Headlines

ချင်းပြည်(Chinland) ကောင်စီနဲ့ မီဇိုးကျောင်းသားသမဂ္ဂ (MZP) တို့တွေ့ဆုံမှုမှာ ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများကိုဖြေရှင်းရာမှာအကြမ်းဖက်သောနည်းလမ်းကိုအသုံးမပြုရန် အချက်အပါအဝင် အချက် ၃ ချက်ကို သဘောတူကြောင်းထုတ်ပြန်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့ မှာ ချင်းပြည်(Chinland)ကောင်စီ/ချင်းပြည်အစိုးရနှင့် မီဇိုးကျောင်းသားသမဂ္ဂ (MZP )အဖွဲ့တို့ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများကိုဖြေရှင်းရာမှာအကြမ်းဖက်သောနည်းလမ်းကိုအသုံးမပြုရန် နှင့် Chinland Council အနေဖြင့် ချင်းပြည်အတွင်းရှိ အဖွဲ့အစည်းအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများရှာဖွေသွားရန် ၊စည်းလုံးညီညွတ်ရေးအတွက် MZP အဖွဲ့ရဲ့ကြိုးစား ဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း၊စတဲ့ အချက် ၃ ချက်ကို ဆွေးနွေးသဘောတူခဲ့ကြကြောင်း MZP အဖွဲ့က ဒီနေ့ဩဂုတ်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ်လ ၂၀ ရက်က အိုက်ဇောလ်မြို့၊ MZP ရုံးမှာ ပြုလုပ်တဲ့ ချင်းပြည်(Chinland)ကောင်စီ/ချင်းပြည်အစိုးရနှင့် မီဇိုးကျောင်းသားသမဂ္ဂ (MZP )အဖွဲ့တို့အစည်းအဝေးမှာ ချင်းပြည်(Chinland) ကောင်စီကဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရဝန်ကြီးချုပ်ပူးပါထန်းဦးဆောင်တဲ့ Chinland Council အဖွဲ့ဝင်တချို့ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။…

Read More

လောက်တူဒေသမှာဖြစ်တဲ့ ဘာသာရေးကိစ္စကို လောက်တူပြည်သူ့ရေးရာ ကောင်စီမှာ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ သိရ

ချင်းပြည်နယ် လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ရွာမှာဖြစ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်နဲ့ပတ်သက်လို့ လောက်တူပြည်သူ့ရေးရာကောင်စီမှာ ဆွေးနွေးမှုတွေ လုပ်သွားဖို့ရှိတဲ့ကြောင်း နဲ့ အမုန်းပွားလှုံ့ဆော်မှုဖြစ်စေနိုင်တဲ့ ကိစ္စတွေ အထူးသတိထားရှောင်ကြဉ်ပေးကြဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက သြဂုတ်လ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ လောင်ထန်တလန်ကျေးရွာမှာ ခရစ်ယာန်ဘာသာထဲက အသင်းတော် တစ်ခုဖြစ်တဲ့ AG (ဧဝံဂေလိ) အသင်းသားဖြစ်လို့ ရွာကနေ နှင်ထုတ်ခံရတယ်ဆိုတဲ့ ဗီဒီိယိုရုပ်သံဖိုင် လူမှုကွန်ယက်စာမျက်နှာတွေမှာ ဩဂုတ်လ ၁၈ ရက်နေ့မှာ ပျံ့နှံ့ခဲ့ပြီး ချင်းလူမျိုးအသိုင်းအဝိုင်းအကြားမှာ ဝေဖန်မှုတွေလည်း များပြားခဲ့ပါတယ်။ လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ကျေးရွာမှာ ဧပြီလကုန်ပို်င်းလောက်စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆိုင်ရာ ၊အသင်းတော်ဆိုင်ရာပြဿနာတွေကို သြဂုတ်လ ၁၈ ရက်နေ့ကစတင်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ ဖြစ်စဉ်မှာပါဝင်တဲ့ နှစ်ဖွဲ့က ဒေသတရားရေးအဖွဲ့ကို အပြန်အလှန် တိုင်တန်းခဲ့ကြတယ်လို့လည်း…

