Headlines

admin

ကလေးမြို့က ဘီယာဆိုင်မှာ လူငယ်တွေကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွား

ဇူလိုင်လ ၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လကနေ စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ လူငယ်တွေကိုလိုက်လံဖမ်းဆီးနေတယ်လို့ သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ စမ်းမြို့ရပ်ကွက်က ဘီယာဆိုင်တဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၄/ ၅ ယောက်ဝန်းကျင်ကို အရပ်ဝတ်၊ အိမ်စီးကားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင် သွားတာကို ကလေးမြို့ဒေသခံတစ်ဦးက သူမျက်မြင် တွေ့ခဲ့တယ်လို့ Chin World Media ကိုပြောပါတယ်။ ဒေသခံ မျက်မြင်တစ်ဦးက “ဖမ်းတာက နေ့တိုင်းလိုလိုကိုဖမ်းနေကြတယ် ဟိုတနေ့က စမ်းမြို့ရပ်ကွက်က အရက်ဆိုင်ကနေ လူငယ်တွေကို ညနေလောက်မှာ ဆွဲတာ ကျနော်ကိုယ်တိုင်မြင်လိုက်တယ် 4w ကားနဲ့ လူငယ် လေးငါးယောက်လောက်ပါသွားတယ် ဟိုတလောကဆိုရင် ရပ်ကွက်ထဲက ခြင်းဝိုင်းကို ဝင်ပြီးဖမ်းသွားတယ် အကျီချွတ်တွေနဲ့ ပါသွားတယ်…

Read Full News

UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ ချင်းလူငယ်ဖိုက်တာ Joshua Van အဆင့် ၁ တိုးမြင့်သတ်မှတ်ခံရ

ဇူလိုင် ၂ ရက်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ အမေရိကန်ဖိုက်တာ Brandon Royval တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲကို ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ် ကမ္ဘာကျော် ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွေကျင်းပနေတဲ့ UFC က ရွေးချယ်လိုက်ကာ၊ယခုအချိန်ကစပြီး UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ကို အရည်အချင်းသတ်မှတ်ချက် Ranking အဆင့် ၁ တိုးမြင့်သတ်မှတ်လိုက်ကြောင်းသိရပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ဖလိုင်းဝိတ်တန်းရဲ့အဆင့် ၁ သတ်မှတ်ခံရတဲ့ အမေရိကန်ဖိုက်တာ…

Read Full News

ဗဟိုမီဇိုလူငယ်အသင်း(CYMA)က ၅ လအတွင်းဖမ်းဆီးရမိတဲ့ ရူပီး သိန်း ၄၂၉.၂၇ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီး

ဇူလိုင်လ ၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ဗဟိုမီဇိုလူငယ်အသင်း(CYMA) ရဲ့ လက်အောက်ခံ ဗဟိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (CADS)ကဦးစီးပြီး မီဇိုရမ် ပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့ ရူပီး သိန်း ၄၂၉.၂၇ တန်ဖိုးရှိမူးယစ်ဆေးဝါးများဖျက်စီးခြင်း အစီအစဉ်တစ်ရပ်ကို ဇွန်လ (၃၀) ရက်နေ့က မြို့တော်အိုင်ဇော်လ်မြို့ရှိ YMA ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ India Today မီဒီယာကဖော်ပြပါတယ်။ CYMA အတွင်းရေးမှုး Prof. Malsawmliana က ဖမ်းစီးရမိတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီး စာရင်းများကို တင်ပြခဲ့ရာ ၂၀၂၅ မတ်လကနေ ဇွန်လကုန်အထိ ငါးလအတွင်း ဘိန်းဖြူ (နံပါတ် ၄): ၈၆၁ ယူနစ်၊ တစ်တက် ဆေးပြားများ: ၁,၄၉၈ ပြား၊ မက်သာအမ်ဖက်တမင်း: ၁၀ ကီလိုဂရမ်၊ ဆေးဝါးပြားများ:…

