Headlines

admin

ကလေးမြို့မော်လိုက်အကျဉ်းထောင်မှာ ထောင်ပိုင်နှင့် အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေက အကျဉ်းသားတွေကို အသုံးချပြီး ငွေကြေးရှာဖွေနေမှုတွေအတွက် တာဝန်ခံမှု အမြန်ရှိစေဖို့ ဆောင်ရွက်နေတယ်လို့ PPNMအဖွဲ့ ထုတ်ပြန်

နိုဝင်ဘာလ ၁၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှာ ထောင်ပိုင် ဦးအောင်မိုးဝင်းနှင့် အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေကို အသုံးချပြီး ငွေကြေးရှာဖွေနေမှုတွေ လာဘ်စားနေမှုများ နှင့် ကိုယ်ကျိုးစီးပွားရှာဖွေနေတဲ့ လုပ်ရက်တွေအတွက် တာဝန်ခံမှု အမြန်ရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အဖွဲ့ က ထုတ်ပြန်ပါတယ်။ မော်လိုက်ကလေးအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျဉ်းသားများအပေါ် ဖိနှိပ်မှုများနှင့် လာဘ်စားမှုများအား စောင့်ကြည့်မှတ်တမ်းကောက်ယူလျှက်ရှိရာ ထောင်ပိုင်ဦးအောင်မိုးဝင်းသည် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများနှင့်ပတ်သက်၍ တာဝန်အရှိဆုံးသူဖြစ်သည့်အပြင် လာဘ်စားမှုများတွင်လည်း အဓိက ဦးဆောင်လျှက်ရှိနေသည်ကို စိစစ်တွေ့ရှိရတယ်လို့ PPNM က ဆိုပါတယ်။ အဓိကငွေရှာနေသည့် လမ်းကြောင်းအနေနဲ့ ပရိဘောဂပစ္စည်းထုတ်လုပ်ရေးကို အကျဉ်းသားများအား ဖိအားပေးခိုင်းစေ၍ အိမ်တွင်းသုံးနှင့် ဧည့်ခန်းသုံး ပစ္စည်းများကို ‌ရောင်းချပြီး တစ်လလျှင်…

Read More

ပလက်ဝချင်းစစ်ဘေးရှောင်တွေနေထိုင်တဲ့ မီဇိုရမ်ပြည်က ရွာ ၂ ရွာမှာ ဝမ်းရောဂါဖြစ်ပွါးကာ သေဆုံးသူ ၆ ဦး အထိ ရှိလာ

နိုဝင်ဘာလ ၁၂ ရက်။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်ကြတဲ့ ချင်းစစ်ဘေးရှောင်တွေ အနေများတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကာကီနဲ့ တွီဒန်းရွာမှာ နိုဝင်ဘာလဆန်းကနေ ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါဖြစ်ပွါးနေတာကြောင့် ၄ ဦးသေဆုံးခဲ့ကာ ဒီကနေ့နိုဝင်ဘာလ ၁၂ ရက် မနက်မနက်ပိုင်းမှာလည်း ၂ ဦး ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ ၆ ဦးအထိရှိလာပြီ လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ဒီကနေ့မနက်ပိုင်းမှာလည်း ကာကီမှာ ၂ ယောက်ထင်တယ် စစ်ဘေးရှောင်လား ဒေသခံလားဆိုတာတော့ သေချာမသိရသေးဘူး ဝမ်းပျက်ဝမ်းလျှောကြောင့် သေတယ်။ ကာကီနဲ့ တွီဒန်းက နယ်စပ်ဒေသက ကျေးရွာဖြစ်တော့ အဓိက ဆေးဝါး မရှိလို့ သေဆုံးကြတာဖြစ်တယ် မူးဝေ၊ အော့အန် ၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ကြတယ် နိုဝင်ဘာလဆန်းကနေ…

Read More

ကလေးမြို့တာဟန်းရပ်ကွက်က နေအိမ်တစ်အိမ်ကို ဓားပြတိုက်ခိုက်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ကို စစ်ကော်မရှင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၅) နှစ်ချမှတ်လိုက်တယ်လို့ သိရ

နို၀င်ဘာလ ၁၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊တာဟန်းရပ်ကွက်က နေအိမ်တစ်အိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က လက်နက်ဖြင့် ခြိမ်းခြောက်ကာ အနုကြမ်းစီးပြီး ကျပ်သိန်း ၃၀၀၀ ထုတ်ပေးဖို့ ဓားပြတိုက်ခဲ့တဲ့ စစ်ကော်မရှင်ခန့် အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီး အဖွဲ့(ပြည်သူ့စစ်)တွေကို ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဖွဲ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းက ကလေးမြို့ ၊ တာဟန်းရပ်ကွက်က နေအိမ်တစ်အိမ်ကို အောင်သစ္စာရပ်ကွက်က စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ပျူစောထီးတွေက တာဟန်းရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို ဓားပြတိုက်နေစဉ် အဲဒီညမှာဘဲ သူတို့ကို စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “ ပြည်သူနေအိမ်တစ်အိမ်ကို…

