရေး ကာတွန်း/ပိုစတာဒီဇိုင်း/ပန်းချီပြိုင်ပွဲ…