Read More

တွန်းဇံမြို့မှာ ဘုရားကျောင်း ၂ ခုကဖွင့်တဲ့စာသင်ကျောင်း၂ ကျောင်းသာဖွင့်နိုင်၊တွန်းဇံမြို့မှာအရင်နှစ်က ကျောင်းတက်သူဦးရေ ၁ ထောင်ကျော်ရှိသော်လည်း ဒီနှစ်မှာ ကျောင်းတက်သူ ၃ ရာကျော်သာရှိ

Chinland Council ပူးပေါင်းတပ်ဖွဲ့မှ မေလ ၂၃ ရက်ကတည်းက သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့မှာ အခုအချိန်အထိ အစိုးရအခြေခံပညာကျောင်းတွေမှာ ကျောင်းဖွင့် နိုင်ခြင်းမရှိပဲ ကက်သလစ်ဘုရားကျောင်း နှင့် သတ္တမနေ့ မျှော်လင့်ခြင်း အသင်းတော် တို့မှ ဖွင့်လှစ်တဲ့ ကျောင်း ၂ ကျောင်းမှာ ကလေးများ စာသင်နေရ ပြီဖြစ်ပြီး တွန်းဇံမြို့မှာ အရင်နှစ်က ကျောင်းတက်သူဦးရေ ၁ ထောင်ကျော်ရှိသော်လည်း ဒီနှစ် ၂၀၂၄ မှာ ကျောင်းတက်သူ ၃ ရာကျော်သာရှိကြောင်း၊ဆေးရုံကိုလည်း အမြန်ဆုံး ပြန်လည် ဖွင့်လှစ် နိုင်ရန် ကြိုးစား နေကြကြောင်း တွန်းဇံမြို့ခံများက Chin World Media ကို ပြောပါတယ်။ “တိုက်ပွဲ မဖြစ်ခင်၊ အရင် နှစ်တွေ တုန်းကတော့ တွန်းဇံမှာ ကျောင်းသား…

Read More

လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ခံနေရတဲ့ မင်းတပ်မြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရ

ယခုလပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ခံနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၂ နာရီအချိန်ဝန်းကျင်မှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ လူ သေဆုံး၊ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ ဂျက်ဖိုက်တာ ၃ စီးလောက်က ဒီကနေ့ မနက်ပိုင်း ည ၂ နာရီဝန်းကျင်လောက်မှာ မင်းတပ်မြို့နယ် တိုက်နယ် (၁)၊ တိုက်နယ် (၃) နဲ့မြို့အနောက်ဘက်က နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ မင်းတပ်သတင်းတွေ ဖော်ပြတဲ့ ဒေသခံ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။ ” လေကြောင်းတိုက်ခိုက်သွားလို့ သေဆုံး၊ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ကြားသိရတဲ့ကြောင်း နဲ့ မနေ့ညနေပိုင်းလောက် ၄ နာရီလောက်မှာလည်း မင်းတပ်မြို့ ခလရ ၂၇၄…

Read More

ကလေးမြို့နယ်ကရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ သိရ

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်းကချင်းလူမျိုးအများစုနေထိုင်တဲ့ လက်ပံချောင်းရွာကို ဒီနေ့ဩဂုတ်လ ၂၀ ရက်မှာ လေကြောင်းဗုံးကြဲခဲ့သလို ကလေးမြို့နယ် တောင်ပိုင်းရွာတွေကိုလည်း စစ်ကြောင်းထိုးပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းက စက္ကန့်၊ ရှားတောကျေးရွာနဲ့ သုံးအိမ်စုကျေးရွာတွေကို ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းလောက်မှာ စစ်ကောင်စီတပ်ဖွဲ့က စက္ကန့်ရွာကနေ ရှားတောရွာကို ဝင်လာတဲ့အချိန် CNDF တပ်ဖွဲ့နဲ့ ပစ်ခတ်မှု တစ်နာရီကြာဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရှားတောရွာက နေအိမ်တွေကို မီးရှို့ခဲ့ပြီး သုံးအိမ်စုရွာကို ဆက်လက်စစ်ကြောင်းထိုးကာ နေအိမ်တွေကိုလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံ တစ်ဦးက “ကလေးတောင်ပိုင်းက ရွာတွေကို စစ်ကြောင်းထိုးနေတယ် ရှားတော၊ သုံးအိမ်စုက နေအိမ်တွေကိုလည်း မီးရှို့နေတယ် နောက်ပြီး လက်ပံချောင်းရွာကို လေယာဉ်နဲ့လည်း ဗုံးကြဲတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာတာကြောင့်…