Read More

မလေးရှားမှာ ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားအလံနှင့်အတူ နိုင်ငံရေးဆိုင်ရာ (သို့) အဖွဲ့အစည်းဆိုင်ရာ အလံတွေနဲ့ ကျင်းပတာကြောင့် လာမယ့်နှစ်ကျင်းပမယ့် ချင်းအမျိုးသားနေ့မှာ မပါဝင်တော့ဘူးလို့ CEAM အသိပေးထုတ်ပြန်

နိုဝင်ဘာလ ၁၀ ရက်။ မလေးရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားအလံနဲ့အတူ နိုင်ငံရေးဆိုင်ရာ (သို့မဟုတ်) အဖွဲ့အစည်းဆိုင်ရာ အလံတွေကို လွှင့်ထူပြသတာတွေ ကျင်းပတာတွေကြောင့် လာမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မယ့်(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ မပါဝင်တော့ဘူးလို့ မလေးရှားချိုလူမျိုးစုအသင်း (CEAM) က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လတ်တလောနှစ်တွေမှာ မလေးရှားနိုင်ငံတွင် ကျင်းပတဲ့ ချင်းအမျိုးသားနေ့အခမ်းအနားတွေမှာ ချင်းအမျိုးသားအလံနှင့်အတူ နိုင်ငံရေးဆိုင်ရာ (သို့မဟုတ်) အဖွဲ့အစည်းဆိုင်ရာ အလံတွေကို တပြိုင်တည်းလွှင့်ထူပြသခြင်းကို ထပ်ခါတလဲလဲ ကျင့်သုံးလာတဲ့ အလေ့အထတစ်ခုဖြစ်လာသလို လာမယ့်နှစ် အခမ်းအနားတွင်လည်း ဒီအလေ့အထကို ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ထားတဲ့အတွက် အသိုင်းအဝိုင်းတွေပေါ် သက်ရောက်မှုရှိတဲ့ နိုင်ငံရေးဆိုင်ရာ ကွဲလွဲမှုတွေကို အလေးအနက် သုံးသပ်ကာ ယနှစ်…

Read More

ရန်ကုန်မှာ အထက်တန်းကျောင်းသား ချင်းလူငယ်တစ်ဦး ပျောက်ဆုံးနေပြီး မိသားစုက အကူအညီတောင်းခံ

နိုဝင်ဘာလ ၁၀ ရက်။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဥဿလင်းဝကျေးရွာဇာတိဖြစ်သူ ခူမီး(ချင်း)လူငယ်တစ်ဦးဖြစ်တဲ့ အသက် (၁၈) နှစ်အရွယ် အထက်တန်းကျောင်းသား မောင်ညီညီမောင် ဟာ နိုဝင်ဘာလ (၇) ရက်နေ့က ပျောက်ဆုံးခဲ့ပြီး ဒီကနေ့ချိန်ထိ အဆက်အသွယ်မရလို့ မိသားစုဝင်တွေက စိတ်ပူနေကြကာ၊တွေ့ရှိရင် ဆက်သွယ်ပေးဖို့ အကူအညီတောင်းခံထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ မိသားစုနဲ့ နီးစပ်သူတစ်ဦးက“ သူ့အမေက ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံမှာ အလုပ်လုပ်တယ် အခုပျောက်သွားတဲ့ သူ့သားကလည်း အထက်တန်းကျောင်းသား ၁၁ တန်း တက်နေတာ ဒီသီတင်းကျွတ် ကျောင်းပိတ်တဲ့ချိန်ကစလို့ ကျောင်းနားပြီး အလုပ်လုပ်ချင်တယ်ဆိုလို့ သူ့အမေအလုပ်လုပ်တဲ့ သာဓုကန်စက်မှုဇုံမှာ အလုပ်လျှောက်ဖို့ သွားခဲ့တယ် သူ့အမေက အပြင်ကနေ စောင့်ဖို့ပြောပြီး သူက အလုပ်ဆက်လုပ်တယ် အဲဒီနေ့လည်ပိုင်းလောက်ကနေစပြီး ပျောက်သွားတာ…

Read More

တီးတိန်မြို့ကနေ သိုင်းငင်းရွာဘက်ကို ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ CDF-CDM-Siyin တပ်ဖွဲ့တို့ လေထန်ကုန်းမှာ ထိတွေ့ တိုက်ပွဲ ဖြစ်