Read Full News

မီဇိုရမ်ပြည်က ရေဘေးသင့် စစ်ဘေးရှောင်ပလက်ဝဒေသခံတွေရဲ့ နေအိမ်ပြန်လည်တည်ဆောက်ရေးအပြင် အခြေခံစားနပ်ရိက္ခာ ၊ ဆေးဝါးတွေ အကူအညီ လိုအပ်လျက်ရှိနေ

ဇူလိုင်လ ၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်၊ တွီဒင်း၊ ကာကီနဲ့ လောင်ဆွီးကျေးရွာတွေမှာ ရေဘေးသင့်နေတဲ့ စစ်ဘေးရှောင် ပလက်ဝဒေသခံတွေအတွက် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန် သစ်ဝါး၊ ရေပုံးတွေနဲ့ အခြေခံစားနပ်ရိက္ခာတွေ ၊ ဆေးဝါးတွေ လိုအပ်လျက်ရှိနေတယ်လို့ ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးဌာန ရဲ့ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ဘေးရှောင် ရေးဘေးသင့်ပလက်ဝဒေသခံတွေကို ဇွန်လ ၂၇ ရက်နေ့က ကာကီစခန်းကို ဆန် (၁၀၇)အိတ်၊ လောင်းပဆူးစခန်း ဆန် (၂၅) အိတ်၊ တွီဒင်းစခန်းကို ဆန် (၁၀၇) အိတ် စုစုပေါင်း ဆန်အိတ် အပြင် ဆား (၁၀၀) အိတ်၊ ဆီ (၄၈)ဘူးနဲ့ နေအိမ်လုံးဝပျက်စီးသွားတဲ့ နေအိမ် ၈၅ ဆောင်အတွက် တစ်အိမ်ထောင်ကို…

Read Full News

နေပြည်တော်မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ် အဖြစ် ချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင်တစ်ဦး ပါဝင်တက်ရောက်ခဲ့

ဇွန်လ ၃၀ ရက်။ ဇွန်လ ၂၅ ရက်ကနေ ၂၇ရက်နေ့ အထိ နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ် (Peace Forum 2025) မှာပါဝင်တက်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် ၄ ဦးထဲမှာ အိန္ဒိယဖွားချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင် တစ်ဦးဖြစ်တဲ့ Professor Dr Kham Khan Suan Hausing လည်း ပါဝင် တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။ Professor Kham Khan Suan Hausing ဟာ အိန္ဒိယ နိုင်ငံ ဟိုက်ဒရာဘတ် တက္ကသိုလ် (UoH) ရှိ နိုင်ငံရေးသိပ္ပံဌာန နှင့် လူမှုရေး သိပ္ပံကျောင်း တို့တွင်…

Read Full News

မင်းတပ်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်ပြီး ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာစေရန် ပြည်သူတွေလိုက်နာရမယ့် အမှိုက်ပစ်ရမယ့် စည်းကမ်းချက်များ ထုတ်ပြန်

ဇွန်လ ၃၀ ရက်။ မင်းတပ်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်ပြီး ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာစေရန် မင်းတပ်မြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေ လိုက်နာ ဆောင်ရွက်ရမယ့် အမှိုက်ပစ်ရမယ့် စည်းကမ်းချက်များကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မင်းတပ်- ပအဖ) က ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေနဲ့ပက်သက်ပြီး မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေဖြင့် သိရှိလိုက်နာဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကိုလည်း ပြန်လည် တင်ပြဖို့ကို မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ မင်းတပ်မြို့နယ်တစ်ခုလုံး တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံရေး၊ တရားစီရင်ရေးနဲ့ တကွ မြို့ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လည်ပတ်လုပ်ဆောင်နေတယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ အထူးသဖြင့်…

Read Full News

တမူးမြို့မှာ ညပိုင်းအပြင်ထွက်သူတွေကို စစ်ကောင်စီတပ်ကဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဆို

ဇွန်လ ၃၀ ရက်။ အိန္ဒိယ – မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်မှာ ည ၈ နာရီနောက်ပိုင်း အိမ်အပြင်မှာ တွေ့သမျှလူတွေကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတွေက လိုက်လံဖမ်းဆီးပြီး နောက်တနေ့ ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်လို့ တမူးမြို့နေ ဒေသခံတစ်ဦးကပြောပါတယ်။ တမူးမြို့နေ ဒေသခံတစ်ဦးက “ဈေးသစ် ၉ ၊ ဈေးသစ် ၁၀ ဘက်တွေမှာ တော်တော်ဆိုးတယ် ည ၈ နာရီကျော်လို့ အိမ်အပြင် အပြင်မှာ တွေ့သမျှကို ဖမ်းကြတယ် ပြီးတော့ နောက်နေ့ ငွေနဲ့ ပြန်ရွေးခိုင်းနေကြတယ် ပြန်ရွေးခိုင်းရင် လူတစ်ဦးကို အနည်းဆုံး ၅ သိန်း ပေးရတယ် တချို့ဆို ၁၂ သိန်း ထိတောင်းတာတွေရှိတယ် တစ်ဦးနဲ့တစ်ဦးကို တောင်းတဲ့ ဈေးမတူဘူး…

Read Full News

ချင်းလူငယ်ဖိုက်တာ Joshua Van ကို UFC ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja ရဲ့ ချန်ပီယံခါးပတ် စိန်ခေါ်သူအဖြစ် အတည်ပြုလိုက်ပြီ

ဇွန်လ ၃၀ ရက်။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ ထိပ်တန်းပြိုင်ဘက် Brandon Royval ကို အနိုင်ယူခဲ့ပြီးနောက် လက်ရှိ UFC ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja ရဲ့ Flyweight(ဖလိုင်းဝိတ်) ချန်ပီယံခါးပတ်အတွက်စိန်ခေါ်သူအဖြစ် UFC က တရားဝင် အတည်ပြုလိုက်ပြီလို့ သိရပါတယ်။ ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja က လည်း မနေ့ ဇွန်လ ၂၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ UFC ပွဲမှာ Kai Kara ကို တတိယအချီမှာ အနိုင်ရပြီး ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ဆက်ပြီးကာကွယ်နိုင်ခဲ့ပြီး နောက်ထပ် ချန်ပီယံခါးပတ်အတွက် Joshua Van…

Read Full News

မတူပီမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ပေါင်းစုများအပေါ် ကျေးဇူးတင်ကြောင်း ၁ နှစ်ပြည့် မတူပီမြို့သိမ်းအောင်ပွဲ အတွက် MRO/CDF – Matupi မှ ကြေညာ

ဇွန်လ ၂၉ ရက်။ မတူပီမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့၊ အာရက္ခတပ်တော်၊ ယောတပ်နှင့် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တပ်ပေါင်းစု အယောက်ချင်းစီတိုင်းအပေါ် ကျေးဇူးတင်ကြောင်း မတူပီမြို့သိမ်းတိုက်ပွဲအောင်မြင်စွာပြီးဆုံးခဲ့တာ ၁ နှစ်ပြည့်တဲ့ ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့မှာ မတူပီမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO/ CDF – Matupi) က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေး – မတူပီ အမည်နဲ့ မတူပီမြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာ၊ ခလရ (၁၄၀) နဲ့ ခလရ (၃၀၄)တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွက် တစ်စိုက်မတ်မတ် ထောက်ပို့လမ်းစဉ်အတိုင်း မြေပြင်တော်လှန်ရေးအဖွဲ့များအား အဖက်ဖက်မှ တတ်နိုင်သလောက်ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ နိုင်ငံတကာထောက်ပို့အဖွဲ့များကိုကျေးဇူးတင်ကြောင်း MRO/CDF -Matupi ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆက်ပြီး…

Read Full News