Read More

မြို့တွင်းတိုက်ပွဲများအပြီး တီးတိန်မြို့မှာဖောက်ထွင်း ခိုးယူမှု ပိုမိုများပြားလာရခြင်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူများလာခြင်းကြောင့်လို့ဆို

မေလ ၂၆ ရက်နေ့မှစတင်ကာဖြစ်ပွါးခဲ့တဲ့ တီးတိန်မြို့တွင်း တိုက်ပွဲ အပြီးတွင် ဖောက်ထွင်းခိုးယူမှု ပိုမိုများပြားလာရတဲ့ အကြောင်းရင်းမှာ တီးတိန်မြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ဦးရေ မြှင့်တက် လာမှုကြောင့် ဖြစ်တယ် လို့ ဒေသခံ လူငယ် ခေါင်းဆောင် တစ်ဦးက Chin World Media ကို ပြောပြပါတယ်။ “အာဏာသိမ်းပြီး နောက်ပိုင်း မြို့တွင်းမှာက လုံခြုံရေး လျော့ရဲ လာတယ်။ ရပ်ကွက် အလိုက် စုစည်းတဲ့ လုံခြုံရေး အဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကပဲ ပြည်သူ့ လုံခြုံရေး အပိုင်းကို ညှိနှိုင်းပြီး တာဝန်ယူရတယ်။ မြို့တွင်း တိုက်ပွဲ မဖြစ်ခင်ကတည်းက ဖမ်းမိတဲ့ သူခိုး အများစုက ဆေးသမား တွေ ဖြစ်တယ်။ စားဖို့ မရှိလို့၊…

Read More

CDF-Tonzang က ဆက်လက်ချိတ်ပိတ်ထားတဲ့နေအိမ်တွေဟာ တွန်းဇံမြို့လုံခြုံရေး လိုအပ်ချက် ကြောင့် ဖြစ်တယ်လို့ဆို

CDF-Tonzang အနေဖြင့် ZRA-EC မှ တွန်းဇံမြို့ကို ပြန်လည်း ဝင်ရောက် တိုက်ခိုက်မည်ဟု မပြတ်ပြောဆို ရေးသားမှုတွေ တွေ့နေရတဲ့အတွက် မြို့လုံခြုံရေး နှင့်အုပ်ချုပ်ရေး ကောင်းမွန်စွာ ဖော်ဆောင်နိုင်ရေး အတွက် တွန်းဇံမြို့ရှိ ZRA-EC တပ်ဖွဲ့ဝင်များ နှင့် ထောက်ပံ့သူများ၏ နေအိမ်များကို ဆက်လက် ချိတ်ပိတ် ထိန်းသိမ်းခဲ့ရ ခြင်း ဖြစ်တယ်လို့ CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန် မှ Chin World Media သို့ပြောပါတယ်။ “ကျွန်တော်တို့ CDF-Tonzang က စစ်ကောင်စီတွေကို တိုက်ဖို့ ဖွဲ့စည်းထားတာပါ။ ZRA ကို ဝင်တိုက်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ကျွန်ုပ်တို့ စခန်းတွေ ဖြစ်တဲ့ Lunghu စခန်း၊ Zopinak စခန်းတွေကို လာတိုက်သွားတယ်။…

Read More

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်လုပ်နေတာကြောင့် လူစုလူဝေးရှောင်ကြဖို့ နဲ့ ပုန်းခိုစရာတွေ သေချာတူးဖို့ သတိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် လူစုလူဝေးရှောင်ပေးကြရန်နဲ့ ပုန်းခိုစရာ နေရာများသေချာတူးဖို့ တို့ကို ချင်းကာကွယ်ရေး – မင်းတပ်(CDF-Mindat) က ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် မင်းတပ်မြို့နယ်အတွင်းက မိဘပြည်သူတွေအနေနဲ့ လူစုလူဝေးရှောင်ပေးကြရန်၊မိမိနေအိမ်များ အနီး၊အိမ််အောက် မဟုတ်တဲ့ နေရာမှာ ပုန်းခိုစရာ နေရာတွေ သေချာတူးပေးကြရန် ၊ မိမိအန္တရယ်ကင်းဖို့ သတင်းများကို အုပ်ချုပ်ရေးမှူး(သို့)တာဝန်ရှိသူများကိုသာ မေးမြန်းကြပါရန်နှင့်ပြည်သူတွေ စိတ်သောက ရောက်စေမယ့် သတင်းမှားဖြန့်ဝေခြင်းတွေ မလုပ်ကြဖို့ကိုလည်း ချင်းကာကွယ်ရေး – မင်းတပ်က အသိပေးထုတ်ပြန်ထားပါတယ်။ မပ်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ခပ်စိပ်စိပ်လုပ်နေသလို သြဂုတ်လ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက…

Read More

ဟားခါးတက္ကသိုလ်ဖက်သွားတဲ့လမ်းကို ဖြတ်သန်းသွားလာခြင်း မလုပ်ဖို့ CDF – Hakha သတိပေးထုတ်ပြန်

ချင်းပြည်နယ်၊ဟားခါးမြို့နားကဟားခါးတက္ကသိုလ်ဖက်သွားတဲ့လမ်းကို မနက်ဖြန် သြဂုတ်လ ၂၀ ရက်နေ့ကစလို့ နောက်ထပ်ကြေညာချက်မထုတ်မပြန်မခြင်း ဖြတ်သန်းသွားလာ ခြင်းမလုပ်ဖို့ Chinland Defense Force – Hakha ကဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အခုကာလမှာ ထန်တလန်ဖက်သွားတဲ့လမ်းပေါ်မှာရှိတဲ့ ဟားခါးတက္ကသိုလ်အကြား ဖြတ်သန်းသွားလာတဲ့ မည်သူကိုမဆို စစ်ကောင်စီလူလို့ သတ်မှတ်ခံရလိိမ့်မယ်လို့လည်း Chinland Defense Force – Hakha က သတိပေးထုတ်ပြန်ထားပါတယ်။ CNF/A ဦးဆောင်ပြီး CDF – Hakha ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂၂ ရက်ကနေ ဒီကနေ့အချိန်အထိ ဟားခါးနဲ့ ထန်တလန်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်တာတွေရှိခဲ့သလို လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေသေးတယ်လို့လည်း သိရပါတယ်။

Read More

ချင်းပြည်ကောင်စီဝန်ကြီးချုပ်နဲ့အဖွဲ့ ထန်တလန်မြို့စစ်မြေပြင်က Chinland Council ပူးပေါင်းတပ်ဖွဲ့ကို သွားရောက်အားပေးကြောင်းသတင်းထုတ်ပြန်

ချင်းပြည်ကောင်စီ(Chinland Council) ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ထန်တလန်မြို့ စစ်မြေပြင်ကိုသွားရောက်ပြီး Chinland Council ပူးပေါင်းတပ်ဖွဲ့ကို လိုအပ်ချက်များကိုပံ့ပိုးပေး၊အားပေးခဲ့တယ်လို့Government Of Chinland Council က ဒီကနေ့ဩဂုတ်လ ၁၇ ရက်နေ့ မှာသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ထန်တလန်မြို့ခရီးစဉ်မှာ ချင်းပြည်ကောင်စီ အစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့ လိုက်ပါခဲ့တယ်လို့ Government Of Chinland Council က ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့ဟာဇူလိုင်လ ၂၂ ရက်ကနေစပြီး ဒီနေ့အချိန်အထိ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ထန်တလန်မြို့ပေါ်ရှိ ခလရ ၂၆၉ စခန်းကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၈ ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီလို့သိရပါတယ်။…

Read More