နိုဝင်ဘာလ ၈ ရက်။ နိုဝင်ဘာလ ၇ ရက်နေ့ နေလည် ၁ နာရီခန့်မှာ တီးတိန်မြို့နယ် အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ တခု ဖြစ်တဲ့ CDF-CDM-Siyin နှင့် တီးတိန်မြို့ ကနေ သိုင်းငင်းဘက်ကို ဦးတည် ချီတက် စစ်ကြောင်း ထိုးလာတဲ့ အင်အား ၃၀၀ ကျော် ရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တို့ လေထန်ကုန်းခေါ် ဖို့ဝှိုက်မှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ် လို့  စစ်ရေး သတင်း အရင်းအမြစ်တစ်ဦးဆီကနေ သိရှိရပါတယ်။ “အခု ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ရတာက တီးတိန်မြို့ ရှိ ၂၆၉ တပ်ရင်း ကနေ အောက်တိုဘာလ ၂၉ ရက်နေ့က သိုင်းငင်းရွက်ဘက်ကို ဦးတည်  ထွက်လာတဲ့ စကမ စစ်သားတွေ…

Read More

တီးတိန်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

နိုဝင်ဘာလ ၇ ရက်။ တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထားကြောင်း ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်အင်အားအလုံးအရင်း (၄၀၀) ခန့်က ဒေသခံပြည်သူတစ်ချို့ကို ဖမ်ဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး တီးတိန်မြို့ကနေ ကလေးလမ်းပိုင်း သိုင်းငင်းဖက်ကို ဦးတည် စစ်ကြောင်းထိုးခဲ့ကြောင်း၊နိုဝင်ဘာလ ၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ထိုးစစ်ဆင်လာပြီး တီးတိန် – ကလေးလမ်း ဆွောမ်းပီး…

Read More

စစ်ကော်မရှင်တပ်အင်အားရာချီ ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးလာနေတယ်လို့ သိရ

နိုဝင်ဘာလ ၇ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အင်အားရာချီတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေး – နတ်ချောင်း – နတ်မြောင်း – ချောင်းခွ – ဟားခါးလေး – ရေစို – ဝေဘူလမြို့တွေကို ကျော် ဖြတ်လာပြီး ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးနေသလို လမ်းတလျှောက်က ကျေးရွာတချို့က ဒေသခံတွေဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကြောင်းတွေက နတ်ချောင်းကနေ ဝေဘူလကို အကုန်တက်တာ အင်အားလည်းအရမ်းများတယ်လို့ သိရတယ် အခု ဝေဘူလဘက်ကနေ ဖလမ်းဘက်ကို ဆက်တက်နေတာရှိတယ်” လို့ပြောပါတယ်။ ကလေးမြို့နယ် တောင်ပိုင်း နည်းပညာတက္ကသိုလ်ကနေ ကလေး –…

Read More

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်သူတွေနဲ့ပတ်သက်ပြီး တားမြစ်ချက် (၈) ချက် ချင်းပြည် (Chinland) ကောင်စီထုတ်ပြန်

နိုဝင်ဘာလ ၆ ရက်။ ချင်းပြည်နယ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေနဲ့ ပတ်သက်ပြီး တားမြစ်ချက် ၈ ချက်ကို ချင်းပြည် (Chinland) ကောင်စီက ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တားမြစ်ချက်တွေထဲမှာ စစ်ကော်မရှင်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ချင်းလူမျိုးအမည်ခံ နိုင်ငံရေးပါတီ တည်ထောင်တာ ၊ ချင်းပြည် (Chinland)အတွင်း ပါတီရုံးဖွင့်တာတွေ မပြုလုပ်ဖို့နဲ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားရင်လည်း ချင်းပြည် (Chinland) ရဲ့ လုပ်ထုံးလုပ်နည်း ကြေညာတဲ့နေ့ကစလို့ နိုင်ငံရေးပါတီဖြစ်ခြင်းမှ အလိုအလျောက် ပျယ်ပြယ်တယ်လို့ မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။ စစ်ကော်မရှင်တပ်က ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ချင်းပြည်နယ်မှ ကိုယ်စာလှယ်လောင်းတွေအနေနဲ့ ချင်းပြည်သူလူထုအတွက်…

Read More

ဟားခါးမြို့နယ်က CDF -Hakha ရဲ့လုံခြုံရေးဂိတ်ကို စစ်ကော်မရှင်တပ်အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF -Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရ

နိုဝင်ဘာလ ၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ၉ မိုင်ခန့်အကွာ Loklung ကျေးရွာအနီးရှိ CDF -Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို မနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့က အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF –Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဟားခါးဒေသခံတစ်ဦးဆီကသိရပါတယ်။ အခြေနေသိရှိသူတစ်ဦးက “ စစ်ကော်မရှင်ဘက်က ထိခိုက်၊ သေဆုံးတာမျိုးတော့ မကြားမိဘူး ၊ CDF – Hakha ဘက်က တစ်ဦးကျတယ်လို့ သိရတယ် နှစ်ဖက်ပစ်ခတ်မှုတွေလည်း သိပ်မကြာလိုက်ဘူးလို့ သိရတယ်” လို့ပြောတယ်။ ဟားခါး – မတူပီလမ်းပိုင်းမှာတည်ရှိတဲ့ Loklung ကျေးရွာအနီးက CDF – Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို ဟားခါးမြို့…

Read More