Headlines

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ချင်းစာကို ချင်းတွေသင်ကြားခွင့်ရတယ်လို့ ပလက်ဝကောင်စီကပြော

ဇန်နဝါရီလ ၂၃ ရက် ။ အာရက္ခတပ်တော်(AA )သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ချင်းစာကို ချင်းတွေသင်ကြားခွင့်ရတယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့ကပြုလုပ်တဲ့ Vaurawng Zuunthin ကီမိုပရောဂျက်အတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာတဲ့ပွဲမှာ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဆလိုင်းမျိုးထိုက် က အခုလို ပြောခဲ့တာလည်းဖြစ်ပါတယ်။ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဆလိုင်းမျိုးထိုက်က “အရင်က ကောလဟာလတွေတော့ထွက်ပါတယ် ပလက်ဝမှာချင်းတွေနေတဲ့ရွာတွေမှာ ရခိုင်စာသင်မယ်ဆိုတာမျိုးတွေထွက်ပါတယ် တကယ်မြေပြင်မှာတော့ မဟုတ်ပါဘူး ရခိုင်နဲ့ကျနော်တို့ချင်းညီအကိုတွေ ပေါင်းနေတာတွေရှိပါတယ် အဲဒီလိုပေါင်းနေတဲ့ ရွာတွေမှာဆိုရင်တော့ သူတို့ကတော့ ရခိုင်စာတွေ အဲဒီသီချင်းတွေ ဆိုတာတွေတော့ရှိတဲ့အချိန်မှာ တချို့သောအဲဒီမှာရှိတဲ့ဟာတွေက အဲလိုမျိုး သတင်းတွေကိုပေါ့လေ ကြားရတဲ့ဟာတွေ ရှိကောင်းရှိနိုင်ပါတယ် အရင်ကဆိုရင် တချို့ရွာတွေက ကျနော်တို့ကို သတင်းပို့တာတွေရှိပါတယ် အဲဒီရွာမှာ စာပေတွေသင်တဲ့အချိန်မှာ ရခိုင််စာနဲ့…

Read More

CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်လို့ CDF – Hualngoram က ထုတ်ပြန်

ဇန်န၀ါရီလ ၂၂ ရက်။ ချင်းပြည်နယ်၊ ဟွာလ်းငိုးရမ်းဒေသအတွင်း CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တော့မယ်လို့ CDF – Hualngoram က ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ဟွာလ်းငိုးရမ်းဒေသထဲက ရိဒ်ခေါဒါရ်မြို့နယ်အတွင်း CDF – Hualngoram နာမည်တွေသုံးပြီး မူးရှုးသောင်းကြမ်းတာ၊ အဖွဲ့အစည်းနာမည်ပျက်အောင် တမင်ရည်ရွယ်ချက်တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရှိလာတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ကျနော်တို့က နယ်စပ်ဒေသဖြစ်တဲ့အခါကြတော့ ကျနော်တို့ဒေသမှာ နယ်အသီးသီးကလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တစ်ချို့က လက်နက်ပါတယ် တချို့ကလက်နက်မပါဘူးပေါ့နော် နယ်စပ်ဒေသဖြစ်တော့ အဝင်အထွက်များတော့ ကျနော်တို့က…

Read More

ဖလမ်းမြို့နဲ့ မြို့အနောက်ခြမ်းတွေကို ဒီနေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီလ ၂၂ ရက်။ ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ မြို့ အနောက်ခြမ်းတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာဘဲ တိုက်လေယာဉ် ၂ စီး နဲ့ Y – 12 တွေအသုံးပြုကာ လေကြောင်းကနေ အပြင်းအထန် ၄ ကြိမ် ထက်မနည်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “ထိခိုက်မှုတော့ မရှိဘူး Y – 12 က ကြဲတာများတယ် နေ့တိုင်းတော့ လေကြောင်းကနေ ကြဲတာမျိုးတော့ မဟုတ်ဘူး နောက်ဆုံးသူတို့ကြဲတာ ၁၈ ရက်နေ့ကပေါ့ ဒီကနေ့မှာ ပြန်ကြဲတာတွေ လုပ်နေတယ်” လို့ပြောပါတယ်။ မိထ္ထီလာရှမ်းတဲလေတပ်ကနေ MIG – 29…

Read More

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦး လက်နက်တွေနဲ့အတူ CDF – Hakha ထံ အလင်းဝင်

