Headlines

ချင်းအမျိုးသားတက္ကသိုလ်(CNU)အကြိုကောလိပ် ဒီနှစ်ကုန်မှာ စတင်ဖွင့်မယ်

အောက်တိုဘာလ ၂၃ ရက်။

ချင်းအမျိုးသားတက္ကသိုလ် (The Chin National University – CNU)၏ အကြိုကောလိပ်ဒီပလိုမာ သင်တန်းကို ဒီနှစ်ကုန် လာမည့်နှစ်သစ် ၂၀၂၅ ဇန်နဝါရီလ ဒုတိယအပတ်ကနေ စတင်ဖွင့်လှစ်တော့မယ်လို့ ချင်းပြည် (Chinland) အစိုးရ ပညာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတက္ကသိုလ်မှာ ဖွင့်လှစ်သင်ကြားမယ့် အကြိုကောလလိပ် ဒီပလိုမာသင်တန်းတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုဘာသာရပ်နဲ့ ကွန်ပျူတာကျွမ်းကျင်မှုဘာသာရပ်အတွက် စေတနာ့ဝန်ထမ်း၊ နည်းပြဆရာ၊ ဆရာမတွေ လိုအပ်လျက်ရှိတာကြောင့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေ လျှောက်ထားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကျောင်း တက္ကသိုလ်၊ကောလိပ်နဲ့ ပက်သက်ဆက်နွယ်မှုမရှိတဲ့ အင်္ဂလိပ်စာဖြင့် မဟာဘွဲ့ရ တက္ကသိုလ် CDM ဆရာ၊ဆရာမတွေကို ဖိတ် ကွန်ပျူတာဘာသာရပ်နှင့် မဟာဘွဲ့ရ တက္ကသိုလ် CDM ဆရာ၊ဆရာမများ နဲ့ ကွန်ပျူတာဘာသာရပ်ဖြင့် မဟာဘွဲ့ရသူတွေ နောက်လ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည်(Chinland) ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနဲ့ ချင်းပြည် (Chinland) အစိုးရ ပညာရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း အောက်တိုဘာလ ၈ ရက်နေ့က သဘောတူညီခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *