ကလေးမြို့နယ် ဆည်ကြီးတံတား ကို စစ်ကောင်စီတပ်က ပိတ်ဆို့ လိုက်တာကြောင့် ဒေသခံများ အခက်ကြုံ နေရ
ေအာက်တိုဘာလ ၈ ရက်။ ကလေးမြို့နယ် အနောက်မြောက်ဘက် ဝင်ပေါက်ထွက်ပေါက်ဖြစ်သော တာဟန်း-ဒိုးဝိုင်းချောင်း-ပျဉ်းခုံကြီး- ပြည်တော်သာ- လက်ပံချောင်း လမ်းမပေါ်ရှိ ဆည်ကြီး ချောင်းကူး တံတားကို စစ်ကောင်စီ စစ်တပ်မှ ပိတ်ဆို့ လိုက်တာကြောင့် ဒေသခံများ ကွင်းလမ်းများမှ သွားလာ ရခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ခရီးသွား တစ်ဦး ထံမှ သိရှိရပါတယ်။ “အောက်တိုဘာလ ၄ ရက်နေ့ လောက်က စပြီး ဆည်ကြီးချောင်း ကူးတံတားကို စ ကန့်သတ်ပြီး ပိတ်ချ လိုက်တာပါ။ ကလေးမြို့နယ် အနောက် မြောက်ဘက်ပိုင်း သွားလာလို့ အဆင်မပြေတော့ဘူး။ သန်းခေါင်စာရင်း ကောက်ယူ ဖို့ လုံခြုံရေး တင်းကျပ်တာ လို့ ထင်တယ်” လို့ ဒေသခံ တစ်ဦးက ပြောကြား သွား…

