နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းဟာ ဒုစရိုက်မှုများ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရရဲ့ကန့်သတ်မှု အတိုင်းအတာတစ်ခုအထိ လိုအပ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ပြောကြား
မတ်လ ၁၁ ရက်။ မီဇိုရမ်ပြည်နယ်ကိုထွက်ပြေးလာကြတဲ့ ချင်းစစ်ဘေးရှောင်ပြည်သူများကို လက်ခံကူညီရမှာဖြစ် ပေမယ့် နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းဟာ ဒုစရိုက်မှုများ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရရဲ့ကန့်သတ်မှုအတိုင်းတာတစ်ခုအထိ လိုအပ်တယ် ယူဆကြောင်း မနေ့ မတ်လ ၁၀ ရက်က ကျင်းပတဲ့မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကပြောကြားပါတယ်။ “ စစ်ဒဏ်ကြောင့် ဒီဘက်ကိုရောက်ရှိနေကြတဲ့ ကျွန်တော်တို့ညီအကိုတွေကို စောင့်ရှောက် ရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်။ လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ရှိတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှုတွေများလာတယ်၊ မူးယစ်ဆေးဝါး၊ သေနတ် တွေ၊ ကျည်ဆံတွေကအစ၊ ဒီဘက်မှာ လူသတ်မှုတွေဖြစ်ရင်လည်း တဖက်ကမ်းကို ထွက်ပြေးသွားလို့ရတယ်၊ဒီလိုမျိုး လွတ်လပ်စွာဖြတ် သန်းသွားလာခြင်း ကြောင့်ဆိုးကျိုးတွေဖြစ်ပေါ်စေတာ ကြောင့်မီဇိုရမ်ပြည်သူ တော်တော်များများကလည်း ဒီဟာ မကောင်းဘူးလို့မြင်လာကြတယ်။ဗဟိုအစိုးရက ခုလိုလုပ်ဆောင်လာတာဟာ လိုအပ်ချက်အရဆောင်ရွက်ရတာဖြစ်တယ်ဆိုတာမျိုး ပြည်နယ်အစိုးရမှာလည်း သဘောထားရှိပါတယ်” လို့ မီဇိုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။…

