ကန်ပက်လက်မြို့နဲ့ဝေဘူလမြို့ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ အဆောက်အဦးများစွာထိခိုက်ပျက်စီးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရ
မေလ ၁ ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့ကို ဧပြီလ ၂၉ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ၊ဖလမ်းမြို့နယ်ဝေဘူလမြို့ကိုလည်း ဧပြီ ၂၇ ရက်နေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ကန်ပက်လက်မြို့နဲ့ဝေဘူလမြို့မှာ အရပ်သားပြည်သူနေအိမ် များစွာထိခိုက်ပျက်စီးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ CDF – kanpetlet က တာဝန်ရှိသူတစ်ဦးက “၂၉ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်တာရှိပါတယ် လူအထိအခိုက်တော့ မရှိဘူး၊ အဆောက်အဦးတွေဘဲ ထိခိုက်တယ် ” လို့ပြောပါတယ်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ဖလမ်းမြို့နယ်ထဲက ဝေဘူလမြို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ညက လေကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်း အပါအဝင် နေအိမ် ၁၅ လုံး…

