Headlines

admin

ငဖဲမြို့နယ်က တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီး

မတ်လ ၁၉ ရက်။ မကွေးတိုင်း ၊ ငဖဲမြို့နယ် ပဒါန်း – မင်းဘူး ကားလမ်းဟောင်းက တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အခြေအနေသိရှိသူတစ်ဦးပြောတာက “တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ ချင်းအမျိုးသား ၆ ယောက်ကို ၁၅ ရက်နေ့ညမှာ အဖမ်းခံရတယ်လို့ သိရတယ် အခုထိတော့ မလွတ်သေးဘူး။ CDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာလို့ပြောတယ်။ ACDF နဲ့ CDF အရှိုတွေက သူတို့ကို ဖမ်းတာတောင်မသိဘူး” လို့ပြောပါတယ်။ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းအမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်ရဲ့ တပ်မ…

Read More

အိန္ဒိယ – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်တွေ တင်းကြပ်လွန်းတဲ့အတွက် မီဇိုရမ်ပြည်ကချင်းစစ်ဘေးရှောင်တွေ စိုးရိမ်ပူပန်မှုများလာ

မတ်လ ၁၈ ရက်။ အခု ၂၀၂၅ ခုနှစ် ဇန်န၀ါရီလကစပြီးအိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်တွေကို အရမ်းတင်းကြပ်လာတဲ့အပေါ် အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်ခိုလှုံခွင့်မပေးတော့မှာတွေအတွက်ပါ စိုးရိမ်ပူပန်နေရကြောင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေတဲ့သူတွေဆီကနေ သိရပါတယ်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂) တံတားကနေ စီးပွားရေးသမားတချို့က မှောင်ခိုလုပ်ငန်းတွေ အကြီးအကျယ် လုပ်တာကြောင့် လွတ်လပ်စွာဖြတ်သန်းခွင့်ကို အိန္ဒိယဘက်က ပိုတင်းကြပ်လိုက်တာဖြစ်ပြီး ဒုက္ခတကယ်ရောက်ပြီး စစ်ဘေးရှောင်နေရတဲ့ သူတွေအတွက် များစွာ အခက်ခဲကြုံရတယ်လို့လည်း ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက “မြန်မာပြည်မှာနေဖို့ အဆင်မပြေတော့လို့ ကိုယ့်အသက်ရှင်ဖို့အတွက်ကို လာပြီးနေတဲ့သူတွေအတွက်တော့…

Read More

၂ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀ ခန့်ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၂၀) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သလို လက်နက် (၈၀) ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ CNF ထုတ်ပြန်

မတ်လ ၁၈ ရက်။ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၂၀၂၅ ခုနှစ်၊ ၂ လတာအတွင်း စစ်ကောင်စီတပ်စခန်းတချို့ သိမ်းပိုက်နိုင်ခဲ့သလို ရန်သူ့အင်အား (၃၀) ခန့်ကိုလည်း ရှင်းလင်းနိုင်တဲ့အပြင် စစ်သုံ့ပန်း (၂၀) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူ့လက်နက် (၈၀) ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မတ်လ (၂၀) ရက်​နေ့တွင်ကျ​ရောက်မည့် (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး(CNF) ကထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ အကျဉ်းသား (၇၂) ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး(CNF) ကထုတ်ပြန်ပါတယ်။ မတ်လ (၂၀) ရက်နေ့ဟာ…

Read More

ချင်းပြည်နယ်မှာ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်စာရင်းပေးသူ ၅၅၆ ဦးအနက် ဖြေဆိုသူ ၄၀၈ ဦး ရှိပြီးတက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူအနည်းဆုံးနှစ် ဖြစ်လာ

မတ်လ ၁၈ ရက်။ မတ်လ ၁၇ ရက်နေ့ကနေ စတင်ဖြေဆိုခဲ့တဲ့၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ချင်းပြည်နယ်မှာ ဖြေဆိုရန်စာရင်းပေးသွင်းသူ ၅၅၆ ဦးအနက် ဖြေဆိုသူ ကျောင်းသားကျောင်းသူ ၄၀၈ ဦး ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖြေဆိုသူ ဒုတိယ အနည်းဆုံး ပြည်နယ်ဖြစ်နေကြောင်း၊ယခုနှစ်ဟာ ချင်းပြည်နယ်ရဲ့တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအနည်းဆုံးနှစ်ဖြစ်ကြောင်း၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့နေ့စဉ်စာမေးပွဲ ဖြေဆိုမှု အခြေပြ ဇယား အရ သိရှိရပါတယ်။ ဖြေဆိုရန် စာရင်းပေးသွင်းခွင့်ကို မတ်လ ၁၆ ရက်နေ့ အထိ ပေးထားခဲ့တာကြောင့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းသူ ၅၅၆ ဦးထိ ရှိခဲ့သော်လည်း ၁၄၈ ဦး (၂၆.၆၂%) ပျက်ကွက်ခဲ့ပြီး ၄၀၈ ဦးသာ ဖြစ်ဆိုခဲ့ကြောင်း ယင်း အခြေပြ…

Read More

မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်များအတွက် အကူအညီပေးဖို့အိန္ဒိယနိုင်ငံဗဟိုအစိုးရကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကတောင်းဆို

မတ်လ ၁၇ ရက်။ မီဇိုရမ်ပြည်နယ်ဟာ လက်ရှိမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရတို့မှ ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၄၁,၀၀၀ ခန့်အတွက် ခိုလှုံရာနေရာများ ပေးနေရကာ ကြီးထွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီနိုင်ရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ဝန်ကြီးချုပ် Pu Lalduhoma က အိန္ဒိယနိုင်ငံဗဟိုအစိုးရကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၃,၇၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများကြောင့် မီဇိုရမ်ပြည်နယ်မှာ ခိုလှုံခဲ့ကြပါတယ်။ ခိုလှုံသူမြန်မာဒုက္ခသည် ၃၃,၇၀၀ ကျော်ထဲမှာအမျိုးသား ၁၀,၁၁၉ ဦး၊ အမျိုးသမီး ၁၀,၇၈၂ ဦးနှင့် ကလေး ၁၂,၈၁၁ ဦးတို့ ပါဝင်ပါတယ်။ ထို့အပြင်၊ မဏိပူရပြည်နယ်မှ လူပေါင်း ၁၂၀၀၀ ခန့်ဟာ ၂၀၂၃ ခုနှစ် မေလမှာ အကြမ်းဖက်မှုများ…

Read More

နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီကျင်းပတော့မယ့် ၂၀၂၅ ရွေးကောက်ပွဲ

မိုင်မိုင်(ဇလပ်မြေ) နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီကကြိုးပမ်းအားထုတ်နေတဲ့၂၀၂၅ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးကိုအနည်းနဲ့အများတော့အကျိုးသက်ရောက်မှုရှိလာတော့မှာပါ။ “အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုတယ်” လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ် ၁၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲကို အခုနှစ် ၂၀၂၅ ဒီဇင်ဘာလ ဒါမှမဟုတ် လာမယ့်နှစ်ဆန်း ဇန်နဝါရီလမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ…

Read More

အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ်နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ မြန်မာ ပါဝင်နေ

မတ်လ ၁၅ ရက်။ Trump အစိုးရအဖွဲ့ဟာနိုင်ငံပေါင်းဒါဇင်နှင့်ချီသော နိုင်ငံသားများအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်အသစ်တစ်ရပ်ကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ် နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ မြန်မာ ပါဝင်နေကြောင်း Reuters သတင်းအရ သိရပါတယ်။ အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက စာရင်းတွင် အပြောင်းအလဲများ ဖြစ်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio အပါအဝင် အုပ်ချုပ်ရေးအဖွဲ့မှ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတိပေးထားပါတယ်။ ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ် နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ နိုင်ငံပေါင်း ၄၃ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲပြီး စာရင်းပြုစုထားပါတယ်။ အမေရိကန်ကို ဝင်ရောက်ခွင့် လုံးဝကန့်သတ်ထားတဲ့ အနီရောင်စာရင်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ပါဝင်နေပြီး အာဖဂန်နစ္စတန်၊ ဘူတန်၊…

Read More

Myanmar Star Season 2 ရဲ့ Grand Final ဝင်ရောက်ယှဉ်ပြိုင်မယ့် ၄ ဦးမှာ ချင်းလူငယ် ၂ ဦး ဆက်လက် ပါဝင်

မတ်လ ၁၄ ရက်။ ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ Myanmar Star Season 2 ရဲ့ Top 7 result show မှာ Grand Final ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသူ ၄ ဦးထဲမှာ ချင်းလူငယ် နှစ်ဦး ဖြစ်တဲ့ Ephraim Kyaw Oo နှင့် Hoihpi တို့ ပါဝင်ခဲ့ကြောင်း Myanmar Star Top 7 result show တိုက်ရိုက် ထုတ်လွင့်မှု အရ သိရှိရပါတယ်။ Ephraim Kyaw Oo (Paletwa), Nan Ni (Myitkyina), Saw Myo Razar Kyaw…

Read More

ရန်ပုံငွေ မလုံလောက်လို့ မြန်မာပြည်သူ ၁ သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းကြောင်း WFP ထုတ်ပြန်

မတ်လ ၁၄ ရက်။ နိုင်ငံအတွင်း ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာ အကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေချိန်မှာရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာနိုင်ငံက လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းကြောင်းကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကြီး(WFP) ကဒီနေ့ မတ်လ ၁၄ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အခုလို အကူအညီ ရပ်ဆိုင်းတာက WFP ရဲ့ ထောက်ပံ့မှုကိုသာအားပြုနေရတဲ့ နိုင်ငံတဝှမ်းက ထိခိုက်လွယ် လူထုအတွက် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွား ရိုက်ခတ်နိုင်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်ဖို့ဒ်က ပြောပါတယ်။ အထောက်အပံ့ရပ်ဆိုင်းမှုဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မယ်လို့ WFP ကအသိပေးပါတယ်။ အခုနှစ် အတွင်း မြန်မာပြည်သူတွေအတွက်…

Read More

မီဇိုရမ်ပြည်နယ်က မြန်မာနိုင်ငံသားတွေအပါအဝင်၊ နိုင်ငံခြားသားတွေအနေနဲ့ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အထောက်အထားတွေကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း ထုတ်ပြန်

မတ်လ ၁၄ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ရောက်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင်၊ နိုင်ငံခြားသားတွေအနေနဲ့ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အထောက်အထားတွေကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း အိုင်ဇောလ်ခရိုင်တရားသူကြီးက မတ်လ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ Voter ID၊ Aadhar Card၊ Birth Certificate လို အထောက်အထားတွေကို အိန္ဒိယနိုင်ငံရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ အပါအဝင် တခြားနိုင်ငံခြားသားတွေ ပိုင်ဆိုင်ခွင့်မရှိတဲ့ကြောင်း အိုင်ဇောလ်ခရိုင်တရားသူကြီးက အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသိပေးချက်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေ အပါအဝင် နိုင်ငံခြားသားတွေဟာ Voter ID၊ Aadhar Card၊ Birth Certificate၊ Tribal Certificate၊ Residential Certificate လို စာရွက်စာတမ်းတွေကို ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ဖော်ပြထားပြီး ဒီစာရွက်စာတမ်းတွေကို ထုတ်ပေးတဲ့…

Read More