ဇန်နဝါရီလ ၂၁ ရက်။ ဟားခါးမြို့မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးဟာ လက်နက်တွေနဲ့ အတူ Chinland Defence Force – Hakha (CDF – Hakha) ထံ CDM လုပ်ပြီး ပူးပေါင်းလာတယ်လို့ CDF – Hakha က ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ချင်တယ်ဆိုပြီး ဟားခါးမြို့က ပြည်သူ့စစ် ၄ ဦးဟာ ဇန်နဝါရီလ ၈ ရက်နေ့နဲ့ ၁၄ ရက်နေ့တုန်းက လက်နက်တွေနဲ့အတူ (CDF – Hakha)ထံ လာရောက် ပူးပေါင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ အခုလို(CDF – Hakha)ထံ CDM…

Read More

အိမ်သုံး၊အများပြည်သူအသုံးပြုရန်ကလွဲရင် သစ်သိုလှောင်ခွင့် Chinland Defence Force – Hakha Central Council ပိတ်ပင်

ဇန်နဝါရီလ ၂၁ ရက်။ မိမိသုံး၊ အိမ်သုံး၊ အများပြည်သူအသုံးပြုရန်ကလွဲပြီး တခြားမည်သည့် သစ်မှ သိုလှောင်ခွင့်မရှိကြောင်း အမိန့်စာထုတ်ပြန်တယ်လို့ Chinland Defence Force – Hakha Central Council (CDF-Hakha) က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဗဟိုမြေယာနဲ့ သစ်တောဌာနကို တရားဝင်အကြောင်းကြားခြင်း၊ မှတ်ပုံတင်ခြင်းမရှိတဲ့ သစ်တွေကို ဟားခါးမြို့အတွင်းသို့ ဇန်နဝါရီလ ၂၁ ရက်နေ့ကစလို့ သယ်ယူရောင်းဝယ်ခွင့်အား ပိတ်ပင်လိုက်ပြီး မလိုက်နာပါက မြို့နယ်ဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ်လို့လည်း CDF-Hakha က ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးကာလအတွင်း စီးပွားရေး သစ်ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းအား ခွင့်မပြုကြောင်း မြို့နယ်က အမိန့်စာထုတ်ထားပြီးဖြစ်လို့ လိုက်နာခြင်းမရှိဘဲ မိမိသုံး၊ အိမ်သုံး၊ အများပြည်သူသုံးမှ လွဲ၍ အခြားမည်သည့်သစ်မှ သိုလှောင်ခွင့် မရှိကြောင်း…

Read More

ခမ်းပတ်မြို့ကို ဒီညမှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်

ဇန်နဝါရီလ ၂၀ ရက်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားထိခိုက် သေဆုံးတာတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ဒီကနေ့ ဇန်နဝါရီ ၂၀ ည (၇) နာရီဝန်းကျင််လောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ၂ ကြိမ်တိုက်ခိုက်သွားခဲ့တယ််လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးပြောတာက “ခမ်းပါတ်မြို့အဝင် မြို့ရဲ့တောင်ဘက် နန်းကတိတ်ရွာနားကို လေကြောင်းကနေ ၂ ကြိမ် ခိုက်သွားတယ်လို့ သိရတယ် ထိခိုက်၊ ကျဆုံး တွေတော့ မသိရသေးဘူး” လို့ပြောပါတယ်။ ခမ်းပတ်မြို့ကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဒီည (၇) နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်တာလို့ ဒေသခံတစ်ချို့ကပြောပါတယ် ထိခိုက်ဒဏ်ရာရ တာတွေနဲ့ ပက်သက်တဲ့ အသေးစိတ်ကိုတော့…

Read More

မင်းတပ်မြို့ ပေါ်မှာ မိုင်းရှင်းတာ ၈၀ ရာခိုင်နှုန်းပြီးပြီလို့ CDF – Mindat ပြော

ဇန်နဝါရီလ ၂၀ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF – Mindat) အနေနဲ့ မိုင်းရှင်းနေတာ ၈၀ ရာခိုင်နှုန်းပြီးနေပြီလို့ သိရပြီး စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ နေရာတွေ အချိန်ယူရှင်းဖို့ကျန်နေသေးတယ်လို့ CDF – Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က Chin World Media ကိုပြောပါတယ်။ CDF – Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “မင်းတပ်မြို့ကိုတော့ အခုလောလောဆယ် သန့်ရှင်းရေးတွေလုပ်နေတယ် မိုင်းတွေဖော်နေတယ် ရေတွေပြန်သွယ်ဖို့ကြိုးစားနေတယ် နောက်ပြီးမြို့ပေါ်က ခွေးလေ၊ ခွေးလွင့်တွေကို ကျနော်တို့ ခွေးရူးကာကွယ်ရေးထိုးတာမျိုး ပြင်ဆင်နေတာမျိုးရှိတယ် ဘယ်အချိန်လောက်ပြည်သူတွေ နေထိုင်နိုင်မလဲဆိုတာကတော့ မိုင်းရှင်းနေတာက ၈၀ ရာခိုင်နှုန်းတော့ ပြီးနေပါပြီ ဒါပေမယ့် တချို့နေရာလေးတွေက ေတာ်တော်လေးအချိန်ယူပြီး ရှင်းရမယ်ပေါ့ အထူးသဖြင့်…

Read More

ICNCC နဲ့ Chinland Council ကို ဒေါ်လာ ၁ သိန်း စီ NUG က ရန်ပုံငွေ ခွဲဝေပေးခဲ့တယ်လို့ သိရ

ဇန်န၀ါရီလ ၂၀ ရက်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB) နဲ့ Chinland Council (CC) တို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က အမေရိကန်ဒေါ်လာ ၁ သိန်းစီ ရန်ပုံငွေ ခွဲဝေပေး ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) က ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေ မျှဝေပေးခြင်းကို အွန်လိုင်းကနေတဆင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) ကထုတ်ပြန်ပါတယ်။ အဲဒီရန်ပုံငွေမျှဝေးပေးအပ်တဲ့ အခမ်းအနားကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင််သန်းနဲ့ ဝန်ကြီးတွေ အပါအဝင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ Chinland Council (CC) က တာဝန်ရှိသူတွေလည်း…

Read More

နှစ်ပေါင်း ၂၀ အတွင်း ၃၂ ကြိမ် သွေးလှူဒါန်းခဲ့သူကို ZYA အသင်းရဲ့ သွေးအများဆုံး လှူဒါန်းသူ အဖြစ် ဂုဏ်ပြုဆုပေး

ဇန်နဝါရီလ ၁၉ ရက်။ လူမှုရေး နှင့် သွေးလှူရှင် အသင်း တစ်ခုဖြစ်တဲ့ ဇိုမီးလူငယ်များအသင်း (Zomi Youth Association) ရဲ့ နှစ် ၂၀ ပြည့် နှစ်ပတ်လည်ပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကလေးမြို့က ZYA အသင်းရုံးချုပ်မှာ ကျင်းပခဲ့ပြီး အသင်းနှင့်အတူ နှစ်ပေါင်း ၂၀ အတွင်း ၃၂ ကြိမ် သွေးလှူဒါန်းခဲ့သော ဦး ကမ်းဆွင်းမုန် အား သွေး အများဆုံး လှူဒါန်းသူ အဖြစ် ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ် အတွင်း ZYA ကနေ သွေး အကြိမ် ၁၀၀ တိတိကို လူမျိုး၊ ဘာသာ မခွဲခြားဘဲလှူဒါန်း နိုင်ခဲ့ကြောင်း ZYA အသင်းထံမှသိရပါတယ်။ ဦးကမ်းဆွင်မုန် ဟာ…

Read More

တီးတိန်မြို့ခံတစ်ဝက်ခန့် မြို့ကိုစွန့်ခွာကြ သော်လည်း ပစ္စည်းသယ်ယူရန် ဝင်ထွက်သွားလာသူ များနေဆဲ ဖြစ်

ဇန်နဝါရီလ ၁၈ ရက်။ မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် လူဦးရေ ၁ သောင်းခွဲခန့်နေထိုင်တဲ့ တီးတိန်မြို့မှာ မြို့နေ လူထု တစ်ဝက်ခန့် မြို့ကို စွန့်ခွါကာစစ်ရှောင်ကြပြီ ဖြစ်သော်လည်း မြို့ခံပြည်သူများအနေဖြင့် ပစ္စည်းများ သယ်ယူရန် ဝင်ထွက် သွားလာသူများနေဆဲဖြစ်ကြောင်း တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိရပါတယ်။ “တီးတိန်မြို့ရဲ့ လမ်းမကြီး ဖြစ်တဲ့ ကမ်းဟောက် လမ်းမ တလျှောက် ဆိုရင် အကုန်လုံး နီးပါး ထွက်ပြေး ပြီ။ မြို့ ရပ်ကွက် မှာရှိတဲ့ ရဲစခန်း၊ တပ်ကုန်း နှင့် နီးတဲ့ ရပ်ကွက်တွေမှာ ဆိုရင် ဘယ်သူမှ မရှိတော့ဘူး။ ပစ္စည်းတွေ ပြန်ယူဖို့ နေအိမ်တွေ ပြန်ကြည့် ဖို့ ပြန်လာ ကြတဲ့ လူတွေလည်း ရှိတယ်။ တချို့က…

Read More